Mytel ကိုမြန်မာပြည်၏ နံပါတ် (၁) အမြန်ဆုံးတယ်လီကွန်းကွန်ရက်အဖြစ် Ookla အသိအမှတ်ပြု

Mytel သည် ကမ္ဘာ့ထိပ်တန်းကွန်ရက်အမြန်နှုန်းတိုင်းတာစစ်ဆေးသည့် Ookla-Speedtest အဖွဲ့အစည်းမှ ချီးမြှင့်သော မြန်မာပြည်၏ အမြန်ဆုံးတယ်လီကွန်းကွန်ရက်အဖြစ် အသိအမှတ်ပြုခံရကြောင်းသိရသည်။ အင်တာနက်စွမ်းဆောင်ရည်ကို တိကျစွာတိုင်းတာနိုင်သည့် Ookla ၏ Speedtest တိုင်းတာချက်များအရ Mytel သည် ၂၀၂၀ ခုနှစ် အတွက် နံပါတ် (၁) အမြန်ဆုံးအင်တာနက်ကွန်ရက်အဖြစ် ရပ်တည်လျက်ရှိသည်။
“Ookla-Speedtest အဖွဲ့အစည်းကတိုင်းတာတဲ့ Speedtest ဟာအင်တာနက်ကွန်ရက်တွေရဲ့ စွမ်းဆောင်ရည် ကိုနိုင်ငံတကာအဆင့်မီတိကျတဲ့ တိုင်းတာမှုစံနှုန်းများနဲ့ တိုင်းတာစစ်ဆေးထားခြင်းဖြစ်ပါတယ်။ ဒါကြောင့် Mytel အနေနဲ့ ဒီလိုနိုင်ငံတကာအသိအမှတ်ပြု Speedtest အဖွဲ့အစည်းဖြစ်တဲ့ Ookla-Speedtest က ချီးမြှင့်တဲ့ အမြန်ဆုံးအင်တာနက် ကွန်ရက်ဆုကိုထိုက်တန်စွာရခဲ့တဲ့အတွက် အလွန်ဝမ်းသာဂုဏ်ယူမိပါတယ်။ အားလုံးသိကြတဲ့အတိုင်းပဲ ၂၀၂၀ ရဲ့ ပထမနဲ့ဒုတိယ သုံးလပတ်ကာလတွေဟာဆိုရင် COVID 19 ကပ်ရောဂါကြောင့် အပြင်သွားတာတွေလျော့ချပြီးအိမ်မှာနေဖို့ သက်ဆိုင်ရာက ညွှန်ကြားထားတဲ့ကာလအတောအတွင်းမှာ online ကနေတစ်ဆင့် online-business meeting တွေ၊ online learning တွေ၊ E-commerce နဲ့ အခြား online လုပ်ငန်းလုပ်ဆောင်မှုတွေအပြင် ကိုဗစ်နဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေကိုအချိန်နှင့်တပြေးညီဖတ်ရှုဖလှယ်မှုများကြောင့် အင်တာနက် အသုံးပြုမှုဟာယခင်ကထက် အဆများစွာမြင့်တက်ခဲ့ပါတယ်။ ဒီလိုလူအများကတစ်ပြိုင်နက်တည်းအသုံးပြုနေတဲ့အချိန်မှာတောင် အမြန်ဆုံးအင်တာ နက်မြန်နှုန်းကိုထိန်းသိမ်းထားနိုင်ခြင်းဟာMytelရဲ့ ဆက်သွယ်ရေးအခြေခံအဆောက်အဦးတွေကို ခေတ်မီဆန်းသစ်တဲ့ နည်းပညာတွေနဲ့ တည်ဆောက်ထားပြီးသုံးစွဲသူတွေအတွက် အရည်အသွေးမြင့်မားတဲ့ အကောင်းဆုံးဝန်ဆောင်မှုတွေကို ပေးနိုင်လို့ဖြစ်ပါတယ်။” ဟု Mytel မြန်မာ၏ ပြင်ပဆက်ဆံရေးအရာရှိချုပ်ဖြစ်သူ ဒေါက်တာဒေါ်နီလာအေးက ပြောကြားသည်။

Photo Source https://www.facebook.com/mytelmyanmar

လက်ရှိတွင် မြန်မာနိုင်ငံအနှံ့ရှိသုံးစွဲသူပေါင်းများစွာကိုမြန်နှုန်းမြင့် 4.5 G ကွန်ရက်ဖြင့် ဝန်ဆောင်မှုပေးလျက်ရှိသော Mytel သည် ၂၀၂၀ ခုနှစ်အတွင်းပျှမ်းမျှ download speed 31.38 Mbps၊ upload speed 16.07 Mbps နှင့် အင်တာနက်အမြန်နှုန်းရမှတ် (speed test score) 36.58 ဖြင့် အမြန်ဆုံးတယ်လီကွန်းကွန်ရက်ဆုဖြင့် မြန်မာနိုင်ငံ၏ နံပါတ်(၁) နေရာကိုရရှိခဲ့ပြီး ဒုတိယနေရာတွင် ရပ်တည်လျက်ရှိသောတယ်လီကွန်းကွန်ရက်၏ အင်တာနက် အမြန်နှုန်းရမှတ်ထက် ၁၀ မှတ်နီးပါးကျော်လွန်ခဲ့ပါသည်။ Ookla-Speedtest အဖွဲ့အစည်းမှ ထုတ်ပြန်သောဤရလဒ်သည် မြန်မာနိုင်ငံနေရာအနှံ့အပြား၌ သန်းပေါင်းများစွာသောသုံးစွဲသူများ၏ စမ်းသပ်ချက်များမှ ရရှိသောအချက်အလက်များ ပေါ်တွင် အခြေခံထားခြင်းဖြစ်သည်။
အကောင်းဆုံးအော်ပရေတာ Mytel သည် မြန်မာနိုင်ငံ၏ အကျိုးစီးပွားကိုရှေးရှု၍ အရည်အသွေးကောင်းမွန်ပြီး ခေတ်မီဆန်းသစ်သောနည်းပညာများဖြင့် ဆက်သွယ်ရေးဝန်ဆောင်မှုများကိုပေးအပ်လျက်ရှိပါသည်။ ထို့အပြင် Mytelသည် သုံးစွဲသူတို့၏ လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်းတစ်ဖက်တစ်လမ်းမှ ပံ့ပိုးပေးနိုင်ရန် လိုအပ်သောဆန်း သစ်တီထွင်မှုများနှင့် ဝန်ဆောင်မှုများအားသင့်တင့်သောနှုန်းထားများဖြင့် ရေရှည်အသုံးပြုနိုင်ရေးကို အထူးအာရုံစိုက် လျက်ပြီးမြန်မာပြည်သူတို့အတွက် ကောင်းမွန်သောအနာဂတ်ကိုဖန်တီးပေးနိုင်ရန် အစဉ်အမြဲကြိုးပမ်းဆောင်ရွက်သွားမည် ဖြစ်ပါသည်။

Photo Source https://www.facebook.com/mytelmyanmar
Mytel ကုမ္ပဏီသည်နိုင်ငံတကာဆက်သွယ်ရေးဝန်ဆောင်မှုဈေးကွက်များတွင် ဆယ်စုနှစ်တစ်ခုကျော်တိုင် အတွေ့အကြုံရှိ သော Mytel မိတ်ဘက်အဖွဲ့ဝင်တစ်ခုဖြစ်သည့် Viettel ၏နည်းပညာများနှင့်ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။ Mytelသည် မြန်မာလူမျိုးနှင့်ကိုက်ညီသည့် သုံးစွဲသူအကြိုက် ဝန်ဆောင်မှုများကို ကြိုးပမ်းလုပ်ဆောင်ပေးရင်း နောက်ဆုံးပေါ် နည်းပညာ များနှင့် ဆက်သွယ်ရေးဈေးကွက်အား အရှိန်အဟုန်မြှင့်ကာ ပြည်သူပြည်သားများအတွက် အရည်အသွေးပြည့်မီပြီး ကောင်းမွန်သောဝန်ဆောင်မှုများကို အဓိကပေးအပ်လျက် ရှိပါသည်။ Mytel သည် မြန်မာနိုင်ငံတစ်ဝှမ်းလုံးတွင် ခေတ်အမီဆုံး ဆက်သွယ်ရေးအခြေခံအဆောက်အအုံများတည်ဆောက်၍ အကျယ်ပြန့်ဆုံး 4.5 G ကွန်ရက်ဖြန့်ကျက်မှုဖြင့် ပြည်သူပြည်သားတို့၏ လူနေမှုဘဝများကို စွမ်းအားမြင့်တင်ပေးရန်နှင့် ဒီဂျစ်တယ်စနစ်ကူးပြောင်းနိုင်ရန်ဆောင်ရွက် ပေးနေသော ဆက်သွယ်ရေး အော်ပရေတာ တစ်ခုဖြစ်လာစေရန် ရည်ရွယ်ဆောင်ရွက်လျက်ရှိသည်။ Mytelသည် မြန်မာနိုင်ငံတွင် 4.5 G ကွန်ရက်ကို ထောက်ပံ့ပေးသော ပထမဆုံး အော်ပရေတာဖြစ်ရုံသာမက မြန်မာလူထုကို 5G ကွန်ရက်၊ e-SIM နှင့် VoLTE စနစ်တို့ကို ပထမဆုံး မိတ်ဆက်ပေးခဲ့သည့် အော်ပရေတာလည်း ဖြစ်သည်။
ထို့ပြင် Mytelသည် မြန်မာနိုင်ငံရှိ ဆက်သွယ်ရေးအော်ပရေတာများအနက် ပရဟိတဖောင်ဒေးရှင်း ထူထောင်ထားသည့် ပထမဆုံးအော်ပရေတာလည်းဖြစ်သည်။ Mytelသည် ၂၀၂၀ ခုနှစ်တွင် ၎င်း၏ “Empower My Children” ဖောင်ဒေးရှင်းကို Mytel ၂ နှစ်မြောက်နှစ်ပတ်လည် အထိမ်းအမှတ်အဖြစ် တရားဝင်မိတ်ဆက်ခဲ့သည်။ Mytelသည် Covid 19 ကပ်ရောဂါကျရောက်နေချိန်အတွင်းတွင် မြန်မာလူထုနှင့် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနကို ကူညီပံ့ပိုးရန် ရည်ရွယ်ကာ Together We Fight Covid 19 ကမ်ပိန်းကို အကောင်အထည်ဖော်ခဲ့ပါသည်။
အသေးစိတ်အချက်အလက်များကို ပိုမိုသိရှိလိုပါက အောက်ပါ Link တွင်ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
https://www.facebook.com/mytelmyanmar