စမတ်ဖုန်းများကို ဆက်သွယ်ရေး Walkie Talkie များအဖြစ်ပြောင်းလဲ အသုံးပြုခြင်း

ယနေ့ခေတ်ရဲ့ နည်းပညာတွေမှာ ဆက်သွယ်ရေးစနစ်တွေ အများကြီးရှိတယ်ဆိုပေမယ့် တစ်ခါတစ်လေမှာတော့ နည်းလမ်းဟောင်းတွေက အကောင်းဆုံးပါပဲ။ Walkie Talkie တွေဆိုတာလည်း အခုအချိန်ထိ အသုံးများနေကြတုန်းပါပဲ။  အခုအချိန်မှာတော့ ဒီလိုအရာတွေကို စမတ်ဖုန်းအသုံးပြုပြီးတော့ အခက်အခဲမရှိပြောင်းလဲ အသုံးပြုလို့ရပါပြီ။

Walkie Talkie စနစ်ကိုအသုံးပြုဖို့အတွက် VoIP နည်းပညာကိုအသုံးပြုကြပါတယ်။ တစ်ကယ့် Walkie Talkie လိုမျိုးအသုံးပြုအသံလွှင့်ဖို့ တစ်ချို့မိုဘိုင်းတွေမှာတော့ လိုအပ်တဲ့နည်းပညာတွေ မပါဝင်ပါဘူး။

Photo source https://zello.com/

စမတ်ဖုန်းကို Walkie Talkie အဖြစ်ပြောင်းလဲအသုံးပြုဖို့အတွက်ဆိုရင်တော့ Zello PT Walkie Talkie Application ကတော့ ထပ်ဆုံးက နေရာယူထားပါတယ်။ လုပ်ဆောင်ချက်တွေအများကြီး ပါဝင်ပြီးတော့ တစ်ဦးချင်းအသုံးပြုဖို့လည်း အဆင်ပြေပါတယ်။ အချိန်နဲ့တပြေးညီ အသံတွေပေးပို့နိုင်ပြီဂတော့ စာပို့တာ အသံဖိုင်ပို့တာအပြင် Group Channel ထောင်ပြီးတော့ လူပေါင်း ၆၀၀၀ လောက်ပါဝင်အသုံးပြုလို့ရပါပြီ။ PTT ခလုတ်ကိုသုံးပြုပြီးတော့ မြေပုံကိုလည်းအသုံးပြုလို့ရပါတယ်။

အရေးပေါ်အခြေအနေတွေ၊ ဆောက်လုပ်ရေးလုပ်ငန်းခွင်တွေနဲ့ လျင်လျင်မြန်မြန်ဆက်သွယ်ဖို့ လိုအပ်တဲ့နေရာတွေမှာ အသုံးများပါတယ်။ ဆက်သွယ်ရမယ့်အကြောင်းအရာကို တိုတိုနဲ့ လိုရင်းပြောဖို့တော့ လိုအပ်ပါတယ်။ Premium Version ကိုလည်းဝယ်ယူအသုံးပြုနိုင်ပြီးတော့ လုပ်ငန်းအတွက်အသုံးမပြုဘူးဆိုရင်တော့ ဝယ်စရာမလိုဘဲ Free Version နဲ့လည်း အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

Walkie Talkie နဲ့ပက်သက်လို့ အသုံးပြုတော့မယ်ဆိုရင်တော့ Zello ကိုအသုံးများကြပါတယ်။ အသုံးပြုရလွယ်ကူပြီးတော့ Contact တွေအလွယ်တကူထည့်နိုင်ပါတယ်။ တစ်ယောက်ချင်းစီနဲ့ စကားပြောနိုင်သလို သူငယ်ချင်းတွေ၊ အလုပ်နဲ့ပက်သက်တာတွေနဲ့ Group ဖွဲ့ပြီးတော့လည်း စကားပြောနိုင်ပါသေးတယ်။ 

Photo source https://zello.com/

Application ကိုဖွင့်လိုက်တာနဲ့ အသံဖိုင်တွေကို ဖွင့်သွားပေးမှာ ဖြစ်ပြီးတော့ Chat ထဲကနေလည်း ပို့ထားတဲ့ စာတွေ အသံဖိုင်တွေကို ပြန်ဖွင့်ကြည့်နိုင်ဦးမှာ ဖြစ်တဲ့အတွက် ကိုယ့်အတွက်အဆင်ပြေတဲ့အချိန်မှ ဝင်ကြည့်ရုံပါပဲ။

အသုံးပြုသူတွေအနေနဲ့ Zello ကိုအသုံးပြုပြီးတော့ စာတွေ ပုံတွေနဲ့ Alert လုပ်တာတွေအပြင် ကိုယ်ရဲ့တည်နေရာကိုပါ ပေးပို့သွားနိုင်မှာ ဖြစ်ပါတယ္။ နောက်ထပ်အသုံးဝင်တဲ့ လုပ်ဆောင်ချက်ကတော့ အသုံးပြုသူတွေရဲ့ တစ်ယောက်ချင်းစီအတွက် အသံအနိမ့်မြင့်လုပ်ပေးနိုင်မှာပါ။ ဒီလိုလုပ်ပေးနိုင်တဲ့အတွက်  Group Channel ထဲမှာလူတွေ အများကြီးရှိနေပေမယ့် ဆူညံနေတာမျိုး ဖြစ်လာမှာ မဟုတ်တော့ပါဘူး။