တစ်ဦးနှင့်တစ်ဦး အင်တာနက်မလိုပဲ ဆက်သွယ်နိုင်သည့် Offline Mobile Application များ

အင်တာနက်နဲ့ Wifi မရရှိတဲ့နေရာတွေမှာ တစ်ဦးနဲ့တစ်ဦး၊ အဖွဲ့အစည်းတစ်ခုနဲ့တစ်ခု အပြန်အလှန်ဆက်သွယ်ပြောဆိုနိုင်ဖို့ အတွက် အသုံးဝင်တဲ့ Mobile Appliaction သုံးခုကို ဖော်ပြပေးလိုပါတယ်။

Photo Source https://play.google.com/store/apps/details?id=me.bridgefy.main

Bridgefy App
Bridgefy ကတော့ အင်တာနက်မရှိတဲ့အခါမှာ Bluetooth ကိုဖွင့်ခြင်းအားဖြင့် သူငယ်ချင်းများ၊ မိသားစုများနဲ့ ဆက်သွယ်နိုင်သည့် Offline စာတိုပေးပို့ရေး Application တစ်ခုဖြစ်ပါတယ်။ ဂီတပွဲတော်များ၊ အားကစားကွင်းများ၊ ကျေးလက်နေပြည်သူများ၊ သဘာဝဘေးအန္တရာယ်များနဲ့ ခရီးသွားတဲ့အခါတွေမှာ အသုံးပြုလို့ အကောာင်းဆုံးပဲဖြစ်ပါတယ်။
အင်တာနက်ချိတ်ဆက်မှုမရနိုင်တဲ့ ခက်ခဲတဲ့အချိန်တွေမှာ ပေ ၃၃၀ (မီတာ ၁၀၀) အတွင်း အခြား Bridgefy အသုံးပြုသူများ နဲ့ စကားပြောနိုင်ရန် Bridgefy အက်ပလီကေးရှင်း Broadcast tab ကိုအသုံးပြုနိုင်ပါတယ်။ အက်ပလီကေးရှင်းကိုဒေါင်းလုတ်လုပ်ပြီး ဦးစွာအင်တာနက်ချိတ်ဆက်ပြီး ပရိုဖိုင်းတစ်ခုကိုဖန်တီးရမှာဖြစ်ပါတယ်။ app ကိုပထမဆုံးအကြိမ် အသုံးပြုခြင်းအတွက်တော့ အင်တာနက်ကို အသုံးပြုရမှာဖြစ်ပါတယ်။ Bridgefy App မှာမှတ်ပုံတင်ပြီး တာနဲ့ ဖုန်းပေါ်မှာရှိတဲ့ အင်တာနက်နဲ့ Wifi ကို ပိတ်ထားနိုင်ပြီး Bluetooth ကိုဖွင့်ရုံနဲ့တင်စတင်အသုံးပြုနိုင်မှာပဲဖြစ်ပါတယ်။
အသုံးပြုရဲ့ အဆက်အသွယ်များကို Bridgefy သို့ထည့်ရန်မလိုအပ်ပဲ အခုအပလီကေးရှင်းက ပတ်ဝန်းကျင်မှာရှိတဲ့အခြား Bridgefy အသုံးပြုသူများကိုအလိုအလျောက် detect လုပ်ပြီး Broadcast section ကို အသုံးပြုပြီး အုပ်စုလိုက်စကားပြောခွင့်ရရှိမှာလည်းဖြစ်ပါတယ်။ အောက်ပါ link မှာ Install ပြုလုပ်နိုင်ပါတယ်။
https://play.google.com/store/apps/details?id=me.bridgefy.main

Photo Source https://apps.apple.om/jp/app/berkanan-messenger/id1289061820?l=en

Berkanan Messenger
နောက်တစ်ခုကတော့ iphone မှာ Bridgefy သုံးမရသူများအတွက် အဆင်ပြေတဲ့ Application တစ်ခုဖြစ်ပါတယ်။ တစ်ဦးနဲ့ တစ်ဦးစာပို့ပြီးဆက်သွယ်နိုင်သလို ဖုန်းပြောလို့လဲရပါတယ်။ အကယ်လို့ အင်တာနက်လိုင်းများအပိတ်ခံရရင် iphone အသုံး ပြုနေတဲ့သူတွေအတွက် တစ်ဦးနဲ့တစ်ဦးဆက်သွယ်ရမှာအဆင်ပြေစေမှာဖြစ်ပါတယ်။
ဒီ App အားသာချက်ကတော့ အင်တာနက်၊ Wifi မလိုအပ်ပဲ Blutetooth တစ်ခုနဲ့တင် အသုံးပြုလို့အဆင်ပြေစေပါတယ်။ ဖုန်းတစ်လုံးနဲ့တစ်လုံး မီတာ ၇၀ (ပေ ၂၃၀) အကွာအဝေးအထိဆက်သွယ်လို့ရနိုင်ပါတယ်။ မီတာ ၁၀၀ တိုင် ကြားမှာ ဖုန်းတစ်လုံးမှတစ်လုံးဆက်သွယ်သွားခြင်းဖြင့်လည်း အင်မတန်ဝေးကွာလှတဲ့နေရာတွေအထိလည်း ကွန်ရက်သဖွယ် အချင်း ချင်းချိတ်ဆက်အသုံးပြုနိုင်မှာလည်းဖြစ်ပါတယ်။
တစ်ဦးနဲ့တစ်ဦး အပြန်အလှန် message တွေပေးပို့နိုင်သလို Broadcast ဆိုတဲ့ဖန်ရှင်နဲ့ ကိုယ်ပို့လိုက်တဲ့ message တွေကို အနီးအနားရှိသူတွေအားလုံးကို ဖမ်းယူသိရှိနိုင်အောင် ဖြန့်ဝေလို့လည်းရပါတယ်။ App ကိုစတင်အသုံးပြုတဲ့အချိန်မှာ အင်တာနက်ကို ခဏတာအသုံးပြုဖို့တော့ လိုပါတယ်။ iphone အသုံးပြုသူများ အောက်ပါ Link မှာဝင်ရောက်ရယူနိုင်ပါ တယ်။
https://apps.apple.om/jp/app/berkanan-messenger/id1289061820?l=en

Photo Source https://play.google.com/store/apps/details?id=com.glodanif.bluetoothchat

Blutooth Chat
Bluetooth Chat App ကတော့ Bluetooth နည်းပညာကို သုံးပြီး မက်ဆေ့ခ်ျတိုများနဲ့ပုံရိပ်များကိုပေးပို့ရန်ကူညီပေးမှာ ဖြစ်ပါတယ်။ အခု App ကလည်း Bluetooth အင်တာနက်မရရှိတဲ့နေရာတွေမှာ မိသားစု၊ သူငယ်ချင်းများ နဲ့စကားပြော နိုင်မှာလည်းဖြစ်ပါတယ်။ Wi-Fi မရှိတဲ့နေရာတွေ တောင်ပေါ်ဒေသတွေနဲ့ ခရီးသွားလာခြင်းဆိုင်ရာတွေမှာ အပြန်အလှန်စကားပြောဖို့အတွက် အထောက်အကူဖြစ်စေမှာဖြစ်ပါတယ်။ အောက်ပါ link မှာ ဝင်ရောက်လေ့လာ Install ပြု လုပ်နိုင်ပါတယ်။
https://play.google.com/store/apps/details?id=com.glodanif.bluetoothchat