ပြည်တွင်းဝန်ဆောင်မှုများကို တစ်နေရာတည်းတွင်ရနိုင်သော KoolPros Application

ဝန်ဆောင်မှုလုပ်ငန်းတွေကို တစ်နေရာတည်းမှာ လွယ်လွယ်ကူကူနဲ့ ရှာဖွေဖို့ လိုအပ်နေပြီဆိုရင်တော့ KoolPros Application ရှိနေပြီ ဖြစ်ပါတယ်။ KoolPros ဆိုတာကတော့ လုပ်ငန်းနယ်ပယ်အသီးသီးက ကျွမ်းကျင်သူတွေအတွက် အလုပ်ရှင်တွေနဲ့ ချိတ်ဆက်ပေးနိုင်တဲ့ Application တစ်ခု ဖြစ်ပါတယ်။ အချိန်ပိုင်းအလုပ်အကိုင်တွေအတွက် ရည်ရွယ်ပြီးတော့ ဒီApp ကိုရေးဆွဲထားတာလည်း ဖြစ်ပါတယ်။ 

Photo source https://www.facebook.com/KoolProsMM

KoolPros ကိုအသုံးပြုတဲ့အတွက် အားသာချက် (၃) ချက်ရရှိနိုင်မှာ ဖြစ်ပါတယ်။

(၁) လုပ်ငန်းသုံး အိမ်သုံး လိုအပ်ချက်တွေကို ကိုယ့်အနီးအနားကနေ အချိန်ပိုင်းအလုပ်အတွက် လွယ်လွယ်ကူကူ ရှာဖွေပေးနိုင်မှာ ဖြစ်ပါတယ်။

(၂) အလုပ်လုပ်နေတဲ့သူပဲဖြစ်ဖြစ် အလုပ်မလုပ်တဲ့သူပဲ ဖြစ်ဖြစ် စိတ်ဖိစီးမှုတွေများနေတဲ့အခါ စိတ်ပြေပျောက်နိုင်ဖို့အတွက် လေ့ကျင့်ခန်း တွေလည်း လုပ်လို့ရမှာ ဖြစ်ပါတယ်။ ဒီလိုလေ့ကျင့်ခန်းတွေကို နေ့စဉ်လုပ်ခြင်းအားဖြင့်တော့ စိတ်ကြည်လင်ပြီး စိတ်အား တက်ကြွမှုတွေ ဖြစ်စေနိုင်မှာပါ။

(၃) Application အသုံးပြုပြီး လုပ်ငန်းနယ်ပယ်တစ်ခုရှာဖွေရတဲ့အတွက် ကိုယ့်ရဲ့ လုပ်ရည်ကိုင်ရည်၊ လုပ်ငန်းဆောင်ရွက်ပုံတွေ တင်မကပါဘူး ကိုယ့်ရဲ့ပေါင်းသင်းဆက်ဆံရေးတွေအပြင် ကိုယ်အလုပ်လုပ်နေတဲ့ ကိုယ်ကျွမ်းကျင်တဲ့ လုပ်ငန်းနယ်ပယ်နဲ့ ပက်သက် ပြီးတော့လည်း Network ပိုပြီး ကျယ်ပြန့်လာစေမှာ ဖြစ်ပါတယ်။

KoolPros Application ကတော့ အသုံးပြုရလွယ်ကူတဲ့ Application တစ်ခုလည်း ဖြစ်ပါတယ်။ အသုံးပြုမယ်ဆိုရင်တော့ Sign Up ဆိုတဲ့နေရာကနေ အကောင့်အသစ်ဖွင့်ရမှာဖြစ်ပါတယ်။ Facebook နဲ့ Google Account တို့ကနေ Sign Up လုပ်နိုင်ပြီးတော့ ကိုယ်ပိုင်ဖုန်းနံပါတ်နဲ့လည်း အကောင့်ဖွင့်နိုင်မှာ ဖြစ်ပါတယ်။ Application ရေးဆွဲထားပုံက ရိုးရှင်းပြီးတော့ အသုံးပြုရလည်း လွယ်ကူပါတယ်။

Application ထဲဝင်လိုက်တာနဲ့ Relaxation, Services, Tips နဲ့ Profile ဆိုပြီးရွေးချယ်စရာ (၄) မျိုးပေးထားပါတယ်။ Relaxation ထဲမှာတော့ စိတ်ဖိစီးမှုတွေ စိတ်ပင်ပန်းမှုတွေကို ဖြေဖျောက်ပေးနိုင်မယ့် ကိုယ်ခန္ဓာအားသတိမူကြည့်ခြင်း၊ စိတ်အာရုံ စူးစိုက်အသက်ရှူပုံ၊ အသက်ရှူလေ့ကျင့်ခန်း အစရှိတဲ့ လေ့ကျင့်ခန်းတွေ အများကြီးပါဝင်မှာ ဖြစ်ပါတယ်။ အလုပ်မရှုပ်စေဘဲနဲ့ အလုပ်လုပ်ရင်းနားထောင်လို့ရတဲ့ Audio File တွေဖြစ်ပါတယ်။ 

Photo source https://www.facebook.com/KoolProsMM

Services ပိုင်းမှာကတော့ သန့်ရှင်းရေးဝန်ဆောင်မှု၊ အဲယားကွန်းတပ်ဆင်မှုတွေအပြင် တခြားဝန်ဆောင်မှု များစွာကိုလည်း ရှာလို့ရမှာဖြစ်ပါတယ်။ အကြံပေးချက်များမှာတော့ ကျန်းမာရေး၊ စီးပွားရေး၊ အောင်မြင်ရေးနဲ့ တစ်ခြားအကြံပေးချက် အထွေထွေကို ရှာတွေ့နိုင်မှာဖြစ်ပြီးတော့ Filter နဲ့လည်း သီးသန့်ရွေးချယ်နိုင်ဦးမှာ ဖြစ်ပါတယ်။ ကိုယ်သဘောကျ နှစ်သက်တဲ့ အကြံပေးချက်တွေကိုလည်း Favorite List ထဲထည့်ထားနိုင်ဦးမှာ ဖြစ်ပါတယ်။

Profile နေရာမှာတော့ မိမိအကောင့်ရဲ့ ဓာတ်ပုံ နာမည်တွေကို ရွေးချယ်သတ်မှတ်နိုင်မှာဖြစ်ပါတယ်။ ကိုယ်သဘောကျတဲ့ အကြံပေးချက်တွေကို ပြန်ကြည့်ဖို့ Favorite List နဲ့ ကိုယ့်ဘက်ကဝန်ဆောင်မှုပေးတဲ့ ဝန်ဆောင်မှုတွေကို ပြုလုပ်တာနဲ့ ကိုယ်တင်ထားတဲ့ ဝန်ဆောင်မှုတွေကို My Posted Services မှာ ဝင်ကြည့်နိုင်မှာ ဖြစ်ပါတယ်။ ဝန်ဆောင်မှုတစ်ခု ပြုလုပ်တော့မယ်ဆိုရင်တော့ ကိုယ့်ဝန်ဆောင်မှုရဲ့ ဓာတ်ပုံ၊ ဝန်ဆောင်မှုပေးမယ့် မြို့နယ်၊ လုပ်ငန်းအမျိုးအစား၊ လုပ်ငန်းအမည်၊ ကိုယ့်ရဲ့အမည်၊ အီးမေးလ်၊ ဖုန်းနံပါတ်နဲ့ အကြောင်းအရာ စတဲ့အချက်တွေကို ဖြည့်သွင်းပြီးတော့ ဖန်တီးနိုင်မှာ ဖြစ်ပါတယ်။

KoolPros Application ကို Google Play Store – https://cutt.ly/RfZjs1K, Apple Store – https://apple.co/2RTTagJ တို့မှာ Download ရယူနိုင်ပြီးတော့ Huawei App Gallery – https://appgallery.huawei.com/#/app/C103604177 မှာလည်း Download ရယူနိုင်မှာ ဖြစ်ပါတယ်။ အသေးစိတ်အချက်အလက်များအတွက်လည်း KoolPros ရဲ့ Official Facebook Page https://www.facebook.com/KoolProsMM မှာ ဝင်ရောက် ကြည့်ရှုနိုင်ပါတယ်။