ဖုန်းလုံခြုံရေးအားကောင်းမှုကို အခြေခံပြီးထုတ်လုပ်ထားသော Samsung Galaxy A12

နောက်ဆုံးပေါ် Galaxy A စီးရီးအဖွဲ့ဝင် Galaxy A12 စမတ်ဖုန်းတွင် ဖုန်းလုံခြုံရေးအားကောင်းမှုကို အခြေခံပြီး ထုတ်လုပ်ထားပြှီး ကြီးမားကျယ်ပြန့်သော မျက်နှာပြင်များ၊ အချိန်နှင့် စက္ကန့်အမျှ အခိုက်အတန့်များကို မလွတ် တမ်း ဖမ်းယူရိုက်ကူးနိုင်မည့် စွမ်းရည်မြင့်ကင်မရာများအပြင် တစ်နေ့တာလုံး အသုံးပြုနိုင်မည့် တာရှည်ခံဘက်ထရီများအား ထည့်သွင်းပေးထားသည်။
သုံးစွဲသူများအနေနှင့် ဂိမ်းကစားရာတွင်ဖြစ်စေ၊ အကြိုက်နှစ်သက်ဆုံး တီဗီအစီအစဉ်များအား ကြည့်ရှုရာတွင်ဖြစ်စေ၊ Galaxy A12 စမတ်ဖုန်းတွင် ကြီးမားကျယ်ပြန့်သော 6.5” HD+ Infinity-V မျက်နှာပြင်မှတဆင့် ကြည်လင်ပြတ်သားသော ပုံရိပ်များအား စိတ်ကျေနပ်မှုအပြည့်ဖြင့် ကြည့်ရှုခံစားနိုင်မည် ဖြစ်သည်။ ထို့အပြင် Galaxy A12 စမတ်ဖုန်းတွင် စွမ်းဆောင်ရည်မြင့် Dolby Atmos® အသံစနစ်အား ထည့်သွင်းပေးထားသည့် အတွက် ဂိမ်းကစားရာတွင် ဖြစ်စေ၊ ဗီဒီယိုများ ကြည့်ရှုရာတွင် ဖြစ်စေ အကောင်းမွန်ဆုံးသော အသံထွက် အရည်အသွေးကို ခံစားရရှိနိုင်မည်ဖြစ်သည်။

Photo Source https://www.facebook.com/SamsungMyanmar

ထို့အပြင် Galaxy A12 တွင် ကြာရှည်ခံမှု အပြည့်အဝ ရှိစေမည့် 5,000 mAh ဘက်ထရီအား ထည့်သွင်းပေးထား သည့်အတွက် အကြိုက်နှစ်သက်ဆုံးသော ဖျော်ဖြေရေး အစီအစဉ်များအား တစ်စုံတစ်ရာ စိတ်ပူပန်စရာ မလိုပဲ ကြည့်ရှုခံ စားသွားနိုင်မည် ဖြစ်သည်။ ထိုအပြင် Galaxy A12 သည် ယခင်ထက်ပိုမို ကြည်လင်ပြတ်သားမှုရှိသော အရည်အသွေးမြင့် ပုံရိပ်များအား အလွယ်တကူ ရိုက်ကူးသွားနိုင်မည့် ကင်မရာ လုပ်ဆောင်ချက်များစွာကိုလည်း ထည့်သွင်းပေးထားသည်။
Galaxy A12 စမတ်ဖုန်း၏ကျောဘက်တွင် အဆင့်မြင့် လုပ်ဆောင်ချက်များ ပါဝင်သည့် Main camera၊ Ultra Wide camera၊ Depth camera နှင့် Macro camera ကင်မရာလေးလုံးအား ထည့်သွင်း‌ပေးထားသည်။ စမတ်ဖုန်း၏ 48-megapixel အဓိကကင်မရာသည် နေ့ညအချိန်အခါမရွေး အရောင်အသွေး ညီမျှသော အဆင့်မြင့်ပုံရိပ်များကို ဖမ်းယူနိုင်ရန် အဓိကလုပ်ဆောင်ပေးကာ မျက်ဝန်းအဆုံး မြင်တွေ့နေရသည့် အဝေးမှ အရာဝတ္ထုပုံရိပ်များကို ခလုတ်တစ်ချက်နှိပ်ရုံနှင့် အပြည့်အဝ ရိုက်ကူးနိုင်စေရန်အတွက် စမတ်ဖုန်း၏ 5-megapixel Ultra Wide ကင်မရာမှ စွမ်းဆောင်ပေးထားသည်။
Galaxy A12 တွင်ပါဝင်သော 2-megapixel Macro ကင်မရာသည် သင်၏ အစားအသောက်ဓါတ်ပုံများအား စားချင်စဖွယ် အရောင်စုံလင်စွာနှင့် ကြည်လင်ပြတ်သားစွာ ဖမ်းယူနိုင်ရန် လုပ်ဆောင်ပေးနိုင်ပြီး တွဲဖက်ပါဝင်လာသော 2-megapixel Depth ကင်မရာသည်လည်း အရေးကြီးသည့် မြင်ကွင်းများကို မလွတ်တမ်း ဖမ်းယူပေးနိုင်မည် ဖြစ်သည်။ ထို့အပြင် 8-megapixel Selfie ကင်မရာအား အသုံးပြု၍လည်း ဓာတ်ပုံမှတ်တမ်းများအား ယုံကြည်မှုအပြည့်ဖြင့် ရိုက်ကူးသိမ်း ဆည်းထား နိုင်မည် ဖြစ်သည်။
Galaxy A12 စမတ်ဖုန်းတွင် ၎င်း၏ ကိုယ်ပိုင် အဆင့်မြင့် လုံခြုံရေးစနစ် Samsung Knox အား ထည့်သွင်းပေးထားသည့် အတွက် သုံးစွဲသူများအနေနှင့် အက်ပလီကေးရှင်းများ၊ အချက်အလက်မျှဝေမှုများ အစရှိသည့် လုပ်ငန်းစဉ်များ အား စိတ်ကြိုက်ထိန်းချုပ် လုပ်ဆောင်သွားနိုင်မည် ဖြစ်သည်။

Photo Source https://www.facebook.com/SamsungMyanmar

ကမ္ဘာတစ်ဝန်းရှိ Samsung သုံးစွဲသူပေါင်း ၁ သန်းကျော်၏ ကိုယ်ပိုင်အချက်အလက်များအား အပြည့်အဝ ကာကွယ် ပေးထားသည့် Samsung Knox လုံခြုံရေးစနစ်သည် Galaxy A12 သုံးစွဲသူများအား ဆိုက်ဘာတိုက်ခိုက်မှုများ၊ ဒေတာချိုးဖောက်ရယူမှုများနှင့် အခြားသော လုံခြုံရေးပိုင်း ဆိုင်ရာ ခြိမ်းခြောက်မှုများမှ ၂၄ / ၇ အပြည့်အဝ ကာကွယ် ပေးသွားမည်ဖြစ်သည်။
Galaxy A12 တွင် ပြေပြစ်သေသပ်သည့် haze နှင့် matte ဒီဇိုင်းဖြင့် ထုတ်လုပ်ထားသည့်အတွက် သုံးစွဲသူများ အနေနှင့် ကိုင်တွယ်အသုံးပြုရာတွင် စတိုင်ကျနလှပမှု အပြည့်အဝရှိစေမည် ဖြစ်သည်။ ထို့အပြင် ချေမွေ့တောက်ပသော ဘေးဘောင်များအား ထည့်သွင်းပေးထားသည်။
Galaxy A12 စမတ်ဖုန်းအား မြန်မာနိုင်ငံဈေးကွက်တွင် ဇန်နဝါရီလ ၈ ရက်နေ့မှ စတင်၍ 4/128 GB အမျိုးအစားအား မြန်မာငွေကျပ် ၂၄၉,၀၀၀ ကျပ်နှင့် 6/128 GB အမျိုးအစားအား မြန်မာငွေကျပ် ၂၇၉,၀၀၀ ကျပ်များဖြင့် အသီးသီး ရောင်းချပေး လျက်ရှိပြီး အရောင်အားဖြင့် အပြာရောင်၊ အဖြူရောင် နှင့် အနက်ရောင် အရောင် ၃ မျိုးအနက် ရွေးချယ် ဝယ်ယူနိုင်မည် ဖြစ်သည်။
Samsung Galaxy A Series စမတ်ဖုန်း အသစ်များအား မြန်မာနိုင်ငံဈေးကွက်တွင် စတင်မိတ်ဆက်သည့် အထိမ်းအမှတ် အနေနှင့် Samsung Myanmar သည် ဆက်သွယ်ရေးအော်ပရေတာတစ်ခုဖြစ်သည့် Mytel နှင့် ပူးပေါင်း၍ ဝယ်ယူအားပေးသူများအတွက် ထပ်ဆောင်းအင်တာနက်အစီအစဉ်များနှင့် ဖုန်းခေါ်ဆိုခွင့်မိနစ်များကိုလည်း ပေးအပ်သွား မည် ဖြစ်သည်။
Galaxy A12 စမတ်ဖုန်းများအား ဝယ်ယူအားပေးသူများ အနေနှင့် 6 GB Mytel အင်တာနက် အစီအစဉ်နှင့် Mytel နံပါတ်အချင်းချင်း မိနစ် ၆၀၀ အခမဲ့ ဖုန်းခေါ်ဆိုနိုင်မည့် အစီအစဉ်များ (တစ်ကြိမ်သာ ခံစားခွင့်ရှိမည် ဖြစ်ပြီး ရက် ၆၀ အတွင်း အသုံးပြုသွားနိုင်မည်) အား ရရှိခံစားသွားနိုင်မည် ဖြစ်ကာ ၂၀၂၁ ခုနှစ်၊ ဇွန်လ ၃၀ ရက်နေ့ နောက်ဆုံးထား၍ အသုံးပြုသွားနိုင်မည်ဖြစ်သည်။