ဒေါ်လာ ၇၀ ဘီလီယံနီးပါးနဲ့ Activision Blizzard ကိုဝယ်ယူလိုက်တဲ့ Microsoft

Activision ဆိုတာကတော့ Consoles, Mobile နဲ့ PC ဂိမ်းတွေကို ထုတ်လုပ်ဖြန့်ချီတဲ့ ကုမ္ပဏီတစ်ခု ဖြစ်ပါတယ်။ နာမည်ကြီးတဲ့ Call of Duty ဂိမ်းကိုထုတ်လုပ်လိုက်တဲ့ ကုမ္ပဏီဆိုလည်း မမှားပါဘူး။ Microsoft Corp ကုမ္ပဏီအနေနဲ့ Game Development နဲ့ Interactive Entertainment Content Publisher ဖြစ်တဲ့ Activision Blizzard Inc. ကိုဝယ်ယူလိုက်ပြီ ဖြစ်ပါတယ်။ ဒီလိုဝယ်ယူလိုက်မှုက Microsoft ရဲ့ Mobile, PC, Console နဲ့ Cloud တွေကဂိမ်းနဲ့ပက်သက်တာတွေကို ကစားသမားတွေအတွက် ထောက်ပံ့ပေးနိုင်တော့မှာ ဖြစ်ပါတယ်။ 

Photo Source https://news.microsoft.com/2022/01/18/

Microsoft အနေနဲ့ Activision Blizzard ရဲ့အသားတင်ငွေကြေးတန်ဖိုးအပါအဝင် အမေရိကန်ဒေါ်လာ ၆၈.၇ ဘီလီယံနဲ့ ဝယ်ယူလိုက်တာဖြစ်ပါတယ်။ Microsoft အနေနဲ့လည်း Tencent နဲ့ Sony ကုမ္ပဏီတွေရဲ့နောက်မှာ ကမ္ဘာ့တတိယမြောက်ဝင်ငွေများတဲ့ ဂိမ်းကုမ္ပဏီတစ်ခုဖြစ်လာမှာပါ။ Activision, Blizzard, နဲ့ King Studios တွေရဲ့ လုပ်ပိုင်ခွင့်တွေဖြစ်တဲ့ Warcraft, Diablo, Overwatch, Call of Duty, နဲ့ Candy Crush တွေဟာလည်း Microsoft လက်အောက်ရောက်သွားမှာပါ။ ကုမ္ပဏီအနေနဲ့လည်း ကမ္ဘာတစ်ဝှမ်း Studio တွေထားရှိထားပြီး ဝန်ထမ်းပေါင်း ၁၀,၀၀၀ နီးပါးခန့်အပ်ထားပါသေးတယ်။

ဂိမ်းနဲ့ပက်သက်လာရင် Mobile လောကက တဖြည်းဖြည်း ကြီးမားလာပါပြီ။ ကမ္ဘာတစ်ဝှမ်း ၉၅ ရာခိုင်နှုန်းသော ဂိမ်းကစားတဲ့သူတွေက ဖုန်းကိုအသုံးပြုပြီး ကစားနေကြတာဖြစ်ပါတယ်။ အနည်းပညာကောင်းတွေကို အသုံးပြုပြီးတော့ Microsoft နဲ့ Activision Blizzard တို့အနေနဲ့ ကစားသူတွေအတွက် ပိုကောင်းတဲ့ Gaming Experiences တွေကို ပေးနိုင်တော့မှာ ဖြစ်ပါတယ်။

အသေးစိတ်အချက်အလက်တွေကိုတော့ Microsoft ကထုတ်ပြန်ထားတဲ့ Blog Post မှာ ဝင်ရောက်ဖတ်ရှု နိုင်ပါတယ်။