မြန်မာအမျိုးသမီးများနှင့် Digital Startups

Photo Source- Myanmar Tech Press

အခုခေတ်မှာဆိုရင် ကမ္ဘာအရပ်အရပ်မှာ အမျိုးသမီးများဟာ တန်းတူအခွင့်အရေးများရရှိအောင်တောင်းဆိုလာပြီး စွမ်းရည်များတိုးတက်ကောင်းမွန်စွာအသုံးချနိုင်လာနိုင်ကြပါတယ်။ ကဏ္ဍမျိုးစုံဖွံ့ဖြိုတိုးတက်အောင်လုပ်ဆောင်တဲ့နေရာမှာ အမျိုးသမီးများ တစ်နိုင်တစ်ပိုင်တာဝန်ထမ်းဆောင်ကာ တစ်တပ်တစ်အားပါဝင်လာတာကို တစ်နေ့တစ်ခြား တိုးတက်မြင်တွေ့လာရမှာပါ။ စီးပွားရေး။ လူမှုရေး၊ အစရှိသည့်ကဏ္ဍအရပ်ရပ်မှာ အမျိုးသမီးတို့ရဲ့ စွမ်းဆောင်ရည်နဲ့ ခွန်အားတွေ အလုံအရင်းဝင်ရောက်လာပြီး ထိပ်သီးနေရာကနေ ဦးဆောင်သူများအဖြစ်လဲ ရပ်တည်လျက်ရှိပါတယ်။ မြန်မာနိုင်ငံမှာလဲ ထိုသို့သော အစဉ်အလာများက ဝင်ရောက်နေခဲ့ပြီး ယခုဆိုရင် နယ်ပယ်အသီးသီးမှာ အောင်မြင်မှုပေါင်းသရဖူဆောင်းနေသာ အမျိုးသမီးများစွာရှိနေပါတယ်။ ထိုများထဲမှ သေးငယ်သော အိပ်မက်များကို နည်းစနစ်ကျစွာ တစ်စိုက်မက်မက်ကြိုးစားမှုကြောင့် အိပ်မက်များကို လက်တွေ့အကောင်အထည်ဖော်နိုင် အောင်မြင်မှုရရှိခဲ့သော Start Up Founder များမှ မတ်လ၇ရက်နေ့ အမေရိကန်စင်တာရန်ကုန်တွင် “Women & Digital Startups” ခေါင်းစဉ်နဲ့ အတွေ့အကြုံများကို ဝေမျှသွားခဲ့ပါတယ်။

Photo Source- Myanmar Tech Press

ထိုအခမ်းအနားမှာ ဖန်တီးရာ(Phandeeyar)၏ Senior Accelerator Associate၊ Phandeeyar Accelerator ဖြစ်သူ မစုမြတ်ထက်၊ MMTutors ၏ Founder ဖြစ်သူ မဖူးပွင့်အိမ် နဲ့ Hydro Plant၏ Founder ဖြစ်သူ မပွင့်ပွင့်စံတို့က ဆွေးနွေးပြောကြားသွားခဲ့ပါတယ်။ အခမ်းအနားရည်ရွယ်ချက်မှာ မြန်မာနိုင်ငံရဲ့ Digital Startups များတွင် အမျိုးသမီးများက ဦးဆောင်သူနေရာတွေမှာ ပါဝင်လာပြီး Phandeeyar ရဲ့ Accelerator program တွေကနေ Start ups တွေကိုဘယ်လိုအကူအညီထောက်ပံ့ပေးပုံနဲ့ လုပ်ဆောင်ခဲ့စဉ်တစ်လျှောက် ကြုံတွေ့ခဲ့ရတဲ့ အတွေ့အကြုံအခက်အခဲနဲ့ တကွ အကြံပေးချက်များကိုပါ ပွင့်ပွင့်လင်းလင်းနဲ့ ဝေမျှလိုသောရည်ရွယ်ချက်ဖြစ်ပါတယ်။

 

Photo Source- Myanmar Tech Press

ဦးစွာ Phandeeyar မှ မစုမြတ်ထက်မှ Phandeeyar ရဲ့ ဆောင်ရွက်ခဲ့သော ပရိုဂရမ်များ၊ ဆောင်ရွက်လျက်ရှိသော ပရိုဂရမ်များကို ပရိသတ်အပေါင်းသိရှိအောင် အသေးစိတ်မိတ်ဆက်ပေးခဲ့ပါတယ်။ မြန်မာနိုင်ငံရဲ့ မိုဘိုင်းအသုံးပြုမှာ တစ်ခြားနိုင်ငံများနှင့်ယှဉ်လျှင် သိသာစွာတစ်ဟုန်ထိုးတိုးတက်ပြောင်းလဲလာခဲ့ပြီး Digital Startups လုပ်ဆောင်သူများအတွက်လဲ မြန်မာနိုင်ငံက ပစ်မှတ်ထားလောက်သော နေရာတစ်ခုဖြစ်လာခဲ့ပါတယ်။ ထိုထဲတွင်မှ မြန်မာနိုင်ငံ၏ စွန့်ဦးတီထွင်သူများအနက် အမျိုးသမီးဦးရေမှာနည်းပါးလျက်ရှိပါတယ်။ ထို့ကြောင့် အမျိုးသမီးများအတွက် ရည်ရွယ်သော ပရိုဂရမ်များ၊ နှစ်စဉ် ကျင်းပလျက်ရှိသော ပရိုဂရမ်အကြောင်းအရာများ၊Phandeeyar ၏ ကူညီထောက်ပံ့ပေးပုံများကို ရှင်းပြပေးပြီး နောင်ကျင်းပမယ့် ပရိုဂရမ်များတွင် ဝင်ရောက်ပါဝင်နိုင်ရန် ဖိတ်ခေါ်ခဲ့ပါတယ်။

Photo Source- Myanmar Tech Press

ဆက်လက်၍ MMTutors ၏ Founder တစ်ဦးဖြစ်သူ မ Taylor ခေါ် မဖူးပွင့်အိမ်က သူမရဲ့ Education Service Start Upဖြစ်တဲ့ MMTutors ကို အစပျိုးခဲ့ပုံကိုဝေမျှသွားခဲ့ပါတယ်။သူမဟာ MMTutors ကို ကျောင်းတစ်ဖက်တက်ရင်းစပျိုးခဲ့တာမို့ သူမကျောင်းတစ်ဖက်နဲ့ ကြိုးစားရုံးကန်ခဲ့ရပုံ၊ မသိမတက်ကျွမ်းမှုများကို ကြိုးစားလေ့လာရင်း အခက်အခဲများကိုကျော်လွှားခဲ့ရပုံ၊ Phandeeyar မှာမည်သို့ လုပ်ဆောင်ခဲ့ပုံတွေကို ရှင်းပြရင်း Start Up များအတွက် အရေးကြီးသော Passion၊ Knowledge နဲ့Team အကြောင်းကိုပြောပြသွားခဲ့ပါတယ်။ ထို့အပြင် ှStart Up ၏ အဓိပ္ပာယ်၊ သူမလုပ်ကိုင်သော Educational Technology ကို မည်သို့ရှာဖွေတွေ့ရှိခဲ့ကြောင်းလဲ ရှင်းပြခဲ့ပါသေးတယ်။

နောက်ဆုံးတွင် Hydro Plant၏ Founder ဖြစ်သူ မပွင့်ပွင့်စံမှလဲ Hydro Plant ကို တည်ထောင်ရခြင်းရည်ရွယ်ချက်၊ အောင်မြင်မှုမရခင် တွေ့ကြုံခဲ့ရသောအရှုံးများ၊ Co Founder ကိုမည်သို့ရှာဖွေခဲ့ပုံ၊ အချိန်ပြည့်ဝန်ထမ်းအလုပ်မှ Start Up လုပ်ငန်းရှင်အဖြစ် မည်သို့ကူးပြောင်းခဲ့ပုံ၊ ဈေးကွက်တွင် ထိုးဖောက်နိုင်အောင် ဝယ်သူများသိရှိစေရန် မည်သည့်နည်းဖြင့်ဆောင်ရွက်ခဲ့ပုံ ကိုအသေးစိတ်ရှင်းပြခဲ့ရင်း Start Up လုပ်ဆောင်လိုသူများကိုလဲ ကျရှုံးခြင်းကိုမကြောက်ရွံ့စေရန် အားပေးခဲ့ပါသေးတယ်။စိုက်ပျိုးရေးကို နည်းပညာနှင့်ဘယ်လိုပေါင်းစပ်ဖန်တီးနေပုံကိုလဲ ဝေမျှသွားခဲ့ပါတယ်။

မြန်မာအမျိူးသမီးများအနေနဲ့ တိုးတက်လာသော နည်းပညာခေတ်တွင် မိမိစိတ်အားထက်သန်ရာ အိပ်မက်များ အကြံဉာဏ်ကောင်းများ ကို ဒီဂျစ်တယ်နည်းပညာနှင့် ပူးပေါင်းကာ အောင်မြင်သောလုပ်ငန်းများအဖြစ် တိုးဖောက်ဆောင်ရွက်နိုင်ခြင်းမှာ အားကျဂုဏ်ယူတစ်ခုပင်ဖြစ်ပါတယ်။ တက်ရောက်သော ပရိသတ်များမှ မေးလာသောမေးခွန်းများကိုလဲ ပြန်လည်ဖြေကြားရင်း လူငယ်များ၊အမျိုးသမီးများအတွက် လမ်းညွန်ကူညီစောင့်မပေးပြီး အချင်းချင်းရိုင်းပင်းခဲ့ကြပါတယ်။ ဆွေးနွေးပွဲအတွင်း Start Up များကိုစိတ်ပါဝင်စားသော လူငယ်များသာမက နယ်ပယ်အသီးသီးမှ တက်ကျွမ်းသူများ၊ Start Up များကိုလုပ်ကိုင်နေသာ သူများပါပါဝင်ခဲ့တာမို့ အမျိုးသမီးများသာမက အမျိုးသားများပါ ပါဝင်ဆွေးနွေးရင်း အသိပညာဖွံ့ဖြိုးသော နေ့လေးတစ်နေ့ဖြစ်ခဲ့ပါတယ်။