အိမ်ထောင်ရှင်အမျိုးသမီးများအတွက် “မိတ်” မျိုးဆက်ပွားကျန်းမာရေး Website

အိမ်ထောင်ရှင်အမျိုးသမီးအများစုအတွက် ကျန်းမာရေးနဲ့ပတ်သက်ပြီး လေ့လာသင့်တဲ့အကြောင်းအရာတွေ၊ သိထားရမယ့် ကျန်းမာရေးဆိုင်ရာအထောက်အကူပြု ဗဟုသုတတွေက လေ့လာနေသူတွေအဖို့တောင် လုံလောက်တယ်ဆိုတာမျိုးမရှိကြ ပါဘူး။ အဲ့ဒီအတွက်လည်း သိမှတ်စရာတွေကို နည်းလမ်းအမျိုးမျိုးနဲ့ ရှာဖွေမှတ်သားရတဲ့အခါရှိသလို ခုနောက်ပိုင်းမှာတော့ အင်တာနက်ပေါ်ကနေရှာဖွေလေ့လာကြတာမျိုးလည်းရှိလာပါတယ်။ အဲ့လိုလေ့လာတဲ့အခါမှာလည်း သိချင်တာရှိပါလျှက်နဲ့ မေးရမှာရှက်နေတာ၊ ကိုယ်တိုင်ဖြစ်နေတဲ့ကျန်းမာရေးဆိုင်ရာပြဿနာတွေကို ပွင့်ပွင့်လင်းလင်းတိုင်ပင်စေချင်တဲ့အခါမျိုး တွေမှာ အခက်အခဲလေးတွေ ဖြစ်ရတတ်ပါတယ်။

Photo Source- https://bit.ly/2Iclfgt

အဲ့ဒီအခက်အခဲတွေကို ဖြေရှင်းဖို့အတွက် ခုနောက်ပိုင်းမှာအွန်လိုင်းပေါ်ကနေ ဆက်သွယ်မေးမြန်းလို့ရမယ့် Application တွေ Website တွေများစွာပေါ်ပေါက်လာပါတယ်။ ယုံကြည်စိတ်ချပြီးကျန်းမာရေးကိစ္စတွေကို မေးမြန်းတိုင်ပင်နိုင်သလို ကျန်း မာရေးဆိုင်ရာ ဗဟုသုတရဖွယ်ရာအကြောင်းအရာတွေကိုလည်း ထည့်သွင်းဖော်ပြလာကြပါတယ်။
“ မိတ် ” မျိုးဆက်ပွားကျန်းမာရေးဆိုင်ရာ Website ကတော့ အိမ်ထောင်ရှင်အမျိုးသမီးတွေအတွက် ကျန်းမာရေးဆိုင်ပညာ ပေးအကြောင်းအရာတွေကို ဆက်သွယ်မေးမြန်းလို့ရအောင်နဲ့ အခြားသိသင့်သိထိုက်တဲ့ကျန်းမာရေးဆိုင်ရာ မျိုးဆက်ပွားအ ကြောင်းအရာတွေ၊ ကျန်းမာရေးနဲ့ပတ်သက်တဲ့ ဆောင်ရန်ရှောင်ရန်တွေကအစ ထည့်သွင်းဖော်ပြထားတဲ့အတွက် အိမ် ထောင်ရှင်အမျိုးအမီးတွေအတွက် အသုံးဝင်လှတဲ့ Website တစ်ခုလည်းဖြစ်ပါတယ်။
“မိတ်” မျိုးဆက်ပွားကျန်းမာရေး Website အနေဖြင့်လည်း အိမ်ထောင်ရှင်အမျိုးသမီးများသိသင့်သည့် သားဆက်ခြားခြင်း၊ နေ့စဉ်သောက်ဆေးကဒ်အကြောင်း၊ သန္ဓေတားထိုးဆေး၊ ကွန်ဒုံး၊ လက်မောင်းတွင်းထည့်ပစ္စည်း၊ သားအိမ်တွင်းထည့်ပစ္စည်း၊ သားကြောဖြတ်ခြင်း၊ အရေးပေါ်တားဆေး၊ သဘာဝနည်းလမ်းများ စတဲ့အကြောင်းအရာတွေကို ထည့်သွင်းဖော်ပြထားသလို သားသမီးယူမည်ဆိုလျှင်လည်း ဆောင်ရန်၊ ရှောင်ရန်တွေကိုပါ လမ်းညွှန်ပြသထားပါတယ်။

Photo Source- https://bit.ly/2KnYhoI

ဒါ့အပြင် ကိုယ်ဝန်ဆောင်ရေးရာ၊ ကိုယ်ဝန်ဆောင်စဉ် ကျန်းမာရေး၊ ကိုယ်ဝန်ဆောင်နဲ့အလှအပ၊ လူငယ်နှင့်လူမှုရေးရာ၊ လူငယ်နှင့်ကျန်းမာရေးစတဲ့ အကြောင်းအရာတွေကိုပါ ထည့်သွင်းဖော်ပြပေးထားပါတယ်။ ကျန်းမာရေးဆိုင်ရာပြဿနာတွေ ကိုမေးမြန်းဖို့အတွက် ရှက်ကြောက်နေတဲ့သူတွေကိုလည်း ယုံကြည်စိတ်ချစွာတိုင်ပင်ဆွေးနွေးနိုင်စေဖို့ တိုးတိုးဖော်မိတ်ဆွေ ဆရာဝန်တစ်ယောက်လို ကူညီပေးနိုင်အောင် ဖုန်းနံပါတ်ကိုလည်း တစ်ပါတည်းထည့်သွင်းဖော်ပြပေးထားပါသေးတယ်။

Photo Source- https://bit.ly/2X0sr2y

“မိတ်” မျိုးဆက်ပွားကျန်းမာရေး Facebook Page မှာလည်း ကျန်းမာရေးဆိုင်ရာပညာပေးအကြောင်းအရာများအပြင် မိမိတို့ သိလိုသည့်အကြောင်းအရာများကိုလည်း ဝင်ရောက်မေးမြန်းနိုင်ပြီး တနင်္လာနေ့မှ သောကြာနေ့ (နံနက် ၉ နာရီခွဲမှ ညနေ ၄နာရီအထိ) ပြန်လည်ဖြေကြားပေးလျှက်ရှိပါတယ်။
“မိတ်” မျိုးဆက်ပွားကျန်းမာရေး Website နဲ့ Facebook Page ကို သုံးစွဲသူတွေအတွက် အောက်ပါအတိုင်းဖော်ပြပေးလိုက် ပါတယ်။
https://www.facebook.com/mateapplication/?epa=SEARCH_BOX
http://mate.com.mm/?fbclid=IwAR3mjvH3uM4uyh0822gkq-ONnOHekb1GEp3i98xfmnT1lJ2coQFux3ktuGI#