စမတ်ဖုန်းသုံးစွဲမှုအတွေ့အကြုံကောင်းများရရှိစေရန် ဖုန်းရွေးချယ်ရာတွင်ထည့်သွင်းစဉ်းစားရမည့် အချက်များ

စမတ်ဖုန်းများသည် ယနေ့ခေတ်တွင် လူသုံးအများဆုံးနည်းပညာဆိုင်ရာပစ္စည်းဖြစ်လာပြီးတစ်နေ့တာတွင် မရှိမဖြစ် အရေးပါသောနေရာသို့ ရောက်ရှိနေပြီဖြစ်သည်။ နည်းပညာပြောင်းလဲတိုးတက်လာမှုနှင့် အတူမတူညီသောအားသာ ချက်များနှင့် စမတ်ဖုန်းအမျိုးအစားများစွာလည်းဈေးကွက်တွင် နေရာယူလာကြသည်။ IOS နှင့် Android မှ စ၍ ဈေးနှုန်း၊ ကင်မရာ၊ ဒီဇိုင်းစသည်ဖြင့် ရွေးချယ်စရာများပြားလှသောဖုန်းများထဲတွင် မိမိလိုအပ်ချက်နှင့် ကိုက်ညီပြီးစိတ်တိုင်း ကျသောစမတ်ဖုန်းကိုမှန်ကန်စွာရွေးချယ်နိုင်စေဖို့ အထောက်အကူဖြစ်စေရန်အတွက် အောက်ပါအခြေခံဖုန်းစွမ်းဆောင်မှု အချက်အလက်များကိုလည်းထည့်သွင်းစဉ်းစားရန် လိုအပ်သည်။ 

Photo source https://www.facebook.com/oppomyanmar/

မည်သည့် ဖုန်းသုံးစွဲသူမဆိုအဓိကထားစဉ်းစားရမည့် ပထမအချက်မှာဖုန်းအားကြာရှည်ခံမှုပင်ဖြစ်သည်။ မည်မျှ ကောင်းမွန် သောဖုန်းပင်ဖြစ်စေဖုန်းအားခဏလေးနှင့် ကုန်နေပါကသုံးစွဲလို့ မရဖြစ်ကာအဆင်ပြေမည် မဟုတ်ပါ။ ဖုန်းဘက်ထရီ အားကိုmilliampere-hours (mAh) နှင့် တိုင်းတာပြီးယခုဈေးကွက်ရှိဖုန်းများတွင် ပျမ်းမျှ 4000 mAhဝန်းကျင် ပါဝင်လာကြ သည်။ ဖုန်းနှင့် အဓိကအလုပ်လုပ်ကိုင်သူများနှင့် ဂိမ်းကစားရသည်ကိုနှစ်သက်သူများအတွက်မူဖုန်းအားပိုမိုကြာရှည်ခံမည့် 5000 mAhဖုန်းများကိုရွေးချယ်နိုင်သည်။ ဖုန်းဘက်ထရီသာမကယခုအခါ အားသွင်းစနစ်ကိုလည်းထည့်သွင်းစဉ်းစားရန် လိုအပ်သည်။ ဖုန်းပူခြင်းမရှိလုံခြုံစိတ်ချစွာနှင့် အမြန်ဆုံးအားသွင်းနိုင်သည့် စနစ်ပါရှိသည့် ဖုန်းများမှာပိုမိုအဆင်ပြေနိုင်သည်။ 

Photo source https://www.facebook.com/oppomyanmar/

ဖုန်းရွေးချယ်ရန် Operating System၊ Processor နှင့် ထည့်သွင်းနိုင်မှုပမာဏ (RAM/ROM) တို့မှာလည်းအရေးကြီး သောအချက်များဖြစ်သည်။ Operating System တွင် IOS နှင့် Android တို့တွင် ကိုယ်စီကောင်းသောအချက်များ ရှိကာနှစ်သက်ရာကိုရွေးချယ်နိုင်သည်။ Android ကြိုက်သူများမှာကောင်းမွန်သောဖုန်းသုံးစွဲမှုအတွေ့အကြုံများအတွက် နောက်ဆုံးထွက်ရှိထားသော Android 10 ပါဝင်သောဖုန်းများကိုဦးစားပေးရွေးချယ်သင့်သည်။ ထို့အတူ  Operating System ကိုအထောက်အကူပေးနိုင်သော Processor များကလည်းဖုန်းစွမ်းဆောင်မှုကိုတစ်ဆင့် မြှင့်တင်ပေးမည်ဖြစ်သည်။ Snapdragon၊ MediaTek တို့မှာဈေးကွက်တွင်းစိတ်ချရသော Processor များဖြစ်သည်။ဂိမ်းကစားသူများနှင့် App များကိုစိတ်ကြိုက်သုံးနိုင်ရန် RAM 4GB မှာလုံလောက်သောပမာဏဖြစ်ပြီးထစ်ငေါ့မှု၊ ဖုန်းဟန်းမှုများမရှိဘဲ App များ၊ ဂိမ်းများအများအပြားကိုတစ်ပြိုင်နက် အသုံးပြုရာတွင် အဆင်ပြေနိုင်ရန် RAM 8GB ပါဝင်သောဖုန်းများကိုရွေးချယ်နိုင်သည်။ Phone Storage များလျှင် များသလိုပိုအဆင်ပြေပြီး ဖုန်းတွင် သီချင်းများ၊ ဓာတ်ပုံများ၊ ဗီဒီယိုများစိတ်ကြိုက်ထည့်သွင်းနိုင်သည့်အပြင် ဖုန်းအသုံးပြုနေစဉ် ရပ်တန့်ခြင်းမရှိစေဘဲပိုမိုအဆင်ပြေချောမွေ့စေသည်။ ထို့ပြင် ယခုအခါ ဖုန်းနှင့် ရုပ်ရှင်ကြည့်ခြင်း၊ ဂိမ်းကစားခြင်းတို့ကိုအများအပြားလုပ်ဆောင်လာကြသည့်အတွက် ကောင်းမွန်သောဖုန်း Display နှင့် Sound System ကိုလည်းအလေးထားစဉ်းစားရွေးချယ်ရန် လိုအပ်သည်။ ဓာတ်ပုံဝါသနာရှင်များအတွက်ဖုန်းကင်မရာစွမ်းဆောင်ရည်တို့ကိုရွေးချယ်ဖို့ လိုအပ်ပြီးဈေးနှုန်း၊ ဖုန်း Design၊  Unlock System စသည့် မိမိနှင့် ကိုက်ညီသောဖုန်းရရှိနိုင်ရန် ထည့်သွင်းစဉ်းစားရမည်ဖြစ်သည်။

Photo source https://www.facebook.com/oppomyanmar/

အထက်ပါ အချက်အလက်များနှင့် ပြည့်စုံကာဈေးနှုန်းသင့်တင့်သောဖုန်းကိုအလိုရှိတယ်ဆိုရင်တော့ ယခုဈေးကွက်တွင် အသစ်ဝင်ရောက်လာသော OPPO A92ကလည်းရွေးချယ်စရာတစ်ခုဖြစ်သည်။ကြာရှည်စွာသုံးစွဲနိုင်မည့် 5000 mAhနှင့် အတူ 18W Fast Charge (9V 2A) ပါဝင်သောကြောင့် 0-50% ကို ၄၅ မိနစ်အတွင်းအားသွင်းနိုင်မည်ဖြစ်ပြီး ကြီးမားသော Storage ပမာဏ 8GB RAM + 128GB ROM နှင့်အတူ ကောင်းမွန်သောစွမ်းဆောင်မှုများလည်းပါဝင်သည်။ ထို့အပြင် Qualcomm Snapdragon 665 (64-bit capable octa-core CPU) နှင့် Color OS 7.1 (Android 10) တို့ ပါဝင်ပြီးHyperboostလည်းပါဝင်သဖြင့် ဖုန်းနှင့် ဂိမ်းကစားရာတွင် ပိုမိုကောင်းမွန်ချောမွေ့မှုကို လည်းထပ်တိုးရ ရှိမည်ဖြစ်သည်။  Screen-to-body Ratio: 90.5% ရှိပြီးသာမာန်ထက်ကျယ်သော  6.5-inch LCD Blind Hole Screen တွင်  1080P Neo-Display (Display Resolution:  FHD + (2400 × 1080) ရရှိသည့်အပြင် ထူးခြားကောင်းမွန်သောအသံစွမ်းဆောင်မှုအတွေ့အကြုံကိုပေးသောDual Stereo Speaker + Dirac 2.0 လည်းပါဝင်သောကြောင့် ဗီဒီယိုကြည့်ခြင်း၊ ဂိမ်းကစားခြင်းတို့တွင် သာမန်ထက် ပိုမိုကောင်းမွန်သောအရည် အသွေးကိုခံစားနိုင်သည်။ OPPO ၏ အစဉ်အလာအတိုင်းအဆင့်မြင့် အရည်အသွေးနှင့် AI Quad Camera တို့ကိုကျောဘက်တွင်  48MP+8MP+ 2MP + 2MP ပါရှိပြီးရှေ့ကင်မရာတွင် 16MP Selfie ကင်မရာပါဝင်သောကြောင့် အရောင်အသွေးစုံလင်သောပုံရိပ်များကိုမည်သည့်အလင်းရောင်တွင်မဆိုမှတ်တမ်းတင်နိုင်သည်။ ကိုယ်တွယ်မှုကောင်းမွန်သောဒီဇိုင်း 3D Curve Body နှင့် Screen တွင် လက်ရာမထင်အောင် ပြုလုပ်ပေးထားသော Side Fingerprint Unlock စနစ် ပါရှိသည်။ OPPO A92 ကို Aurora Purple (ခရမ်းရောင်ပြေး) နှင့် Twilight Black (အနက်ရောင်) ဟူ၍ ဆန်းသစ်လှပသောအရောင် (၂) ရောင်ဖြင့် ရရှိမည်ဖြစ်ပြီးမြန်မာကျပ်ငွေ ၃၇၉,၉၀၀ ကျပ်ဖြင့် မြန်မာနိုင်ငံမှ အမြို့မြို့အနယ်နယ်ရှိအရောင်းဆိုင်များနှင့် shop.com.mm (https://www.shop.com.mm/shop/oppo) တို့တွင် ပို့ဆောင်ခအခမဲ့ဖြင့် ဝယ်ယူရရှိနိုင်မည်ဖြစ်သည်။ OPPO A92 နှင့် ပတ်သက်၍ အသေးစိတ် သိရှိလိုပါက OPPO A92 Website Page (https://bit.ly/2Bo8I7r) နှင့် OPPO Myanmar ၏ Facebook Page (https://www.facebook.com/oppomyanmar/) တို့တွင် ဝင်ရောက်လေ့လာနိုင်သည်။

သတင်းအချက်အလက်များပိုမိုသိရှိလိုပါက

OPPO Myanmar Facebook – https://www.facebook.com/oppomyanmar/

OPPO A92- https://bit.ly/2Bo8I7r