OPPO A92 စမတ်ဖုန်း မြန်မာနိုင်ငံဈေးကွက်သို့ ရောက်ရှိ

ကမ္ဘာ့ထိပ်တန်းစမတ်ဖုန်းအမှတ်တံဆိပ်ဖြစ်သော OPPO မှ “Shine Up Your A-Moment” ဟူသောဆောင်ပုဒ်နှင့်အတူ အတောက်ပဆုံးအခိုက်အတန်းများနှင့် စိတ်ကျေနပ်ဖွယ် စမတ်ဖုန်းအတွေ့အကြုံများကိုပေးစွမ်းနိုင်မည့် OPPO A92 ကိုမြန်မာနိုင်ငံဈေးကွက်သို့ စတင်မိတ်ဆက်လိုက်ပြီဖြစ်ကြောင်းသိရသည်။
OPPO A92 တွင် ကြီးမားကောင်းမွန်သော 1080P Neo-Display၊ စွမ်းဆောင်မှုကောင်းမွန်သည့် AI Quad Camera (၄) လုံးတို့နှင့် 8GB RAM + 128GB ROM ပါဝင်ပြီးဝင်ရိုးစွန်းရှုခင်းမှာတောက်ပနေတဲ့ ကြယ်တာရာအသွင်ဆောင်တဲ့ အော်ရိုရာအလင်းတန်းသဖွယ် Aurora Purple (ခရမ်းရောင်ပြေး)နှင့် ဝင်ရိုးစွန်းညကြယ်အစုအဝေးကဲ့သို့ တင့်တယ်သော Twilight Black (အနက်ရောင်) တို့ကို ‌ရွေးချယ်ဝယ်ယူနိုင်မည်ဖြစ်သည်။ မျည်းကွေး 3D ရုပ်လုံးကြွ ထောင့်မှန်အခုံးဒီဇိုင်းနှင့် ဘေးဘက် လက်‌ဗွေစနစ် ဖုန်းလော့ခ်ဖွင့်ခြင်းပါဝင်သော OPPO A92 ကိုမြန်မာကျပ်ငွေ ၃၇၉,၉၀၀ ကျပ်ဖြင့် ဇွန်လ ၂၀ ရက်နေ့မှစ၍ မြန်မာနိုင်ငံအမြို့မြို့အနယ်နယ်ရှိအရောင်းဆိုင်များနှင့် shop.com.mm (https://www.shop.com.mm/shop/oppo) တို့တွင် ပို့ဆောင်ခအခမဲ့ဖြင့် ဝယ်ယူရရှိနိုင်မည်ဖြစ်သည်။

Photo Source https://www.facebook.com/oppomyanmar/

တောက်ပသောအခိုက်အတန့်များဖန်တီးပေးနိုင်မည့် OPPO A92 တွင် Main Camera အဖြစ် F 1.7 Apertureနှင့် 1/2” Sensor ပါရှိသည့်48MP AI Quad Camera ကိုအသုံးပြုထားသောကြောင့် နေ့စဉ်ဘဝလှုပ်ရှားမှုအသေးစိတ်ကို အလှပဆုံးမှတ်တမ်းတင်နိုင်မည်ဖြစ်သည်။ ထို့ပြင် 119° ရိုက်ကူးနိုင်သော 8MP UltraWide Camera ၊ 2MP Mono Camera နှင့် 2MP Portrait Camera တို့လည်းပါဝင်သည့်အပြင် Ultra Night Mode 2.0 လည်းထည့်သွင်းပေးထားသည့်အတွက် နေ့ရောညပါ ကြည်လင်ပြတ်သားသောအမှတ်တရပုံရိပ်များကိုရရှိနိုင်စေသည်။ Video ရိုက်ကူးရခြင်းကြိုက်နှစ်သက်သူများအတွက် 4K Video Shooting၊ Video EIS Anti-Shake၊ Wide Angle Video တို့နှင့် အတူအလွယ်တကူတည်းဖြတ်နိုင်သောSoloopလည်းပါရှိသည်။ အရှေ့ ကင်မရာအဖြစ် သဘာဝဆန်ဆန် လှပသော Selfie များရရှိစေသော AI Beautification ပါဝင်သည့် 16MP Camera လည်းပါဝင်သောကြောင့် အတောက်ပဆုံးလှပနေသောပုံရိပ်များကိုပေးစွမ်းနိုင်သည်။

Photo Source https://www.facebook.com/oppomyanmar/

ထို့ပြင် Screen-to-body Ratio: 90.5% ရှိပြီးသာမာန်ထက်ကျယ်သော 6.5-inch LCD Blind Hole Screen တွင် Display Resolution: FHD + (2400 × 1080) PPI 405 ပါဝင်သည့်အပြင် နေရောင်ခြည် အောက်တွင်လည်းဖုန်း Screen ကိုကောင်းမွန်စွာမြင်တွေ့အသုံးပြုနိုင်သော In-Cell Touch Screen Technology ကိုလည်း ထည့်သွင်းထားသောကြောင့် ဖုန်းအသုံးပြုခြင်း၊ ရုပ်ရှင်၊ ဗီဒီယိုများကြည့်ခြင်းနှင့် ဂိမ်းကစားခြင်းတို့ကိုအထူးကောင်းမွန်စေသည်။ မည်သည့် အလင်းရောင်အခြေအနေတွင်မဆိုဖုန်းကိုကောင်းမွန်စွာမြင်တွေ့ အသုံးပြုနိုင်သည့် AI Backlight Adjustment ပါဝင်ကာမျက်လုံးကိုအန္တရာယ်ဖြစ်စေသောအပြာရောင် အလင်းတန်းများမှ ကာကွယ်ပေးသည့် ထောက်ခံချက်လက်မှတ် ကိုလည်း TÜV Rheinland မှ ရရှိထားသည်။ ‌Screen ‌ပေါ်တွင် လက်‌ဗွေရာထင်မှုမရှိသည့် SideFingerprint Unlock နှင့် အတူကိုင်တွယ်သုံးစွဲမှုသက်သောင့်သက်သာရှိစေသော 3D Quad Curve Body ကလည်းသုံးစွဲသူများကြိုက်နှစ် သက်နိုင်မည့် အချက်တစ်ချက်ပင် ဖြစ်သည်။
ဖုန်းကိုအသုံးပြုရာတွင် အကောင်းဆုံးလုပ်ဆောင်မှုများပေးစွမ်းနိုင်စေဖို့ ကြီးမားသောသိုလှောင်မှုပမာဏ 8GB RAM + 128GB ROM နှင့်အတူ Qualcomm Snapdragon 665 (64-bit capable octa-core CPU) ကိုထည့်သွင်းပေးထားသည်။ ထို့ပြင် ပိုမိုကောင်းမွန်သောအသံစွမ်းဆောင်မှုအတွေ့အကြုံကိုပေးသောDual Stereo Speaker + Dirac 2.0 လည်းပါဝင်ကာDark Mode, Hyperboost၊ Smart Side Bar နှင့် Multi-User Mode စသည့် အလွန် အသုံးဝင်သောလုပ်ဆောင်မှုများပါဝင်သောနောက်ဆုံးပေါ် ColorOS 7.1 တို့နှင့်အတူထပ်မံအားဖြည့်ထားသောကြောင့် ဖုန်းသုံးစွဲမှုအတွေ့အကြုံကိုတစ်ဆင့် ပိုမိုမြင့်မားသွားစေမည်ဖြစ်သည်။ ထို့ပြင် ကောင်းမွန်သည့် 5000mAh Battery ပါရှိသောကြောင့်အချိန်ကြာမြင့်စွာအသုံးပြုနိုင်သည့်အပြင် အခြားဖုန်းကိုပြန်လည် အားသွင်းပေးနိုင်သော Reverse Charging လည်းပါဝင်သည်။ Type C အမျိုးအစားဖြစ်ကာ 18W Fast Charge System ပါဝင်သောကြောင့် ၄၅ မိနစ်အတွင်း 0% မှ 50% အထိအားပြန်ဖြည့်ပေးနိုင်သည်။ OPPO A92 နှင့် ပတ်သက်၍ အသေးစိတ် သိရှိလိုပါက OPPO A52 Website Page (https://bit.ly/2Bo8I7r) နှင့် OPPO Myanmar ၏ Facebook Page (https://www.facebook.com/oppomyanmar/) တို့တွင် ဝင်ရောက်လေ့လာနိုင်သည်။

Photo Source https://www.facebook.com/oppomyanmar/

OPPO သည် ကမ္ဘာ့ စမတ်ဖုန်းထုတ်လုပ်သူများအနက် ရှေ့ဆောင် Brand တစ်ခုဖြစ်သည်။ ပထမဦးဆုံး smartphone “Smiley Face”ကို ၂ဝဝ၈ ခုနှစ်တွင် စတင်မိတ်ဆက်ခဲ့သည့် အချိန်မှ စ၍ OPPO သည် စိတ်ကျေနပ်ဖွယ် ဒီဇိုင်းနှင့် ဆန်းသစ်သောနည်းပညာများ၏ ပေါင်းစပ်မှုကိုရရှိနိုင်ရန် အစဉ်မပြတ် ကြိုးပမ်းလာခဲ့ရာယနေ့အခါတွင် Find နှင့် Reno Series တို့မှ ဦးဆောင်၍ အမျိုးအစားစုံလင်သည့် smart devices များ၊ ColorOS operating systemနှင့် OPPO Cloud နှင့် OPPO+ စသည့် Internet Service များကိုပါ ဝန်ဆောင်မှုပေးလျက်ရှိသည်။
သတင်းအချက်အလက်များပိုမိုသိရှိလိုပါက
OPPO Myanmar Facebook – https://www.facebook.com/oppomyanmar/
OPPO A92- https://bit.ly/2Bo8I7r