အခက်အခဲတွေကြားက ဖောက်ထွက်လာခဲ့တဲ့ Linn Myanmar App အကြောင်း (Linn Myanmar App ၏ Operation Manager အောင်ကိုကိုကျော် နှင့်အင်တာဗျူးဆောင်းပါး)

(ကျွန်တော်တို့ App စလုပ်တုန်းက အစိမ်းသက်သက်ကြီးလိုလည်းဖြစ်နေတယ်။ E-Commerce နဲ့ရင်းနှီးမှုမရှိတဲ့ အခါကျတော့ ဝယ်သူတွေက သိပ်စိတ်မဝင်စားကြဘူး)
Linn Myanmar App ဆိုတာ အမေရိကန်၊ ကနေဒါ စတဲ့ နိုင်ငံတွေက ထွက်ရှိတဲ့ ဖြည့်စွက်စာနဲ့ ဆေးဝါးတွေကို မြန်မာပြည်မှာတဆင့် ရောင်းချပေးတဲ့ Application တစ်ခုဖြစ်ပါတယ်။ ဆေးဝါးလိုအပ်ချက်ရှိတဲ့သူတွေ၊ ကောင်းမွန်တဲ့ဖြည့်စွက်စာလိုအပ်နေသူတွေအတွက် ဝယ်ယူတဲ့အခါ အိမ်ပြင်ထွက်စရာမလိုဘဲ အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနေတဲ့ Mobile Application တစ်ခုပါ။
Linn Myanmar App ကို ၂၀၂၁ ဖေဖော်ဝါရီမှာစတင်ဖို့လုပ်ခဲ့ပေမယ် အခြေအနေအကြောင်းကြောင်းကြောင့် ၂၀၂၁ စက်တင်ဘာမှစတင်နိုင်ခဲ့ပါတယ်။ App ကိုလုပ်ဆောင်ရခြင်းရည်ရွယ်ချက်ကတော့ ပုံမှန်ဆိုင်ဖွင့်ပြီး ရောင်းချရာကနေ နောက်ပိုင်းမှာ Digital Transformation အရ မြန်မာပြည်ကသူတွေ နည်းပညာအသုံးပြုပြီး ဝယ်ယူရ ပိုလွယ်ကူအောင် စတင်ခဲ့ခြင်းဖြစ်ပါတယ်။ အဲဒီအချိန်တုန်းက မြန်မာပြည်မှာကလည်း E-Commerce ပိုင်းဆိုင်ရာတွေ မထွန်းကားသေးတဲ့ အချိန်ဖြစ်နေတော့ Linn Myanmar App အနေနဲ့ အခက်အခဲပေါင်းစုံတွေ့ကြုံခဲ့ရပြန်ပါတယ်။

Photo…Linn Myanmar App ၏ Operation Manager အောင်ကိုကိုကျော်

“ကျွန်တော်တို့ App စလုပ်တုန်းက ဒါက အစိမ်းသက်သက်ကြီးလိုလည်းဖြစ်နေတယ်။ E-Commerce နဲ့ရင်းနှီးမှုမရှိတဲ့ အခါကတော့ ဝယ်သူတွေက သိပ်စိတ်မဝင်စားကြဘူး။ ဆိုင်မှာပဲလာဝယ်လိုက်ရင်ပြီးသွားတာပဲ။ Facebook တို့ viber တို့ကနေ ဝယ်လိုက်ကြတာ။ ဒီလောက်နဲ့တင်ပြီးသွားတာပေါ့နော်။ E-Commerce Platform ဆိုတာကို ဖုန်းထဲမှာထားပြီး အလုပ်တစ်ခုအနေနဲ့မလုပ်ချင်ကြဘူးဖြစ်နေတယ်။ အဲ့လိုမျိုးအခြေအတွေမှာလည်း နဂိုရှိပြီးသားဝယ်လက်တွေကိုပဲ App လေးနဲ့သုံးပြီးဝယ်ပါလို့ သင်ကြားတိုက်တွန်းခဲ့တယ်။ အဲ့ဒါတောင်မှ တကယ်ရှိတဲ့ ဝယ်သူရဲ့ ၁၀ ရာခိုင်နှုန်းလောက်ပဲ App ထဲကို ရောက်လာပါတယ်” ဟု Linn Myanmar App ၏ Operation Manager အောင်ကိုကိုကျော် က သူကြုံတွေ့ခဲ့ရတဲ့ အခက်အခဲကို ပြောပြပါတယ်။
ဒါ့အပြင် စတင်ချိန်မှာ နောက်ထပ်ပြဿနာ တစ်ခုက ဘဏ်တစ်ခုချင်းစီကို လိုက်လံချိတ်ဆက်ရာမှာ အဆင်မပြေတာတွေလည်းဖြစ်ခဲ့ပြန်ပါတယ်။ မြန်မာပြည်မှာရှိတဲ့ ဘဏ်တစ်ခုစီတိုင်းမှာ standard တစ်မျိုးစီရှိတာကြောင့် အပြင်လောက IT ပိုင်းနဲ့ချိတ်ဆက်လုပ်ကိုင်တဲ့အခါ အခက်အခဲများစွာရှိတာကြောင့် App စတင်အသက်သွင်းဖို့ ကြန့်ကြာခဲ့ ရပြန်ပါတယ်။ လက်ရှိမှာတော့ အခြေအနေအရ Marketing တွေမလုပ်ရသေးပေမယ့် App ကို Android နဲ့ iOS စုစုပေါင်း လက်ရှိအသုံးပြုသူ ၂၅၀၀ ကျော်တော့ရှိနေပါပြီလည်းဖြစ်ပါတယ်။
“App မှာ ရောင်းတဲ့ ပစ္စည်းကို ဈေးနှုန်းနဲ့ ဓာတ်ပုံကြည့်လို့ရမယ်။ ပစ္စည်းရှိ မရှိကြည့်လို့ရမယ်။ ပစ္စည်းရဲ့ ကုန်ဆုံးရက် သက်တမ်းတွေကြည့်လို့ရမယ်။ ကြည့်ပြီးရင် ဈေးနှုန်းကြိုက်လို့ ဝယ်မယ်ဆိုရင် App မှာ ပါတဲ့ ဈေးခြင်းထဲကို ထည့်မယ်။ ပိုက်ဆံရှင်းမယ်ဆိုလည်း နည်းလမ်းမျိုးစုံနဲ့ရွေးလို့ရတယ်။ မြန်မာပြည်မှာ ခေတ်စားတဲ့ WavePay, KBZ Pay, AYA Pay, CB Pay, uab Pay, OnePay အပြင် MPU ကတ်နဲ့ပါပေးချေလို့ရပါတယ်။ ဘဏ်ကောင့်နဲ့လည်း လွှဲလို့ရတယ်။ မြန်မာပြည်မှာ ရှိတဲ့ ဘဏ်အကုန်လုံးနဲ့ငွေလက်ခံပေးတယ်” ဟု သူက ရှင်းပြပါတယ်။

Photo Source https://www.facebook.com/LMH.CLM

App က ငွေပေးချေတဲ့နေရာမှာလည်းပိုမိုလွယ်ကူစေသလို အဓိကအားသာချက်ကတော့ Payment ပေါင်းစုံနဲ့ငွေပေးချေ နိုင်သလို ငွေပေးချေပြီးတာနဲ့ ဝယ်ယူသူဆီကို SMS အလိုလိုရောက်လာမှာဖြစ်ပါတယ်။ ငွေလွှဲလိုက်တာရောက်လား၊ မရောက်လားဆိုတာကိုလည်း ဝယ်သူဘက်က စိတ်ပူစရာမလိုတော့ပါဘူး။
“App ကို E-Commerce App တစ်ခုလိုစတင်ခဲ့ပေမယ့် နောက်ပိုင်းမှာ Life Style ဆိုတဲ့ App တစ်ခုကိုပြောင်းလဲပါမယ်။ ကျွန်တော်တို့ App မှာ ဈေးဝယ်လို့လည်းရမယ်။ ဖုန်းထဲကို ဘေလ်ဖြည့်သွင်းလို့လည်းရမယ်။ Bus ကားလက်မှတ်တွေ၊ ရထား လက်မှတ်တွေဝယ်လို့ရမယ်။ အခုက ကျွန်တော်တို့ App မှာ ဆေးဝါးတွေလည်းစရောင်းနေပြီ။ နောက်ပိုင်းမှာ App ထဲမှာပဲ ဆရာဝန်နဲ့ အွန်လိုင်းက တိုက်ရိုက်ဆွေးနွေးနိုင်တာတွေ တိုင်ပင်နိုင်တာတွေ ပြသတွေပါ ထည့်သွင်းသွားဖို့ရှိတယ်” ဟု အနာဂတ်လုပ်ဆောင်ချက်ပိုင်းတွေကို သူက ရှင်းပြခဲ့ပါသေးတယ်။
App မှာ ရောင်းတဲ့ဖြည့်စွက်စာတိုင်းမှာ barcode တွေပါရှိမှာလည်းဖြစ်ပါတယ်။ အပြင်မှာရောင်းနေတဲ့ဖြည့်စွက်စာရဲ့ barcode ကို Linn Myanmar Application မှာ scan ဖတ်လိုက်တာနဲ့ ပစ္စည်းရှိမရှိ သိနိုင်မှာလည်းဖြစ်ပါတယ်။
“ကျွန်တော်တို့ App ကနည်းပညာအရမ်းမြင့်တယ်။ မသုံးတတ်ဘူးလို့ မတွေးနဲ့ပေါ့နော်။ ကျွန်တော်တို့ App ကို သုံးနေတဲ့ ဝယ်ယူသူတွေထဲမှာ အသက်ကြီးတဲ့လူတွေလည်းအများကြီးပါပါတယ်။ သုံးရတာလည်းလွယ်ကူတာမို့ တဆင့်ပြီးတဆင့် လုပ်ဆောင်သွားရင် သုံးရတာအဆင်ပြေသွားမှာပါလို့ ပြောချင်ပါတယ်”ဟု ကိုအောင်ကိုကိုကျော်က Linn Myanmar App စတင် အသုံးပြုမဲ့သူတွေအတွက် ပြောကြားခဲ့ပါတယ်။
App ကို အောက်ပါ Link များမှာဝင်ရောက် Install ပြုလုပ်နိုင်ပါတယ်။
Application download links:
Android ဖုန်းများအတွက် Download Link https://play.google.com/store/apps/details?id=com.threeinlife
iOS ဖုန်းများအတွက် Download Link https://apps.apple.com/ca/app/linn-myanmar/id1550708324
Huawei ဖုန်းများအတွက် Download Link https://appgallery.huawei.com/app/C106275699