ပြည်တွင်း၌ မတွင်ကျယ်သေးသော GPS အသုံးပြုမှု

 

GPS (Global Positioning System) ကို တည်နေရာပြစနစ်တစ်ခုအဖြစ် ကျွန်တော်တို့အားလုံး သိရှိထားကြပါတယ်။ ဒီနေ့ခေတ် Smart Phone တွေ အားလုံးမှာ ပါဝင်တဲ့ စနစ်တစ်ခုဖြစ်ပါတယ်။
GPS ဟာ Satellite အခြေပြု စနစ်ဖြစ်တဲ့အတွက် Internet Connection မလိုအပ်ပါဘူး။ GPS ဖြင့် Navigation စနစ်၊ Survey တိုင်းတာခြင်းအတွက် Latitude Longitude ပြစနစ် စသည်တို့ကို အသုံးပြုနိုင်ပါတယ်။ ယခု မြန်မာနိုင်ငံသို့ ရောက်ရှိနေတဲ့ Uber, Grab စတဲ့ Application များဟာလည်း GPS စနစ်အသုံးပြုပြီး ဝန်ဆောင်မှုပေးနေတာဖြစ်ပါတယ်။ နေရာဒေသ အသစ်တစ်ခုထံ မသွားရောက်မီ GPS ဖြင့် လမ်းကြောင်းများကြည့်နိုင်ခြင်း၊ ထိုဒေသရှိ Hotel များ၊ စားသောက်ဆိုင်များ အားရှာဖွေနိုင်ခြင်းတို့ ပြုလုပ်နိုင်ပါတယ်။ GPS ဟာ လူသားးတွေကို လွန်စွာအကျိုးပြုတဲ့ စနစ်တစ်ခုဖြစ်ပါတယ်။
သို့သော်လည်း မိမိတို့နိုင်ငံ၌ GPS Navigation အသုံးပြုမှု အားနည်းနေသေးကြောင်းတွေ့ရှိရပါတယ်။
GPS အသုံးမပြုခြင်းကြောင့် မိမိ ခေါ်ယူလိုက်သော Taxi Driver များ လမ်းပျောက်၍ ခဏခဏဖုန်းခေါ်ခြင်း၊ မိမိမှာယူထားသော Package အား လိပ်စာနေရာအတိအကျပေးထားသော်လည်း Delivery သမားများမှ နေရာပျောက်နေ၍ ဖုန်းခေါ်ဆိုမေးမြန်းခြင်းများ အစဉ်လိုလိုကြုံတွေ့နေရသော ပြဿနာများဖြစ်ပါသည်။ Taxi Driver များ GPS အသုံးပြု၍ ခရီးသည်အား သွားရောက်ကြိုခြင်း ပို့ဆောင်ပေးခြင်းတို့တွင် အသုံးပြုပါက တိကျလျင်မြန်သော လမ်းကြောင်းများ ရေးဆွဲနိုင်ပြီး ဝန်ဆောင်မှုကောင်းများ ပေးစွမ်းနိုင်ပါမည်။ Delivery Service များ GPS Navigation စနစ် အသုံးပြုပါက ပို့ဆောင်ရမည့် Package လမ်းကြောင်းများအား စနစ်တကျရေးဆွဲနိုင်ပြီး နေရာအတိအကျ ပို့ဆောင်ပေးနိုင်၍ Delivery Delay မရှိခြင်း၊ Customer ထံ ဖုန်းအကြိမ်ကြိမ် ခေါ်ဆိုရန်မလိုတော့ခြင်း စသဖြင့် အကြိုးကျေးဇူးများစွာရရှိနိုင်ပါတယ်။
မိမိတို့၏ Smart Phone ထဲတွင် အခမဲ့ အလွယ်တကူထည့်သွင်းအသုံးပြုနိုင်သော GPS Navigation Map Application တချို့အား အားလုံးအတွက် အထောက်အကူဖြစ်စေရန် ရေးသားတင်ပြလိုက်ပါတယ်။

Google Maps

Image Source : http://www.techmanik.com

နည်းပညာကုမ္ပဏီကြီး Google ကနေထုတ်ထားတဲ့ အခမဲ့ Map Application တစ်ခုပါ။ ကမ္ဘာပေါ်မှာ လူသုံးအများဆုံး Map Application တစ်ခုဖြစ်ပါတယ်။ ဒီ Application ထဲမှာဆိုရင် တည်နေရာလမ်းညွှန်ခြင်းအပြင် မိမိသွားလိုသောနေရာ မိမိရောက်ရှိနေသောနေရာ၌ တည်ရှိနေသော အဆောက်အဦ၊ စေတီပုထိုး၊ စားသောက်ဆိုင်၊ စသည်တို့ကို ကြည့်ရှုနိုင်သည့်အပြင် လမ်းနာမည်များအားစုံလင်စွာဖော်ပြပေးထားခြင်းလည်းပါဝင်ပါတယ်။ ယာဉ်ကြောကျပ်တည်းမှုအခြေအနေ၊ သယ်ယူပို့ဆောင်ရေးစနစ် အပြင် မြေပုံအား Satellite ပုံဖြင့်ပါကြည့်နိုင်ပါ Turn-By-Turn Navigation စနစ်ပါဝင်ပါတယ်။ သွားလိုသောနေရာအားလည်း ရှာဖွေနိုင်ပါသေးတယ်။ စတင်အသုံးပြုချိန်မှာတော့ Internet Connection လိုအပ်ပြီး မိမိလိုချင်သောနေရာဒေသအားလည်း Offline Maps အဖြစ် Download ဆွဲထားနိုင်ပါတယ်။

Google Earth

Image Source : https://play.google.com

Google Maps ရဲ့ ညီနောင် Application ဖြစ်တဲ့ Google Earth ဟာဆိုရင် Satellite ပုံရိပ်တွေကိုအဓိက ထားပြသပေးပြီး ပထဝီမြေပြင်အနေအထားအနိမ့်အမြင့်တို့ကိုပါ ပြသပေးပါတယ်။ အဆောက်အဦတွေကိုလဲ 3D ပုံရိပ်ဖြင့်ပြသပေးပါတယ်။ သူကတော့ Google Maps နဲ့ မတူတာက Navigation ပြုလုပ်နိုင်ခြင်းမရှိပါဘူး။ သူ့ Engineer တွေ Surveyor တွေ အဓိကအသုံးပြုကြပြီးတော့ AutoCAD ပုံရိပ်တွေကို Integrate ပြုလုပ်ပေးနိုင်ပါတယ်။

OpenStreetMap

Image Source : https://www.openstreetmap.org

OpenStreetMap.org Website ဟာ Map Application တီထွင်သူတွေအတွက် မြေပုံ Open Source တစ်ခုဖြစ်ပါတယ်။ ဒီ Website ပေါ်မှာ လမ်းနာမည် အမှတ်အသားတွေ၊ အဆောက်အဦအမည်တွေ၊ စသည်ဖြင့် တိတိကျကျ Detail တွေကိုကြည့်ရှုနိုင်ပါတယ်။ Account ပြုလုပ်ပြီး Map Data များအား Application, Website စသည်တို့မှာ ပြန်လည်အသုံးပြုနိုင်ရန်အတွက် ဖြတ်တော်ရယူ နိုင်ပါတယ်။ သူ့မှာလည်း Google Maps နည်းတူ Navigation ပြုလုပ်နိုင်ပြီး Bicycle Map, Transportation Map သို့လည်း ပြောင်းလဲကြည့်ရှုနိုင်ပါတယ်။

Map.me

Image Source : http://www.techmanik.com

မြန်ဆန်ပြီး အခမဲ့ အသုံးပြုလို့ရတဲ့ နောက်ထပ် Application တစ်ခုပါ။ Google Maps လို လုပ်ဆောင်ချက်တွေပါဝင်ပြီး အခမဲ့ Offline Map တွေကို Download ပြုလုပ်ပြီး အသုံးပြုနိုင်ပါတယ်။
တည်နေရာအသစ်တွေ Data အသစ်တွေကို User ကနေ့ ထပ်ထည့်ပေးနိုင်တဲ့ Features တစ်ခုပါ၀င် ပါတယ်။

Image Source : http://www.mysatnav.ie/garmin

GPS Navigation ပြုလုပ်နိုင်တဲ့ Application တွေများစွာရှိတဲ့ အထဲကမှ လူသုံးများသော Application အနည်းငယ်ကို တင်ပြခြင်းဖြစ်ပါတယ်။ GPS Navigation Application များမှာ ပါဝင်တဲ့ Feature အများစုက တူညီနေကြပြီး လုပ်ဆောင်နိုင်စွမ်းများကလည်း သိပ်မကွာခြားလှပါဘူး။ Feature များကို လေ့လာအသုံးချပြီး မိမိအတွက်အကျိုးရှိစွာ အသုံးပြုနိုင်ပါတယ်။ ကားအတွင်းအသုံးပြု GPS စက်များလည်း မြန်မာနိုင်ငံအတွင်းသို့ ဝင်ရောက်လာပြီဖြစ်ပါတယ်။ GPS စနစ်အား ယခုဆိုလျှင် Smart Phone ၏ ကိုင်ဆောင်သူ E-mail နှင့်ချိတ်ဆက်ပြီး ပျောက်ဆုံးပါက ရှာဖွေနိုင်သည့်စနစ်ကိုပါ အသုံးပြုလာကြပြီဖြစ်ပါသည်။ GPS နည်းပညာသည် လူသားတိုင်းအတွက် အကျိုးပြုပေးနေသည့်အရာတစ်ခုဖြစ်သည့်အကြောင်း ရေးသားတင်ပြလိုက်ရပါသည်။

Sai Moon