လုပ်ငန်းများအတွက် Viber Community ဖွင့်လှစ်အသုံးပြုခြင်း

သတင်းအကြောင်းအရာ အချက်အလက်တစ်ခုခုကို ကြေငြာဖို့ သတင်းစာထဲထည့်တဲ့ ခေတ်ကနေ အင်တာနက်အသုံးပြုပြီး ဆိုရှယ်မီဒီယာကနေတစ်ဆင့် ကြေငြာတဲ့အဆင့်ထိ ပြောင်းလဲတိုးတက်လာခဲ့ပြီ ဖြစ်ပါတယ်။ ဆိုရှယ်မီဒီယာ လို့ ပြောလိုက်ရင်လည်း Facebook ကိုပဲအရင်ပြေးမြင်ကြမှာ အသေအချာပါပဲ။ ကိုယ့်လုပ်ငန်း၊ သင်တန်းရဲ့ ကြေငြာချက်တွေကို Facebook Page ကနေတစ်ဆင့် ဒါမှမဟုတ် Facebook Group ကနေတစ်ဆင့် ကြေငြာပေးကြပါတယ်။

ဒီလို Facebook အသုံးပြုမှုကနေ စကားပဲပြောမလား၊ အချက်အလက်တွေကိုပဲတင်ပေးမလားဆိုတဲ့ ပုံစံမျိုးနဲ့ ဆိုရှယ်မီဒီယာ တွေ ပေါ်ပေါက် လာကြပါပြီ။ Viber ဟာလည်း ၂၀၂၀ ခုနှစ်ကတည်းက စတင်အသုံးပြုခဲ့တဲ့ Messaging Software Application တစ်ခု ဖြစ်ပါတယ်။ ဖုန်းခေါ်ဆိုတာ စကားပြောတာတွေကို Group နဲ့ပြုလုပ်နိုင်သလို ၂၀၁၈ ခုနှစ်က စတင်ပြီးလည်း Viber Community တွေကို ဖန်တီးပြုလုပ်ခွင့်ပေးထားပြီ ဖြစ်ပါတယ်။ အချိန်အားဖြင့် ကြာပြီဖြစ်ပေမယ့် Viber Community ကိုဘယ်လိုလုပ်ရမလဲဆိုတာ မသိသေးတဲ့သူတွေအတွက် အဆင့်ဆင့် ဖော်ပြပေးလိုက်ပါတယ်။ 

Photo Source https://www.viber.com/en/

Viber Community တစ်ခုဖွင့်ဖို့အတွက် –

၁။ Compose သင်္ကေတကိုနှိပ်ပါ

၂။ Community ပြုလုပ်မှာ ဖြစ်တဲ့အတွက် New Community ကိုရွေးချယ်ပါ။

၃။ ကိုယ်ထားချင်တဲ့ Community ရဲ့ နာမည်ကိုရေးပါ။

၄။ Community အတွက် သက်ဆိုင်ရာ Description ကိုထည့်ပါ။

၅။ Community Icon ကိုထည့်ဖို့အတွက် Camera ပုံကိုနှိပ်ပါ။

၆။ အပေါ်ဘက်က အမှန်ခြစ်ကိုနှိပ်ပြီး Confirm ပြုလုပ်ပါ။

၇။ Community ထဲထည့်သွင်းချင်တဲ့ Contact တွေကို ရွေးချယ်ပါ။ (ဒီအဆင့်မှာ ရွေးချယ်ပြီးထည့်လိုက်တဲ့ Contact တွေက အလိုအလျောက် Admin တွေဖြစ်သွားမှာ ဖြစ်ပါတယ်။)

Viber Community မှာ Superadmin, Admin နဲ့ Member ဆိုပြီး Position သုံးမျိုးရှိပါတယ်။ Superadmin တွေက Community ကိုဖန်တီးခဲ့သူဖြစ်ပြီး Community တစ်ခုလုံးကို အပြည့်အဝထိန်းချုပ်နိုင်စွမ်းရှိပါတယ်။ Admin တွေကတော့ Superadmin တွေက ခန့်အပ်ခဲ့သူတွေဖြစ်ပြီး Community Content တွေကို ဖန်တီးပြင်ဆင်ရပါတယ်။ Member တွေကတော့ Community ထဲဝင်ရောက်လာသူတွေဖြစ်ပါတယ်။ 

Photo Source https://www.viber.com/en/

Superadmin တစ်ယောက်ဟာ –

  • Admin နဲ့ Member တွေရဲ့ စာအရေးအသားတွေကို ထိန်းချုပ်နိုင်ပါတယ်။
  • Member တွေကို ထည့်လို့ ဖယ်ရှားလို့ရပါတယ်။
  • Member တွေကို Admin ဒါမှမဟုတ် Superadmin အထိ ရာထူးတိုးပေးလို့ရပါတယ်။
  • Member ကို Ban ဒါမှမဟုတ် Block ပြုလုပ်နိုင်ပါတယ်။
  • Community ရဲ့ ဓာတ်ပုံ၊ နာမည်နဲ့ Description တွေကို ပြင်ခွင့်ရှိပါတယ်။
  • Community ထဲ Member တွေအနေနဲ့ ဝင်ရောက်စကားပြောခွင့် ရှိမရှိ သတ်မှတ်နိုင်ပါတယ်။
  • Member အသစ်တွေကို ဖိတ်ခေါ်နိုင်ပါတယ်။
  • Group Discussion တွေပြုလုပ်ဖို့အတွက် Pin Message ပြုလုပ်နိုင်ပါတယ်။
  • Member တစ်ယောက်စီရေးသားထားတဲ့ စာတစ်စောင် ဒါမှမဟုတ် အားလုံးကို ဖျက်နိုင်ပါတယ်။

Admin တွေအနေနဲ့ကတော့ –

  • Community Member တွေကို ထည့်နိုင်၊ ဖယ်ရှားနိုင်ပါတယ်။
  • Group Discussion ဒါမှမဟုတ် အားလုံးသတိထားမိစေဖို့အတွက် Pin Message ပြုလုပ်နိုင်ပါတယ်။
  • Member တစ်ယောက်ရဲ့ စာတစ်စောင် ဒါမှမဟုတ် အားလုံးကို ဖျက်နိုင်ပါတယ်။

အခြား Member တွေကတော့ စာတွေကို React ပေးတာ၊ Comment ပေးတာတွေနဲ့ စာပို့ခွင့်ပေးထားရင်တော့ စာတွေပုံတွေ ပေးပို့နိုင်မှာ ဖြစ်ပါတယ်။ 

Photo Source https://www.viber.com/en/

Viber Community မှာ အခြား public chat တွေနဲ့မတူဘဲ အဓိက Chat list ကနေပဲသူတို့ရဲ့ Private chat အထိသွားရောက်နိုင်ပါတယ်။ Admin Role တွေလည်း စုံလင်တဲ့အပြင် Member တွေရဲ့ လုပ်ဆောင်ချက်တွေကိုလည်း ပြင်ဆင်နိုင်ပါသေးတယ်။ Info ကနေတစ်ဆင့် ကိုယ့် Community ရဲ့ Insight တွေကိုလည်း ကြည့်ရှုစစ်ဆေးနိုင်ပါတယ်။ Community တွေကို “@” အသုံးပြုပြီး Search မှာ လွယ်လွယ်ကူကူပဲ ရှာဖွေနိုင်ပါသေးတယ်။ Group ပဲဖြစ်ဖြစ် Community မှာပဲဖြစ်ဖြစ် ပါဝင်တဲ့ Poll function ဟာလည်း လိုအပ်တဲ့တုန့်ပြန်ချက်တွေကို ရရှိနိုင်ဖို့အတွက် အသုံးတည့်တဲ့ Function တစ်ခုဖြစ်ပါတယ်။