Telenor ‘ရှယ် Spin၊ ရှယ် Win’ ကံစမ်းမဲအစီအစဉ်၏ အထူးဆုကံထူးရှင်များအား KIA Picanto ကားသစ်လေးစီး ပေးအပ်ချီးမြှင့်

တယ်လီနောမြန်မာမှ ‘ရှယ် Spin၊ ရှယ် Win’ ကံစမ်းမဲ အစီအစဉ်အတွက် အထူးဆုကံထူးရှင်များအား KIA Picanto ကားသစ်လေးစီးကို ၂၀၁၉ ခုနှစ် ဇူလိုင်လ ၃ ရက်နေ့တွင် လွှဲပြောင်းပေးအပ်ချီးမြှင့်ခဲ့ပြီးဖြစ်ကြောင်းသိရသည်။
အထူးဆု ကံထူးရှင်များအား Telenor ၏ ရုံးချုပ်သစ် ‘Telenor Square’ သို့ ဖိတ်ခေါ်ကာ ‘ရှယ် Spin၊ ရှယ် Win’ အစီအစဉ် တွင် ပါဝင်ခဲ့သည့်အတွက် ကျေးဇူးတင်ကြောင်းပြောကြားခဲ့ပြီး ကားသစ်လေးစီးအား လွှဲပြောင်းပေးအပ်ခဲ့ခြင်းလည်းဖြစ် သည်။

Photo Source – https://www.telenormyanmar.com.mm

အထူးဆု ကံထူးရှင် ၄ ဦး၏ အမည်များမှာ –
(၁) ကိုဖြိုးပြည့်အောင်သိန်း (မန္တလေးတိုင်းဒေသကြီး၊ မြစ်ငယ်)
(၂) ကိုမင်းမင်းဇော် (စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်း)
(၃) ကိုစံမင်း (မွန်ပြည်နယ်၊ မော်လမြိုင်မြို့)
(၄) ခွန်နေကိုကိုဦး (ပဲခူးတိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်) တို့ ဖြစ်ကြောင်းလည်းသိရသည်။

Photo Source – https://www.telenormyanmar.com.mm

တယ်လီနောမြန်မာသည် ‘ရှယ် Spin၊ ရှယ် Win’ အမည်ရ အထူးကံစမ်းမဲ အစီအစဉ်ကို MyTelenor app ပေါ်တွင် ၂၀၁၉ ခုနှစ်၊ မေလ ၈ ရက်နေ့မှ ဇွန်လ ၂၁ ရက်နေ့အထိ ပြုလုပ်ခဲ့ပြီး တယ်လီနော၏ prepaid သုံးစွဲသူများအားလုံးသည် မည်သည့် ဒေတာအစီအစဉ်ကိုဖြစ်စေ မည်သည့်နည်းလမ်းဖြင့်မဆို (USSD၊ SMS၊ ဝက်ဘ်ဆိုက်၊ WowBox၊ MyTelenor App၊ E-Load) ဝယ်ယူလိုက်သည်နှင့်တပြိုင်နက် စိတ်လှုပ်ရှားဖွယ်ရာပရိုမိုးရှင်းအစီအစဉ်တွင် ပါဝင်ခွင့်ရရှိခဲ့ကြကြောင်းလည်း သိရသည်။ သုံးစွဲသူများသည် ၎င်းတို့၏ ဝယ်ယူမှုပမာဏအပေါ်မူတည်၍ spin ပြုလုပ်ခွင့်အရေအတွက်များကို ရရှိပြီး MyTelenor app အတွင်းရှိ spin wheel အား ယင်းတို့ကိုအသုံးပြု၍လှည့်ကာ ကံစမ်းခဲ့ကြခြင်းဖြစ်သည်။

Photo Source – https://www.telenormyanmar.com.mm

ရရှိနိုင်သည့် နေ့စဉ်ဆုမဲများတွင် Samsung J2 မိုဘိုင်းဟန်းဆက် ၅ ဆု၊ ဖုန်းဘေလ် (၂၀၀၀) ကျပ် (၅၀၀၀) ဆု (ပြည်တွင်းမှ မည်သည့်ဖုန်းကိုမဆို PAYGO ခေါ်ဆိုနိုင်)၊ အခမဲ့စာတိုအရေအတွက် (၁၀၀၀) ပေးပို့နိုင်ခွင့် (၅၀၀၀) ဆု၊ Giordano အရောင်းဆိုင်များတွင် ၁၅ ရာခိုင်နှုန်းလျှော့ဈေးခံစားခွင့် (၃၀၀၀) ဆုနှင့် SHOP အက်ပလီကေးရှင်းတွင် အနည်းဆုံး ငွေကျပ် (၁၀၀၀၀) အသုံးပြုမှုတိုင်းအတွက် (၂၀၀၀) ကျပ် လျှော့ဈေး ခံစားခွင့် (၃၀၀၀) ဆုတို့ ပါဝင်ခဲ့ကြောင်း သိရသည်။

Photo Source – https://www.telenormyanmar.com.mm

ထို့အပြင် ကံစမ်းမဲကာလ ပြီးဆုံးသည့်အခါတွင်လည်း ‘ရှယ် SPIN၊ ရှယ် WIN’ အစီအစဉ်တွင် ပါဝင်ကံစမ်းခဲ့သည့် အသုံးပြုသူအားလုံးသည် အခြားမည်သည့်လုပ်ဆောင်ချက်မျှ ထပ်မံလုပ်ဆောင်စရာမလိုပဲ KIA Picanto ကားသစ် (၄) စီးအားပိုင်ဆိုင်နိုင်မည့် အခွင့်အရေးကိုလည်း ထပ်မံရရှိနိုင်ခဲ့ကြကြောင်းလည်းသိရသည်။
တယ်လီနောမြန်မာသည် ၎င်း၏ MyTelenor app မှတဆင့် ‘ရှယ် SPIN၊ ရှယ် WIN’ အမည်ရအထူးကံစမ်းမဲအစီအစဉ် အား ၂၀၁၉ ခုနှစ်၊ မေလ ၈ ရက်နေ့တွင် စတင်မိတ်ဆက်ထားခဲ့ခြင်းလည်းဖြစ်သည်။
မြန်မာနိုင်ငံမှ Telenor အသုံးပြုသူများအတွက် ပိုမိုကောင်းမွန်သော အသုံးပြုမှုအတွေ့အကြုံများနှင့် ဒစ်ဂျစ်တယ် အတွေ့အကြုံများအား ပေးအပ်သွားနိုင်ရန် ရည်ရွယ်ချက်ဖြင့် လတ်တလောတွင် ‘ခင်မင်’ Chatbot ဝန်ဆောင်မှု၊ Mobile Legends ဂိမ်းကစားသူများအတွက် စိတ်လှုပ်ရှားဖွယ်ရာ လက်ဆောင်များပေးအပ်သည့်အစီအစဉ်၊ တယ်လီနောအသုံး ပြုသူများသာ သီးသန့်ရယူနိုင်မည့် Disney Portal၊ ပုံစံသစ်ဒေတာစုဘူးဗေဒင်နှင့်တခြားသောဝန်ဆောင်မှုများ အစရှိသည့် အစီအစဉ်များစွာအားမိတ်ဆက်ပေးအပ်ခဲပြီးလည်းဖြစ်သည်။

Photo Source – https://www.telenormyanmar.com.mm

ထို့အပြင် မကြာသေးမီ အချိန်ကလည်း တယ်လီနောအနေဖြင့် သုံးစွဲသူများအတွက် ဆန်းသစ်သည့်ဒစ်ဂျစ်တယ်ပိုင်းဆိုင်ရာ ဝန်ဆောင်မှုအသစ်များအား ဖန်တီးပေးအပ်နိုင်ရန်ရည်ရွယ်ချက်ဖြင့် မြန်မာနိုင်ငံတွင်အကောင်းမွန်ဆုံးနှင့် လူကြိုက်အများဆုံး သော ဗီဒီယိုအက်ပလီကေးရှင်းများဖြစ်သည့် myanflix, YouTube, Viu, WowPlay တို့နှင့် ပူးပေါင်းဆောင်ရွက်မှုပိုင်းဆိုင်ရာ သဘောတူညီမှုစာချုပ်ကို လက်မှတ်ရေးထားခဲ့ပြီးလည်းဖြစ်သည်။