Telenor Myanmar မှ ဂီတနှင့် ဗီဒီယို Content များကို မိုဘိုင်းဖုန်းပေါ်တွင် ပိုမိုကောင်းမွန်စွာ ကြည့်ရှုနားဆင်လိုသော တယ်လီနောသုံးစွဲသူများအတွက် အကောင်းမွန်ဆုံးဖြည့်ဆည်းပေးနိုင်ရန် ကြိုးပမ်းသည့်အနေဖြင့် ဖျော်ဖြေရေးဝန်ဆောင်မှု များကို ဈေးနှုန်းသင့်တင်စွာဖြင့် ရရှိနိုင်ရန်အထူးစီမံထားသည့် ဒေတာစုဘူးပက်ကေ့ချ်အသစ်တစ်ခုကို တယ်လီနောမြန်မာက မိတ်ဆက်ထားပြီးဖြစ်ပြီး စတင်အသုံးပြုနိုင်ပြီဖြစ်ကြောင်း Telenor Myanmar မှသိရသည်။
၂၀၁၉ ခုနှစ်၊ ဇူလိုင်လ မှ စ၍ ဖျော်ဖြေရေး ဒေတာစုဘူးအသစ်ကို မြန်မာကျပ် (၁၄၉၉) (ကုန်သွယ်ခွန်ပါဝင်ပြီး) ဖြင့် ဝယ်ယူအသုံးပြုသူများအနေဖြင့် ဒေတာပမာဏ 1GB (ရက် ၃၀ သက်တမ်း) သာမက ငွေကျပ် (၂၂၉၉) တန်ဖိုးရှိ JOOX VIP (ရက် ၃၀ သက်တမ်း)နှင့် ငွေကျပ် (၅၀၀၀) တန်ဖိုးရှိ VIU Premium (ရက် ၃၀ သက်တမ်း) တို့ကို အခမဲ့ ရရှိနိုင်မည်ဖြစ် ကြောင်းသိရသည်။
Photo Source – https://www.telenor.com.mm
ထိုကဲ့သို့ ဆန်းသစ်ခေတ်မီပြီး ဈေးနှုန်းသင့်တင့်သည့် ဖျော်ဖြေရေးဒေတာကို ဝယ်ယူလိုသူများ အနေဖြင့် *7199*1# သို့ ဖုန်းခေါ်၍ သို့မဟုတ် MyTelenor App နှင့် WowBox App တို့မှ တဆင့် ဝယ်ယူနိုင်မည်ဖြစ်ပြီး အသုံးမပြုရသေးသော ဒေတာပမာဏကို နောက်တစ်ချိန် ပြန်လည်ဝယ်ယူသောအခါတွင် ထပ်ပေါင်းပေးသွားမည်လည်းဖြစ်သည်။
“မြန်မာနိုင်ငံမှာက ဂီတနဲ့ဗီဒီယိုကို ကြိုက်နှစ်သက်ကြသူတွေ များပါတယ်။ မိုဘိုင်းနည်းပညာကို လူတွေပိုပြီးလက်လှမ်းမီ လာကြတာနဲ့အမျှ ဖျော်ဖြေရေးကဏ္ဍအတွက် မိုဘိုင်းဖုန်းက အဓိကနေရာမှာ ပါဝင်လာပါတယ်။ တယ်လီနောသုံးစွဲသူတွေ ကလည်း Streaming လုပ်တဲ့ အက်ပလီကေးရှင်းတွေမှာ ဒေတာသုံးစွဲမှု ဆက်လက်မြင့်မား လျက်ရှိတာကိုတွေ့ရပါတယ်။ ဒေတာစုဘူးအသစ်မှာလည်း တယ်လီနောရဲ့ မိတ်ဖက်တွေဖြစ်တဲ့ JOOX နဲ့ VIU တို့ရဲ့ အကောင်းမွန်ဆုံး ဂီတနဲ့ဗီဒီယို ဝန်ဆောင်မှုတွေကို ထည့်သွင်းပေးထားပါတယ်။ အခုဒေတာစုဘူးမှာ မြန်မာကျပ်ငွေ စုစုပေါင်း (၇၉၉၉) တန်ဖိုးရှိတဲ့ ဝန်ဆောင်မှုတွေကို (၁၄၉၉) ကျပ် အသုံးပြုရုံနဲ့ ရယူနိုင်အောင် စီစဉ်ပေးထားပါတယ်။ ဒီလိုဆန်းသစ်တဲ့ထုတ်ကုန်ကနေ တဆင့် အသုံးပြုသူတွေရဲ့ ဒစ်ဂျစ်တယ်အတွေ့အကြုံကို ပိုမိုကောင်းမွန်လာစေနိုင်မယ်လို့ ယုံကြည်ပါတယ်” ဟု တယ်လီနောမြန်မာ၏ Head of Digital Services ဖြစ်သော Mrs Chan May Ling က ပြောကြားသည်။
ယခုအခါ ဒေတာစုဘူးအသစ်ကို စာရင်းပေးဝယ်ယူလိုက်ရုံဖြင့် JOOX ၏ VIP အကျိုးခံစားမှုများဖြစ်သည့် မိမိ အနှစ်သက်ဆုံး နောက်ဆုံးပေါ် တေးဂီတသီချင်းများကို နားဆင်နိုင်ခြင်း၊ သီချင်းများကို Offline နားထောင်နိုင်ခြင်း၊ Hi-Fi အရည်အသွေး ရရှိခြင်း၊ သီချင်းများကို အစဉ်လိုက်မဟုတ်ဘဲ ကြိုက်ရာကို ရွေးချယ်နားဆင်နိုင်ခြင်းနှင့် ကြော်ငြာများ မပါဝင်ခြင်းစသည့် အထူးအခွင့်အရေးများကို ရရှိမည်ဖြစ်သည်။ ထို့အတူ VIU Premium အသုံးပြုသူများရရှိသည့် ပြည်တွင်းနှင့် ဒေသတွင်းမှ ရုပ်ရှင်နှင့် ဇာတ်လမ်းတွဲများ၊ Premium Content များ စသည်တို့ကို ငွေကြေးထပ်မံ ပေးသွင်းစရာမလိုအပ်ဘဲ ပုံမှန်ဒေတာ ကုန်ကျမှုဖြင့် ကြည့်ရှုနိုင်မည်ဖြစ်ကြောင်းလည်းသိရသည်။
တယ်လီနောမြန်အနေဖြင့် ရှယ် Spin၊ ရှယ် Win ကံစမ်းမဲ အစီအစဉ်အတွက် အထူးဆုကံထူးရှင်များအား KIA Picanto ကားသစ်လေးစီးကို ၂၀၁၉ ခုနှစ် ဇူလိုင်လ ၃ ရက်နေ့တွင် လွှဲပြောင်းပေးအပ်ချီးမြှင့်ခဲ့ပြီးဖြစ်ကြောင်းလည်းသိရသည်။
Photo Source – https://www.telenor.com.mm
တယ်လီနောမြန်မာသည် နိုင်ငံတဝန်းရှိ ဆက်သွယ်ရေးတာဝါတိုင်ပေါင်း ၈၃၀၀ ကျော်ဖြင့် ပြည်နယ်နှင့်တိုင်းဒေသကြီး အားလုံးရှိ အသုံးပြုသူပေါင်း ၁၉ သန်းကျော်ထံသို့ ၎င်း၏ 2G၊ 3G နှင့် 4G ကွန်ရက်များဖြင့် ဝန်ဆောင်မှုများ ပေးအပ်လျက်ရှိပြီး တယ်လီနောမြန်မာ၏ လုပ်ငန်းစုဖြစ်သော တယ်လီနောလုပ်ငန်းစုသည် ကမ္ဘာ့အကြီးဆုံးမိုဘိုင်းအော်ပ ရေတာများအနက်တစ်ခုဖြစ်ပြီး စကင်ဒီနေးဗီးယန်းဒေသနှင့် အာရှတိုက်တဝန်းတွင် အသုံးပြုသူပေါင်း ၁၇၆ သန်းကျော်အား ပိုင်ဆိုင်ထားကာ စီးပွားရေးလုပ်ငန်းများကို လုပ်ဆောင်နေသောလုပ်ငန်းစုဖြစ်သည်။
ပိုမိုသိရှိလိုပါက https://www.telenor.com နှင့် https://www.telenor.com.mm တွင်ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။