Google နှင့် Vietjet လေကြောင်းလိုင်း ပူးပေါင်းဆောင်ရွက်ခြင်းအနေဖြင့် လေယာဉ်လက်မှတ်များအား သုညကျပ်မှစတင်ရောင်းချ

Vietjet လေကြောင်းလိုင်းသည် ဗီယက်နမ်၏ခရီးသွားလုပ်ငန်း ကဏ္ဍမြှင့်တင်ရန်အတွက် Google နှင့်ပူးပေါင်းဆောင်ရွက် ခြင်း အထိမ်းအမှတ်အနေဖြင့် လေယာဉ်လက်မှတ် ၁ ဒဿမ ၅ သန်းကို အထူးဈေးနှုန်းဖြစ်သည့် “သုည”ကျပ်မှ (အခွန် နှင့်အခြားအခွန်အခများမပါ) စတင်ပြီး အခြားစိတ်လှှုပ်ရှားဖွယ်ကောင်းသော အထူးလက်ဆောင်များကို ရောင်းချပေးသွား မည်ဖြစ်ကြောင်း ၂၀၁၉ ခုနှစ် ဇူလိုင် ၂၄ ရက်နေ့တွင်ထုတ်ပြန်ကြေငြာသည်။
လက်မှတ်များကို ရန်ကုန်-ဟနွိုင်းခရီးစဉ် အပါအဝင် အခြားနိုင်ငံတကာလေကြောင်း ခရီးစဉ်အားလုံးအတွက် ၂၀၁၉ ခုနှစ် ဇူလိုင်လ ၂၃ ရက်မှ ၂၅ ရက်ထိ နေ့လည် ၁၁ နာရီခွဲမှ ၁ နာရီခွဲ အတွင်း ဝယ်ယူနိုင်မှာဖြစ်ပြီး အဆိုပါလေယာဉ် လက် မှတ်များကို Vietjet ဝဘ်ဆိုဒ် https://www.vietjetair.com တွင်လည်းကောင်း Google Flights တွင်လည်းကောင်း ဝယ် ယူနိုင်မည်လည်းဖြစ်သည်။

Photo Source – https://bit.ly/2N0wlGY

Google Flights နှင့်ပူးပေါင်းဆောင်ရွက်ခြင်းအားဖြင့် ခရီးသွားများအတွက် Vietjet လေကြောင်းလိုင်း၏ တိုက်ရိုက်ပျံသန်း သော ခရီးစဉ်များကို မိတ်ဆက်ပေးရုံသာမက ခရီးသွားဧည့်သည်များအတွက် အထူးသီးသန့်နှင့်သက်တောင့်သက်သာ ရှိသော အကောင်းဆုံးပျံသန်းမှှုခရီးစဉ် အတွေ့အကြုံများကိုလည်း ပေးအပ်သွားမည်ဖြစ်ပါသည်။ ခရီးသွားများအနေနှင့် လွယ်ကူသောနည်းလမ်းများဖြင့် Vietjet လေကြောင်းလိုင်း၏ လေယာဉ်ချိန်များ၊ လေယာဉ်နံပါတ်များနှင့်ဈေးနှှုန်းများကို လျင်မြန်လွယ်ကူစွာ ဝင်ရောက်ကြည့်ရှှုနိုင်မည်ဖြစ်ပါသည်။
အဆိုပါ လေယာဉ်လက်မှတ်များသည် ပြည်တွင်းခရီးစဉ်အတွက် ၂၀၁၉ ခုနှစ် စက်တင်ဘာ ၅ ရက်နေ့မှ ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ နှင့် နိုင်ငံတကာ ခရီးစဉ်များအတွက် ၂၀၁၉ ခုနှစ် စက်တင်ဘာ ၅ ရက်နေ့မှ ၂၀၂၀ ဇွန်လ ၂၅ ရက်နေ့ အထိ (ပိတ်ရက်များမပါ) စီးနင်းနိုင်မည်ဖြစ်သည်။ မြန်မာခရီးသွားဧည့်သည်များအနေဖြင့် Vietjet လေကြောင်းလိုင်းနှင့်အတူ ဟနွိုင်းမှတဆင့် ဗီယက်နမ်နှင့်အာရှနိုင်ငံသို့ လွယ်ကူစွာဖြင့် အပန်းဖြေလေ့လာနိုင်ရန် ဈေးနှှုန်းချိုသာသော လက်မှတ်များ ဝယ်ယူကာ ခရီးစဉ်များကို စတင်စီစဉ်နိုင်ပြီဖြစ်ပါသည်။ လက်ရှိတွင် Vietjet လေကြောင်းလိုင်းသည် ရန်ကုန်-ဟနွိုင်း အသွားအပြန်ခရီးစဉ်ကို တစ်ပါတ်လျှင် ၅ ရက် ပြေးဆွဲပေးလျက်ရှိကြောင်းလည်းသိရသည်။

အများကြိုက်နှစ်သက်သော လေကြောင်းလိုင်းတစ်ခုဖြစ်ရန် ရည်ရွယ်ပြီး Vietjet သည် ခရီးသည်များ၏ လိုအပ်ချက်များကို ဖြည့်စည်းနိုင်ရန်ထုတ်ကုန်များနှင့်ဝန်ဆောင်မှုများ ထပ်မံတိုးချဲ့ခြင်း၊ ခေတ်မီနည်းပညာများတွင် ရင်းနှီးမြုပ်နှံခြင်း၊ လေယာဉ် များထပ်မံဖြည့်တင်းခြင်း၊ ခရီးစဉ်သစ်များ ထပ်မံတိုးချဲ့ခြင်းများကို ဆက်လက်လုပ်ဆောင်လျက်ရှိပြီး Google Flights နှင့် အတူ Vietjet လေကြောင်းလိုင်းသည် ဗီယက်နမ်နိုင်ငံ၊ လူမျိုးများနှင့် ခရီးသွားလုပ်ငန်းများကို ကမ္ဘာ့တစ်ဝှမ်းသို့ မိတ်ဆက် ပေးပြီး သက်တောင့်သက်သာရှိသော ခရီးသွားအခွင့်အလမ်းများကိုလည်း ဗီယက်နမ်လူမျိုးနှင့်နိုင်ငံတကာခရီးသွားများ အတွက် ဖန်တီးပေးသွားမည်ဖြစ်ကြောင်းထုတ်ပြန်ချက်တွင်ပါရှိသည်။
စုံစမ်းမေးမြန်းမှုများအတွက် call center ဖုန်းနံပါတ် 09 789 323 828 သို့လည်းကောင်း၊ ရုံးဖွင့်ရက်များတွင် နံနက် ၉ နာရီမှ ညနေ ၅ နာရီ ၊ စနေနေ့တွင် နံနက် ၉ နာရီမှ မွန်းတည့် ၁၂ နာရီ ကြား ရုံးချိန်အတွင်း အခန်း (၀၁-၀၆)၊ ပထမထပ်၊ Yuzana Business Tower ၊ အမှတ် (၂၅)၊ ဓမ္မစေတီလမ်း၊ မြေနီကုန်း၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန်ရှိ ရုံးခန်းသို့လည်းကောင်း ဆက်သွယ်နိုင်ကြောင်းလည်းသိရသည်။

Vietjet သည် ဗီယက်နမ်၏ ပထမဆုံးသော ခေတ်သစ်လေကြောင်းလိုင်းကုမ္ပဏီဖြစ်ပြီး သယ်ယူပို့ဆောင်ရေး ဝန်ဆောင် မှုကိုသာမက အခြားဝန်ဆောင်မှုပုံစံ မျိုးစုံအတွက် နောက်ဆုံးပေါ် e-commerce နည်းပညာများကို အသုံးပြုလျက် ရှိသည်။
လက်ရှိတွင် Vietjet လေကြောင်းလိုင်းသည် ဗီယက်နမ်နိုင်ငံတွင်းအပါအဝင် ဂျပန်၊ ဟောင်ကောင်၊ စင်ကာပူ၊ တောင်ကို ရီးယား၊ ထိုင်ဝမ်၊ တရုတ်ပြည်မကြီး၊ ထိုင်း၊ မြန်မာ၊ မလေးရှား နှင့် ကမ္ဘောဒီးယားနိုင်ငံများသို့ နေ့စဉ် လေယာဉ်အစီးရေ ၄၀၀ ခန့်ဖြင့် လမ်းကြောင်း ၁၂၀ ကြောင်းနှင့်အတူ ယနေ့အထိ ခရီးသည်ပေါင်း ၈၀ သန်းကို ပို့ဆောင်ပေးခဲ့ပြီးဖြစ်ကြောင်းလည်း ထုတ်ပြန်ထားသည်။