နည်းပညာ၊ ပညာရေး စသည့်ကဏ္ဍပေါင်းစုံပါဝင်သည့် Japan-Myanmar Resource, Trade & Investment Expo 2019 ကျင်းပမည်

နည်းပညာ၊ ပညာရေး၊ ရိုးရာဓလေ့၊ အိမ်ခြံမြေ၊ ခရီးသွား၊အသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများ၊ အလုပ်အကိုင် အခွင့်အလမ်းများနှင့်မြန်မာနိုင်ငံအတွက် ရည်မှန်းထားသည့်ရင်းနှီးမြှုပ်နှံ့မှုများ မြန်မာနိုင်ငံ၌ ကိုယ်တိုင်ကိုကျလေ့လာနိုင် စေရန် Japan-Mayanmar Resource, Trade and Investment Expo 2019 ကိုကျင်းပပြသသွားမည်ဖြစ်ကြောင်းသိရ သည်။
အဆိုပါပြပွဲကို ၂၀၁၉ ခုနှစ် အောက်တိုဘာ ၁၉ ရက်နှင့် ၂၀ ရက်များတွင်ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။ Japan-Mayanmar Resource,Trade and Investment Expo 2019 သည် Sponsors များ၊ ပြပွဲပြသသူများနှင့်လာရောက်လည် ပတ်သူများအကြား အပြန်အလှန်အကျိုးရှိစေမည်ဖြစ်ပြီး အင်ယားလိတ်ဟိုတယ်ဝင်းအတွင်းရှိ စတုရန်းမီတာ တစ်သောင်းခန့် ကျယ်ဝန်းသော Yangon Convention Centre (YCC) ခန်းမအသစ်တွင် ပြခန်းပေါင်း ၁၅၀ ကျော်ဖြင့် ကျင်းပပြုလုပ်သွား မည်ဖြစ်ကြောင်းသိရသည်။

Photo Source – https://bit.ly/311Z4Pw

အဆိုပါပြပွဲကို မြန်မာနိုင်ငံဆိုင်ရာဂျပန်သံရုံး (Embassy of Japan In Myanmar) နှင့် Japan External Trade Organisation (JETRO) တို့၏ ပံ့ပိုးကူညီမှုဖြင့် Synergy Focus International(SFI) မှ Organizer အဖြစ်ကျင်းပပြုလုပ် ခြင်းလည်းဖြစ်သည်။
“ဒီပွဲဟာ လာရောက်လေ့လာသူများကို သင့်တော်ပြီးအလားအလာရှိတဲ့ ဈေးကွက်နဲ့အကျိုးရှိရှိ ချိတ်ဆက်နိုင်အောင် မိတ် ဆက်ပေးခြင်းဖြစ်ပါတယ်။ ကဏ္ဍမျိုးစုံပါဝင်တဲ့ဒီပွဲဟာ ဂျပန်နိုင်ငံရဲ့လူမှုရေး၊ စီးပွားရေးအခွင့်အလမ်းများ၊ အထွေထွေဗဟုသု တနဲ့ဂျပန်နိုင်ငံရဲ့ ရိုးရာဓလေ့များကို ပြပွဲပြသသူများရောလာရောက်လေ့လာသူတွေရော အကျိုးရှိစေဖို့အတွက် ဖန်တီးပေး တာဖြစ်ပါတယ်”ဟု Synergy Focus International(SFI) ၏ CEO ဖြစ်သူ ဦးကျော်လင်းထွန်းမှ ပြောကြားသည်။
အဆိုပါပွဲတွင် အကျိုးရှိပြီးစိတ်ဝင်စားဖွယ်ကောင်းသည့် ဆွေးနွေးပွဲ (Key notes and Seminars) များကိုလည်းပြုလုပ်သွား မည်ဖြစ်ပြီး ဌာနဆိုင်ရာမှအကြီးအကဲများ၊ ဂျပန်အဖွဲ့အစည်းများအပါအဝင် ပုဂ္ဂလိကလုပ်ငန်းများမှ တာဝန်ရှိပုဂ္ဂိုလ်များမှ ၎င်း တို့၏ အမြင်နှင့်အတွေ့အကြုံများကို ဖလှယ်သွားကြမည်ဖြစ်ကြောင်းလည်းသိရသည်။
“ဂျပန်နဲ့မြန်မာကြားက ရင်းနှီးရှည်ကြာတဲ့ဆက်ဆံရေးတစ်ခုထူထောင်ထားနိုင်ခဲ့တာ နှစ်ပေါင်း ၆၀ ကျော်ကာလတစ်ခုရှိလာပါ ပြီ။ သေချာတာတစ်ခုကတော့ ဒီလိုပွဲမျိုးကို ဆောင်ရွက်ခြင်းဖြင့် နှစ်နိုင်ငံကြားပြည်သူများဟာ အချင်းချင်းပိုမိုနားလည်လာပြီး တော့ ရင်းနှီးမှုတွေကမှတဆင့် အနာဂတ်ကာလမှာဖြစ်ပေါ်လာမယ့် လက်တွဲဆောင်ရွက်မှုတွေကနေ နှစ်နိုင်ငံလုံးအတွက် ပိုမိုအကျိုးရှိတဲ့ ရလဒ်တွေဖြစ်ပေါ်လာမှာပဲဖြစ်ပါတယ်”ဟု Japan Myanmar Resource, Trade & Investment Expo 2019 ၏ အကြီးတန်းအကြံပေးဒေါက်တာနုနုယဉ်မှ ပြောကြားသည်။

Photo Source By Myanmar Tech Press

အဆိုပါပြပွဲတွင် ပြည်တွင်းရှိ စီးပွားရေးလုပ်ငန်းလုပ်ကိုင်နေသူများအနေဖြင့် မြန်မာနိုင်ငံအတွက် စီးပွားရေးတိုးတက်မှုများ၊ အနာဂတ်ရင်းနှီးမြှုပ်နှံမှုများနှင့်အခွင့်အလမ်းများကို သိသာထင်ရှားစွာမြင်တွေ့နိုင်မည်ဖြစ်သည်။ ထိုပြပွဲမှ မြန်မာလူမျိုးများ နှင့်ဂျပန်လူမျိုးများအကြား နှစ်နိုင်ငံစီးပွားရေး၊ ယဉ်ကျေးမှုများ ဖလှယ်နိုင်ရန်ဖန်တီးပေးထားသည့်အတွက် ထုတ်ကုန်များ၊ ဝန်ဆောင်မှုများနှင့်ကုန်အမှတ်တံဆိပ်များအရောင်းမြှင့်တင်ခြင်း စသည်တို့ကို ပြုလုပ်လိုသည့် ရင်းနှီးမြှုပ်နှံလိုသူများအနေ ဖြင့် မြန်မာ့ဈေးကွက်ကိုလေ့လာခြင်း စသည်တို့ကို ပြုလုပ်လိုသည့် ရင်းနှီးမြှုပ်နံှလိုသူများအနေဖြင့် မြန်မာ့ဈေးကွက်ကိုလေ့ လာနိုင်ခြင်း အကျိုးကျေးဇူးများကို ရရှိမည်လည်းဖြစ်သည်။
“ကျွန်တော်မြင်တာကတော့ မြန်မာနိုင်ငံမှာ အောင်မြင်တဲ့လုပ်ငန်းဖြစ်လာဖို့က မှန်ကန်တဲ့လုပ်ဖော်ကိုင်ဖက်ရရှိဖို့ပါပဲ။ ဒီပွဲကြီး ကို ဂျပန်နဲ့မြန်မာက လုပ်ငန်းရှင်တော်တော်များများပါဝင်ကြမှာပါ။ ဒီပွဲကြီးကနေပြီးတော့ ဂျပန်လုပ်ငန်းရှင်များအနေနဲ့ သင့် တော်တဲ့ လုပ်ဖော်ကိုင်ဖက်တွေကို ရရှိလာလိမ့်မယ်လို့ မျှော်မှန်းပါတယ်”ဟု Japan-Mayanmar Resource, Trade & Investment Expo ၏ Organizing Partners ဖြစ်သူ Mr.Shinsuke Goto ကပြောကြားသည်။