Digital CV နည်းပညာကိုအပြည့်အဝအသုံးပြုထားသည့် ပထမဆုံးအလုပ်အကိုင်ပြပွဲကျင်းပမည်

JobNet မှ ရန်ကုန်မြို့၌ တစ်နှစ်နှစ်ကြိမ်ကျင်းပလေ့ရှိသောအလုပ်အကိုင်ပြပွဲကြီးတစ်ခုဖြစ်သည့် JobNATION 2019 အလုပ်အကိုင်ပြပွဲကြီးတွင် ဒစ်ဂျစ်တယ် CV နည်းပညာကို ထည့်သွင်းထားပြီး အလုပ်အကိုင်ရှာဖွေသူပေါင်း ၁၅၀၀၀ ကျော်ကို ထိပ်တန်းကုမ္ပဏီပေါင်း ၆၀ နှင့်ချိတ်ဆက်ပေးသွားမည့် အလုပ်အကိုင်ပြပွဲကြီးကို ၂၀၁၉ ခုနှစ် စက်တင်ဘာ ၂၁ ရက်နေ့တွင် ရန်ကုန်မြို့ Novotel Hotel တွင် မနက် ၉ နာရီမှ ညနေ ၅ နာရီအထိကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါအလုပ်အကိုင်ပြပွဲကြီးသည် ဒစ်ဂျစ်တယ် CV အသစ်နှင့်အတူ ဒစ်ဂျစ်တယ် ID နည်းပညာအသစ်များဖြင့် မြန်မာနိုင်ငံ တွင်ပထမဆုံးကျင်းပမည့် စာရွက်စာတမ်းများမလိုအပ်သောအလုပ်အကိုင်ပြပွဲတစ်ခုဖြစ်ကြောင်းလည်းသိရသည်။

Photo Source – https://www.facebook.com/jobnet.com.mm/

လက်ရှိတွင်အလုပ်အကိုင်ရှာဖွေသူများအနေဖြင့် အလုပ်လျှောက်ထားရာတွင်မိမိတို့၏ CV စာရွက်စာတမ်းများကို အချိန်ကုန်၊ ငွေကုန်ခံပြီး ပြုလုပ်သယ်ဆောင်ရန်မလိုတော့ဘဲ ကိုယ်ပိုင် Digital CV တစ်ခုကိုပြုလုပ်ထားရုံဖြင့် ကိုယ်နှင့်မကွာအမြဲထား ရှိနိုင်ပြီး အချိန်မရွေးအလုပ်လျှောက်ထားနိုင်လိမ့်မည်လည်းဖြစ်သည်။ ထို့အတွက်ကြောင့် JobNet.com.mm မှ အလုပ် အကိုင်ရှာဖွေသူများ၏ JobNet Profile နှင့် CV အားတိုက်ရိုက်ချိတ်ဆက်ထားသော Digital CV ID ဟုခေါ်သည် QR Code နည်းပညာတစ်ခုကို မြန်မာနိုင်ငံတွင် ပထမဆုံးစတင်မိတ်ဆက်ပေးလိုက်ခြင်းဖြစ်ကြောင်းလည်းသိရသည်။
ထိုနည်းပညာသည် အနာဂတ်အလုပ်အကိုင်အခွင့်အလမ်းများအတွက် အလုပ်ခေါ်ယူနေသူများနှင့်အလုပ်ရှာဖွေသူများ အကြား အချင်းချင်းအပြန်အလှန်ဆက်သွယ်နိုင်ပြီး အချက်အလက်များမျှဝေနိုင်မည့် အလားအလာကောင်းတစ်ခုလည်းဖြစ် သည်။
အချက်အလက်များကို အဆင်ပြေလွယ်ကူစွာ ဖလှယ်နိုင်သောအဆိုပါနည်းပညာသည် အလုပ်ရှာဖွေနေသူတစ်ယောက်၏ ဒစ်ဂျစ်တယ် CV ကိုအလုပ်ရှင်များထံ ချက်ချင်းပေးပို့နိုင်မည်ဖြစ်ပြီး ထိုနည်းတူ အလုပ်ခေါ်ယူနေသည့်ကုမ္ပဏီအနေဖြင့်လည်း မိမိတို့ကုမ္ပဏီ၏ Digital ID ကို အလုပ်လာရောက်လျှောက်ထားသူများထံပြပြီး ၎င်းတို့မှ ထို ID ကိုဖုန်းကင်မရာဖြင့် အလွယ်တကူ Scan ဖတ်လိုက်ရုံဖြင့် ကုမ္ပဏီ၏ Profile ကိုရောက်ရှိသွားမည်လည်းဖြစ်သည်။ JobNet ၏ CRM စနစ်ကို အသုံးပြုသည့်ကုမ္ပဏီများသည် အလုပ်လျှောက်ထားသူများ၏ CV များကို ကြည့်ရှုခြင်း၊ CV များကို အမျိုးအစားအလိုက်အုပ် စုခွဲခြင်း၊ မှတ်စုများမှတ်ခြင်းနှင့် ဝန်ထမ်းရွေးချယ်စိစစ်မှုများအား ယခင်ကထက် ပိုမိုထိရောက်စွာလုပ်ဆောင်နိုင်မည်လည်း ဖြစ်သည်။

Photo Source – https://www.facebook.com/jobnet.com.mm/

“ကျွန်တော်တို့ အခုမိတ်ဆက်လိုက်တဲ့နည်းပညာဟာဆိုရင် မြန်မာ့အလုပ်အကိုင်ဈေးကွက်အတွက် ကြီးမားတဲ့ပြောင်းလဲ မှုတစ်ခုပါပဲ။ အခုဆိုရင်တော့ အလုပ်ရှင်တွေဟာ သူတို့ကုမ္ပဏီရဲ့ဒစ်ဂျစ်တယ် ID ကို အလုပ်အကိုင်ပြပွဲမှာရှိတဲ့ သူတို့ ကောင်တာရဲ့အရှေ့မျက်နှာစာမှာ အလုပ်ရှာဖွေသူတွေအလွယ်တကူမြင်နိုင်အောင် ပြသထားနိုင်မှာဖြစ်ပြီး click တစ်ချက်နှိပ် လိုက်ရုံနဲ့ ကုမ္ပဏီရဲ့အကြောင်းအရာကို အွန်လိုင်းကနေတဆင့် အလွယ်တကူဝင်ရောက်ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။ အဲဒီ အပြင် အလုပ်ရှာဖွေနေတဲ့သူတွေဟာ သူတို့ရဲ့ကိုယ်ပိုင်ဒစ်ဂျစ်တယ် CV ကို သူတို့အိတ်ထဲ အမြဲထည့်နိုင်ပြီဆိုတော့ သူတို့ဘဝကိုပြောင်းလဲစေမယ့် အလုပ်အကိုင်အခွင့်အလမ်းတွေကို ဘယ်တော့မှလက်လွှတ်မှာမဟုတ်တော့ဘူးပေါ့” ဟု JobNet.com.mm ၏ အုပ်ချုပ်မှုဒါရိုက်တာ Matt De Luca က ပြောကြားသည်။
ထိုနည်းပညာကြောင့် အင်တာနက်တွင် သတင်းအချက်အလက်များကို ပိုမိုလွယ်ကူစွာရရှိနိုင်မည်ဖြစ်ပြီး မြန်မာပြည်၏ အလုပ်အကိုင်ဈေးကွက်သည် ယခင်ကထက် များစွာပြောင်းလဲတိုးတက်လာကာ ချိတ်ဆက်မှုများပိုဖြစ်လာသောကြောင့် အလုပ်ရှာဖွေသူများအနေဖြင့်ရော အလုပ်ရှင်များအနေဖြင့်ပါ ၎င်းတို့၏သတင်းအချက်အလက်များကို စာရွက်စာတမ်းများ ဖြင့် သယ်ဆောင်သွားစရာမလိုတော့ခြင်းပဲဖြစ်သည်။
အလုပ်ရှင်များနှင့် အလုပ်ရှာဖွေနေသူများအနေဖြင့် မိမိတို့၏ JobNet Digital CV ID မှ အကျိုးကျေးဇူးများကို ထိထိ ရောက်ရောက်ရရှိလိုပါက အလုပ်ရှင်များဆိုလျှင်လည်း မိမိတို့၏ကုမ္ပဏီ Profile တွင်လည်းကောင်း အလုပ်ရှာဖွေနေသူများ ဆိုလျှင်လည်း မိမိတို့၏ JobNet Profile တွင်လည်းကောင်း မိမိတို့၏အချက်အလက်အသီးသီးကို ပြည့်ပြည့်စုံစုံဖြည့်စွက် ထားဖို့လိုအပ်ပါသည်။ ကုမ္ပဏီများမှ အလုပ်အသစ်များခေါ်ယူခြင်း၊ အလုပ်ရှာသူများမှ လုပ်ငန်းအတွေ့အကြုံအရည်အချင်း အသစ်များရရှိခြင်း အစရှိသည်တို့ကို JobNet platform ပေါ်တွင်အချက်အလက်များဖြည့်စွက်ခြင်းဖြင့် မိမိ၏အကြောင်းအား မည်သူနှင့်မဆို မျှဝေနိုင်မည်ဖြစ်ကြောင်းလည်းသိရသည်။
အဆိုပါပွဲတက်ရောက်လိုသူများအနေဖြင့်လည်း အောက်ပါ Link တွင် စာရင်းပေးသွင်းနိုင်ပါသည်။
http://bit.ly/2Pe7S3G

Scroll to Top