KBZPay ဖြင့် YCDC ဘေလ်များကို စတင်ပေးဆောင်နိုင်

မြန်မာနိုင်ငံ၏ မိုဘိုင်းပိုက်ဆံအိတ်တစ်ခုဖြစ်သည့် KBZPay အသုံးပြုသူများအအနေဖြင့် ရန်ကုန်မြို့တော်စည်ပင်သာယာ ရေးကော်မတီ (YCDC) သို့ ပေးဆောင်ရမည့် အခွန်အခအမျိုးမျိုးအား အဆင်ပြေချောမွေ့စွာဖြင့် အလွယ်တကူပေး ဆောင်နိုင်ရန် YCDC ဘေလ်လုပ်ဆောင်ချက်အသစ်တစ်ခုကို စတင်ထည့်သွင်းလိုက်ပြီဖြစ်ကြောင်းသိရသည်။
အဆိုပါလုပ်ဆောင်ချက်အတွက် ၂၀၁၉ ခုနှစ် စက်တင်ဘာလ ၆ ရက်နေ့တွင် YCDC နှင့် သဘောတူလက်မှတ်ရေးထိုးခဲ့ပြီး အဆိုပါ လုပ်ဆောင်ချက်အသစ်ကို KBZPay အက်ပလီကေးရှင်းတွင် စတင်အသုံးပြုနိုင်ပြီဖြစ်သည်။
ရန်ကုန်မြို့တွင် နေထိုင်လျက်ရှိသော KBZPay အသုံးပြုသူများသည် ၎င်းတို့၏ မိုဘိုင်းပိုက်ဆံအိတ်မှတစ်ဆင့် စည်ပင်မြေငှား ရမ်းအသုံးပြုရာတွင် ပေးဆောင်ရန်ရှိသော ဘေလ်များ၊ မြေခွန်၊ ပစ္စည်းခွန်၊ အထွေထွေခွန်၊ မီးဖိုချောင်ထွက်အမှိုက်ခွန် အပါအဝင် ကိုယ်ပိုင်စီးပွားရေးနှင့် ဆေးရုံမှထွက်သည့် အမှိုက်နှင့် အညစ် အကြေးခွန်များကို စတင်ပေးဆောင်နိုင်မည်လည်း ဖြစ်သည်။

Photo Source – https://www.facebook.com/KBZPay/

YCDC ဘေလ်ဆိုသည်မှာ မြေယာပိုင်ရှင်များ၊ လူနေအိမ်များနှင့် ကုမ္ပဏီလုပ်ငန်းများအတွက် လစဉ်ပုံမှန်ပေးဆောင်ရန် လိုအပ်သော ဘေလ်များဖြစ်သည့်အလျောက် KBZPay အသုံးပြုခြင်းအားဖြင့် အဆိုပါ ပေးဆောင်ရသည့် လုပ်ငန်းစဉ်ကို ပိုမို လျှင်မြန်၊ လွယ်ကူ၊ တိကျစွာ ဆောင်ရွက်နိုင်မည်လည်းဖြစ်သည်။ ယခုအခါ KBZPay အသုံးပြုသူများသည် YCDC ရုံးခန်းများသို့ သွားရောက်ရန် မလိုအပ်တော့ဘဲ ပေးဆောင်ရန်ရှိသည့် ဘေလ်များကို အချိန်မရွေး၊ နေရာမရွေး ပေးဆောင် နိုင်မည်လည်ဖြစ်သည်။ ထို့အပြင် အသုံးပြုသူများအနေဖြင့် အဆိုပါဘေလ်များပေးဆောင်ရန် ငွေသားထုတ်ယူစရာ မလိုအပ်ခြင်း၊ ယခင် ပေးဆောင်မှုများ အားလုံးကို ပြန်လည်ကြည့်ရှုနိုင်ခြင်းနှင့် လစဉ်ကုန်ကျသည့် ဘေလ်များကို အလွယ်တကူ နှိုင်းယှဉ်စစ်ဆေးကြည့်နိုင်ခြင်းတို့ကြောင့် မိမိတို့၏ ဝင်ငွေ၊ ထွက်ငွေများကို စနစ်တကျ စီမံခန့်ခွဲနိုင်မည်ဖြစ် ကြောင်းလည်းသိရသည်။
YCDC အနေဖြင့် ရှေးယခင်ကပင် သတ်မှတ်ထားသော အခွန်အခများ ကောက်ခံမှု လုပ်ငန်းစဉ်တွင် ဝန်ထမ်းတစ်ဦးချင်းစီက အိမ်တိုင်ရာရောက် ဘေစာရွက်များအား ပို့ဆောင်ပေးရခြင်းကြောင့် အခက်အခဲများစွာကြုံတွေ့ခဲ့ရပြီး အဆိုပါ အခက်အခဲများ ကြောင့် မြို့တော်စည်ပင်သာယာဖွံ့ဖြိုးရေးလုပ်ငန်းတာဝန်များဆောင်ရွက်ရန် ရန်ပုံငွေလျာထားရာတွင် အကျိုးသက်ရောက် မှုများရှိနေခဲ့ကြောင်းလည်းသိရသည်။

Photo Source – https://www.facebook.com/KBZPay/

ယခုအခါ KBZPay မှတစ်ဆင့် ဘေလ်များ ကောက်ခံနိုင်ပြီဖြစ်သောကြောင့် ရန်ကုန်မြို့နေပြည်သူများအား YCDC သို့ ပေးဆောင်ရန်ရှိသော ဘေလ်များကို အချိန်မီပေးဆောင်ကြပြီဖြစ်ပြီး KBZPay မှတစ်ဆင့် ငွေသားမဲ့ ဘေလ်ပေးဆောင်မှုများ ပြုလုပ်နိုင်ခြင်းကြောင့် YCDC အနေဖြင့် ငွေကြေးစီမံခန့်ခွဲမှု ပြုလုပ်ခြင်း၊ ကောက်ခံရရှိသော ဘေလ်များအားမှတ်သားခြင်း နှင့်ဘေလ်ပေးဆောင်ရာတွင် တစ်စုံတစ်ရာနားလည်မှုလွဲမှားခြင်း စသည်တို့နှင့် ဆက်စပ်သည့်အခက်အခဲများကို လျှော့ချ ပေးနိုင်မည်ဖြစ်ကြောင်းလည်းသိရသည်။
“KBZPay က ပြည်သူတွေကို နေ့စဉ်သုံးငွေကြေးဝန်ဆောင်မှုတွေ ရယူအသုံးပြုနိုင်အောင် အစွမ်းကုန်ကြိုးစားဆောင်ရွက် ပေးနေပြီး လွန်ခဲ့တဲ့ တစ်နှစ်ကျော်ကစလို့ အသုံးပြုသူတွေက အခက်အခဲမရှိ မြန်မြန်ဆန်ဆန် ဘေလ်ဆောင်နိုင်ဖို့ သူတို့ရဲ့ မိုဘိုင်းပိုက်ဆံအိတ်တွေကို ပိုပြီးသုံးလာကြတာတွေ့ရပါတယ်။ လက်ရှိ ကျွန်တော်တို့ရဲ့ QuickPay လုပ်ဆောင်ချက်က တက္ကသိုလ်အပါအဝင် ကုမ္ပဏီများနဲ့အဖွဲ့အစည်းပေါင်း (၉၀) ကျော်အတွက် ငွေပေးချေမှုတွေ လုပ်နိုင်တဲ့ချိန်မှာ YCDC ဘေလ်လုပ်ဆောင်ချက်အသစ်က အသုံးပြုသူတွေကို YCDC ဘေလ်ပေးဆောင်ရာမှာ လွယ်လင့်တကူ အသုံးပြုနိုင်တဲ့အပြင် လုံခြုံစိတ်ချမှုရှိအောင် ဆောင်ရွက်ပေးမှာပါ။ ဘေလ်ကောက်ခံ၊ ပေးဆောင်ရာမှာ YCDC ရဲ့ ပေးဆောင်မှုအရေအတွက် အများဆုံးနဲ့ အရေးအကြီးဆုံး ကောက်ခံဖို့လိုတဲ့ နေရာတွေကို ဝန်ဆောင်ပေးပြီး ဘေလ်ဆောင်မယ့်သူတွေ ပိုပြီးအဆင်ပြေ အောင် ပံ့ပိုးကူညီပေးနိုင်တဲ့အတွက် ကျွန်တော်တို့ ဝမ်းမြောက်ဂုဏ်ယူမိပါတယ်။ လာမယ့်နှစ်တွေအတွင်းမှာ ငွေသားမဲ့ ငွေ ပေးချေမှု စနစ်တွေရဲ့ အနာဂတ်ကို ဆက်ပြီးဖန်တီးပုံဖော်ပေးနိုင်ဖို့ ကျွန်တော်တို့ အစွမ်းကုန်ကြိုးစားသွားမှာပါ” ဟု KBZPay ၏ Head of Agent Banking ဖြစ်သူ ဦးစိုးကိုကို က ပြောသည်။

Photo Source – https://www.facebook.com/KBZPay/

၂၀၁၉ ခုနှစ် ဇွန်လတွင် ပညာရေးဝန်ကြီးဌာန၏ အဆင့်မြင့်ပညာဦးစီးဌာနမှ တက္ကသိုလ်ကျောင်းများနှင့် ကောလိပ်ကျောင်း များအား ကျောင်းလခပေးချေမှုများကို KBZPay အသုံးပြု၍ လက်ခံဆောင်ရွက်ရန် ညွှန်ကြားချက်ထုတ်ပြန်ပြီးနောက် YCDC ဘေလ်များပေးဆောင်ရန်အတွက် YCDC ဘေလ်” လုပ်ဆောင်ချက်ကို စတင်မိတ်ဆက်လိုက်ခြင်းဖြစ်ကြောင်းလည်းသိရ သည်။ မကြာသေးမီလများအတွင်း MMBusTicket ၊ Fortune Broadband ၊ BMF Microfinance နှင့် iMyanmarHouse.com တို့ အပါအဝင် ကုမ္ပဏီပေါင်းများစွာအား KBZPay ဖြင့် ငွေပေးချေနိုင်မည့် ကုမ္ပဏီများစာရင်းတွင် ထည့်သွင်းနိုင်ခဲ့ကြောင်းလည်းသိရသည်။