လူသုံးများတဲ့ Photo Editing Application (၅) မျိုး
အမှတ်တရတွေဆိုတာ ကျွန်တော်တို့အားလုံးအတွက် အဖိုးမဖြတ်နိုင်ပါဘူး။ အရင်အချိန်တွေတုန်းက အမှတ်တရတွေကို Note Book ထဲမှာ ချရေးပြီးမှတ်ကြပေမယ့် ခေတ်တွေပြောင်းလဲလာတာနဲ့ အမျှ ကိုယ့်ရဲ့ တစ်နေ့တာလုပ်ဆောင်မှုတွေနဲ့ အမှတ်တရတွေအားလုံးကို ဓာတ်ပုံရိုက်ပြီးသိမ်းထားကြပါတယ်။ ဖုန်းတွေကလဲ ပေါ်ပေါက်လာတဲ့အတွက် ဓာတ်ပုံတွေကို အလွယ်တကူရိုက်ယူနိုင်ပြီး သိမ်းထားနိုင်ကြပါပြီ။ သိမ်းထားရုံတင် မကသေးဘူး Facebook တို့ Instagram တို့လို Social Media တွေကလည်း ခေတ်စားနေတဲ့အတွက် ကိုယ့်ဓာတ်ပုံတွေကို Social Media ပေါ်မှာတင်ပြီး သူငယ်ချင်းတွေနဲ့ မျှဝေလေ့ရှိကြပါတယ်။
လူတွေရဲ့သဘာဝအလျှောက် အလှအပကြိုက် အကောင်းဆုံးကို ကြိုက်တတ်ကြတဲ့ အတွက် ကိုယ်ရိုက်ထားတဲ့ ဓာတ်ပုံကိုတောင် Original ကိုမတင်ပဲ အလင်းအမှောင်တွေချိန်မယ် Effect တွေထည့်ပြီးတင် ကြတာ များပါတယ်။ အခုပြောပြပေးမှာကတော့ လူသုံးများတဲ့ ဖုန်းနဲ့ အလန်းဆုံးဓာတ်ပုံတွေ ပြင်နိုင်ပြီး Android နဲ့ iOS နှစ်မျိုးလုံးမှာ အသုံးပြုနိုင်တဲ့ Application (၅) မျိုးပဲ ဖြစ်ပါတယ်။

Photo source – https://bit.ly/2Ty3InS
(၁) Snapseed
Snapseed လို့ပြောလိုက်တာနဲ့ လူတော်တော်များများက ကိုယ်တိုင်မသုံးဖူးရင်တောင် ကြားတော့ကြားဖူးကြမှာ အမှန်ပဲ ဖြစ်ပါတယ်။ Snapseed ကတော့ Google ကဖန်တီးထားတဲ့ ဖုန်းတွေအတွက် မရှိမဖြစ်ရှိထားသင့်တဲ့ Photo Editor တစ်ခုပဲ ဖြစ်ပါတယ်။ စုံလင်တဲ့ လုပ်ဆောင်ချက်တွေပါဝင်ပြီး အသုံးပြုရလည်း လွယ်ကူပါတယ်။ လုပ်ဆောင်ချက်တွေကစုံလင်ပေမယ့် ကိုယ်တိုင်အသုံးမပြုတတ်သေးဘူးဆိုရင်လည်း Auto Effect လေးတွေပါဝင်တဲ့ အတွက် အလွယ်တကူပဲ ဓာတ်ပုံတွေပြင်နိုင်ပါသေးတယ်။
Download ရယူရန် – https://play.google.com/store/apps/details?id=com.niksoftware.snapseed

Photo source – https://vsco.co/
(၂) VSCO
VSCO ကတော့ ကိုယ်ရိုက်ထားတဲ့ပုံကို စတိုင်ကျလှပချင်တယ် Effect ကောင်းကောင်းတွေလုပ်ချင်တယ် အရောင်တွေကိုကစားချင်တယ် ဆိုရင်တော့ သုံးသင့်တဲ့ Photo Editing Application တစ်ခုဖြစ်ပါတယ်။ ဓာတ်ပုံတစ်ပုံအတွက် အဓိကကျတဲ့ White Balance, Shadows, Highlights နဲ့ Exposure တွေကိုဦးစားပေးထားပြီးတော့ အသုံးပြုရလွယ်ကူတဲ့ ပြင်ပြီးသား preset တွေလဲရှိပါသေးတယ်။ ကိုယ်တိုင်လဲ Preset တွေဖန်တီးပြီး ဓာတ်ပုံပြင်နိုင်သလို အင်တာနက်ကနေလည်း ဝယ်ယူနိုင်ဦးမှာ ဖြစ်ပါတယ်။ Instagram လို Social Media မှာ ဓာတ်ပုံတင်ချင်တဲ့သူတွေအတွက်တော့ အကောင်းဆုံး Photo Editor လေးတစ်ခုလို့ဆိုရမှာပါပဲ။
Download ရယူရန် – https://apkpure.com/vsco-photo-video-editor/com.vsco.cam

Photo source – https://bit.ly/370q712
(၃) Adobe Lightroom
Adobe Lightroom ဆိုတာကတော့ ကွန်ပြူတာ Software ကနေ ဆင်းသက်လာတဲ့ Photo Editing Application တစ်ခုပဲ ဖြစ်ပါတယ်။ ပုံမှန်သုံးနေကျတွေထက် ပိုပြီးအဆင့်မြင့်တဲ့ Editor တစ်ခုအဖြစ် သိထားကြပါတယ်။ စုံလင်တဲ့ပြင်ဆင်ချက်တွေပါဝင်ပြီး Adode ရဲ့ကိုယ်ပိုင် Cloud လည်းပါဝင်တဲ့အတွက် အကောင့်ထည့်ထားတဲ့ တစ်ခြားဖုန်းဖြစ်ဖြစ် ကွန်ပြူတာကနေဖြစ်ဖြစ် ဝင်လို့ရတဲ့အတွက် သုံးရတာ အင်မတန် အဆင်ပြေတဲ့ Application ပဲဖြစ်ပါတယ်။
Download ရယူရန် – https://play.google.com/store/apps/details?id=com.adobe.lrmobile

Photo source – https://bit.ly/3anuUfl
(၄) PiscArt Phot Studio
PiscArt ကတော့ သုံးစွဲသူအများအပြားရှိပြီး ၂၀၁၉ ရဲ့ လူသုံအများဆုံး Photo Editing Application တွေထဲကတစ်ခုလဲ ဖြစ်ပါတယ်။ PiscArt ရဲ့လူသုံးများ လူကြိုက်များတဲ့အချက်တစ်ခုကတော့ ဓာတ်ပုံကို ကိုယ့်စိတ်ကြိုက်ပြင်ဆင်နိုင်ပြီး တစ်ခြားဓာတ်ပုံတွေပါပေါင်းထည့်နိုင်တာတွေ Effect ထည့်နိုင်တာတွေ ကြောင့်ပဲ ဖြစ်ပါတယ်။ ဒါ့အပြင် Camera Feature လည်းပါဝင်ပြီးတော့ Social Network တစ်ခုပါ App မှာပါဝင်တဲ့အတွက် ကိုယ်ဖန်တီးထားတာတွေကိုပါ မျှဝေနိုင်ဦးမှာ ဖြစ်ပါတယ်။
Download ရယူရန် – https://play.google.com/store/apps/details?id=com.picsart.studio.light

Photo source – https://bit.ly/3ak0IBJ
(၅) Photoshop Express
Adobe Photoshop Express ကတော့ ဖုန်းနဲ့ဓာတ်ပုံတွေ ပြင်ဆင်ဖို့ရာအတွက် မြန်မြန်ဆန်နဲ့ လွယ်လွယ်ကူကူ ရိုးရိုးရှင်းရှင်းလုပ်နိုင်တဲ့ Editing App လေးတစ်ခုပဲ ဖြစ်ပါတယ်။ ဓာတ်ပုံတွေကို Crop လုပ်ခြင်း၊ Straighten လုပ်ခြင်း၊ rotate လုပ်ခြင်း၊ Flip လုပ်ခြင်းနှင့် အခြားလုပ်ဆောင်ချက်များ ပါဝင်တာဖြစ်ပါတယ်။ ကိုယ်ပြုပြင်ပြီးတဲ့ ဓာတ်ပုံတွေကိုလည်း ဖုန်းမှာသိမ်းလို့ရသလို Facebook, Twitter နဲ့ တစ်ခြား Social Network တွေမှာ တန်းပြီး Sharring လုပ်နိုင်မှာ ဖြစ်ပါတယ်။
Download ရယူရန် – https://play.google.com/store/apps/details?id=com.adobe.psmobile



