ကျန်းမာရေးစောင့်ရှောက်ပေးမယ့် စမတ်နေအိမ်

Image Source : https://farm8.static.flickr.com

အိမ်သားတွေရဲ့ကျန်းမာရေးကို အိမ်တွင်းဆရာ၀န်တစ်ယောက်ကဲ့သို့ အနီးကပ်စောင့်ရှောင့်ပေးမယ့် ဒီစမတ်အိမ်ဟာ သက်ကြီးရွယ်အိုတွေအတွက် အဓိကရည်ရွယ်ထားတယ်လို့ဆိုပါတယ်။ အိမ်ရဲ့အစိတ်အပိုင်းတစ်ခုခုမှာ သာမန်ထက်ပြင်းထန်တဲ့ တုန်ခါမှုမျိုးတွေဖြစ်တဲ့အခါ အိမ်သားတွေကို အလိုအလျောက် အသိပေးပါလိမ့်မယ်။ အိမ်သားတစ်ဦးချင်းစီကိုလည်း အခြေခံကျန်းမာရေးစစ်ဆေးမှုတွေ ပုံမှန်ပြုလုပ်ပေးမယ်လို့လည်း သိရပါတယ်။ ဒီစမတ်အိမ်နဲ့ပက်သက်ပြီး တိကျပြည့်စုံတဲ့ အချက်အလက်တွေကို ဒီလင့်ခ် ထဲကအတိုင်း ထပ်ဆင့်မျှ ေ၀ပေးချင်ပါတယ်။
နည်းပညာကုမ္ပဏီများက စမတ်ရေခဲသေတ္တာ၊ အဝတ်လျှောက်စက်၊ မီးလုံး၊ အိမ်တံခါးစတဲ့ စမတ်နေအိမ်ထုတ်ကုန်များကို ဖန်တီးနေကြပါတယ်။ အဲဒီစမတ် နေအိမ် ထုတ်ကုန်များကို အသံအမိန့် သို့မဟုတ် စမတ်ဖုန်း၊ စမတ် စပီကာများကနေ ထိန်းချုပ်နိုင်ပါတယ်။ အခုဖော်ပြမယ့် စမတ်နေအိမ်ကတော့ ထူးခြားပြီး အိမ်သားများရဲ့ ကျန်းမာရေးကို စောင့်ရှောက် ပေးမှာပါတဲ့။
အဲဒီစမတ်နေအိမ်ကို Kansas School of Architecture တက္ကသိုလ်မှ ပါမောက္ခ ဖြစ်သူColistraနဲ့ သူ့ရဲ့ ကျောင်းသားများက တီထွင်နေတာဖြစ်ပါတယ်။ စမတ်နေအိမ်မှာ Biometric Data များကို တိုင်းတာတွက်ချက်ပေးတဲ့ Sensors များ တပ်ဆင်ထားပါတယ်။ အိမ်မှာသက်ကြီးရွယ်အိုတစ်ဦး ချော်လဲကျရင် အခြားအိမ်သားများကို အသိပေးနိုင်ပါတယ်။ လမ်းလျှောက်တဲ့ ခြေလှမ်း၊ အိပ်စက်မှု အခြေအနေနဲ့ ဆီးသွားတဲ့ အကြိမ် အရေအတွက်ကို စမတ်နေအိမ်က တိုင်းတာပေးနိုင်ပါတယ်။
စမတ်ကြည့်မှန်က ကင်ဆာဖြစ်စေမယ့် အဖုအကြိတ်များ၊ မှဲ့အသစ်များ၊ လေဖြတ်မယ့် လက္ခဏာများကို စစ်ဆေးပေးနိုင်ပါတယ်။ ခန္ဓာကိုယ်တွင်း ရေဓါတ်ပါ၀င်မှု ပမာဏနဲ့  စွန့်ထုတ်တဲ့ အညစ်အကြေးပမာဏများကို စမတ်အိမ်သာက တွက်ချက်ပေးနိုင်ပါတယ်။ ခန္ဓာကိုယ်တွင်းရေဓါတ် ပါ၀င်မှုပမာဏကို တိုင်းတာခြင်းဟာ နှလုံးကျန်းမာရေးအတွက် အရေးကြီးတယ် လို့ ပါမောက္ခကပြောပါတယ်။ ပါမောက္ခနဲ့ အဖွဲ့ဟာ စမတ်နေအိမ်ကို ဖန်တီးဖို့ ရန်ပုံငွေ ဒေါ်လာ ၅၁,၀၀၀ ကိုရရှိထားပြီး ယခုစာသင်နှစ်အပြီး တွင် တည်ဆောက်မှာ ဖြစ်ပါတယ်။
စမတ်နေအိမ်ဟာ သက်ကြီးရွယ်အိုများအတွက် ကျန်းမာရေးစောင့်ရှောက် မှု နည်းလမ်းကိုတိုးတက်စေမှာ ဖြစ်ပြီးသင့် နေအိမ်ဟာသင့်အတွက် ဆရာဝန်တစ်ယောက်လို အကျိုးပြုစေမှာ ဖြစ်တယ်လို့ တီထွင်သူကပြောပါ တယ်။