COVID-19 အသိပညာပေး Video ဖိတ်ခေါ်ပြိုင်ပွဲကျင်းပမည်

မြန်မာနိုင်ငံ နားမကြားသူများ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ အနေဖြင့် ကိုဗစ် -၁၉ (COVID-19) ကာလအတွင်း နားမကြားသူများ ရဲ့ သတင်းအချက်အလက် ရရှိနိုင်မှုကို မြင့်တင်ပေးနိုင်ရန် ရည်ရွယ်၍ ကိုဗစ်-၁၉ အသိပညာပေး ဗွီဒီယို ဖိတ်ခေါ်ပြိုင်ပွဲ ကို ကျင်းပပြုလုပ်မည်ဖြစ်ကြောင်းသိရသည်။
မြန်မာနိုင်ငံနားမကြားသူများ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့သည် ကိုဗစ်ကာလအတွင်းမှာ ကိုဗစ်-၁၉ (COVID-19) ဆိုင်ရာ သတင်း အချက်အလက်တွေ နားမကြားသူတိုင်း လက်လှမ်းမီ ရယူနိုင်ဖို့အတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနမှ ထုတ်ပြန်သော ကြေညာချက်များနှင့် သတင်းများကို အချိန်နှင့် တပြေးညီ လက်သင်္ကေတပြဘာသာစကားဖြင့် ဘာသာပြန် ဆို ရိုက်ကူး၍ MDCDA Facebook စာမျက်နှာတွင် ထုတ်လွှင့်ခြင်း၊ SL DVD အခွေများ ထုတ်ဝေဖြန့်ဖြူးခြင်း စသည်တို့ကို လုပ်ဆောင်လျက်ရှိခဲ့သည်။
ပြိုင်ပွဲပြုလုပ်ရသည့် ရည်ရွယ်ချက်မှာလည်း နားမကြားလူမှုအသိုင်းအဝိုင်းအတွင်း ကိုဗစ်-၁၉ (COVID-19) ကူးစက်ရောဂါ အကြောင်း ပိုမိုသိရှိလာစေရန် အတွက် နားမကြားလူမှုအဖွဲ့အစည်းဝင်များ၏ ပူးပေါင်းပါဝင်မှုဖြင့် သိမြင်နားလည်မှုကို မြှင့်တင်ပေးရန်အတွက်လည်းဖြစ်သည်။

Photo Source https://bit.ly/2B1kdSy

ပြိုင်ပွဲတွင်ပါဝင်ယှဉ်ပြိုင်ရမည့်အကြောင်းအရာများမှာ အောက်ပါအတိုင်းဖြစ်သည်။
(၁) ကိုဗစ်-၁၉ ကူးစက်ရောဂါပိုး အကြောင်း
(၂) ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေး နည်းလမ်းများ
(၃) ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု နည်းလမ်းများ
(၄) ကိုဗစ်-၁၉ နှင့် ပတ်သက်၍ နိုင်ငံတကာနှင့် ပြည်တွင်း အခြေအနေများ စသည့်အချက်များဖြင့်ပါဝင်ယှဉ်ပြိုင်ရမည်ဖြစ် သည်။
အဆိုပါပြိုင်ပွဲအတွက် သတ်မှတ်ထားသော စံနှုန်းများမှာလည်းအောက်ပါအတိုင်းဖြစ်သည်။
(၁) နားမကြားသူများ အပါအဝင် မည်သူမဆို လက်သင်္ကေတပြ ဘာသာစကား အသုံးပြု၍ အသက်အရွယ်၊ ကျားမ၊ လူမျိုး ဘာသာ မရွေး ပါဝင် ယှဉ်ပြိုင်နိုင်သည်။
(၂) ပါဝင်ယှဉ်ပြိုင်သူတစ်ဦးလျှင် ပြိုင်ပွဲတစ်ခုစီအတွက် SL Video တစ်ခုသာ ပေးပို့ ယှဉ်ပြိုင်ရပါမည်။
(၃) ဗီဒီယို ရိုက်ကူးရာတွင် လက်သင်္ကေတ ကို ကြည်လင်ပြတ်သားစွာ မြင်နိုင်ရန် အတွက် ရှင်းလင်းမြင်သာသော နောက်ခံ ဖြင့် ရိုက်ကူးရန်၊ ပြင်ပမှ အခြားသော အသံများ မပါဝင်စေရန် တိတ်ဆိတ်ငြိမ်သက်သော နေရာ၌ ရိုက်ကူးရန်-
(၄) အလင်းရောင် ကောင်းမွန်ပြီး ကြည်လင်ပြတ်သားသော ဗွီဒီယို ဖြစ်ရပါမည်။
(၅) အနည်းဆုံး တစ်မိနစ်မှ အများဆုံး ၃ မိနစ်အထိသာ ရှည်ရပါမည်။
(၆) အပြုသဘောဆောင်သော အသိပညာပေး ဗွီဒီယိုများ ဖြစ်ရပါမည်။
(၇) ကိုယ်ပိုင်အိုင်ဒီယာဖြင့် ဖန်တီး၊ ဆန်းသစ်ထားသော ဗွီဒီယို ဖြစ်ရပါမည်။
(၈) ဗွီဒီယိုဖိုင်များ အားလုံး သည် ကျင့်ဝတ်နှင့်ကိုက်ညီရမည် ဖြစ်ပြီး တရားဥပဒေစိုးမိုးရေး၊ နိုင်ငံရေး၊ ဘာသာရေး နှင့် လူမျိုးရေးတို့ ကို ထိခိုက်စေနိုင်သော အကြောင်းအရာများ၊ ခွဲခြားဆက်ဆံမှုများ မပါဝင်ရပါ။
(၉) မိမိ Personal Facebook Account ဖြင့်သာ ဝင်ရောက်ယှဉ်ပြိုင်ရမည်။

Photo Source https://web.facebook.com/mdcda.org.mm/

ပေးပို့ရမည့် နည်းလမ်းများ နှင့် အချိန်သတ်မှတ်ချက်မှာလည်းအောက်ပါအတိုင်းဖြစ်သည်။
(၁) ပြိုင်ပွဲဝင်လိုသူများသည် MDCDA Facebook Page အား Follow လုပ်ရမည်။
(၂) ထို့နောက် ရိုက်ကူးထားသည့် ဗွီဒီယို ကို မိမိ၏ FB Account တွင် #mdcda #COVID_19_awareness #SL_Video #Competition ဟူသော Hashtag များကို ထည့်သွင်းလျက် ပို့စ် တင်ရပါမည်။
(၃) အဆိုပါ Post Link ကို MDCDA Facebook Messenger သို့ 24-7-2020 ရက်နေ့ (သောကြာနေ့) ည (၁၂) နာရီ မတိုင်မီ ပေးပို့ ရပါမည်၊ သတ်မှတ်ချိန် ထက် နောက်ကျမှ ရောက်ရှိလာသော ဗွီဒီယိုများကို ထည့်သွင်းစဉ်းစားမည် မဟုတ်ပါ။
(၄) ဆုများကို 31-7-2020 ရက်နေ့ (သောကြာနေ့) မွန်းတည့် (၁၂း၀၀) နာရီတွင် ထုတ်ပြန်ကြေညာပေးပါမည်။
(၅) ဆုရွေးချယ်မှုနှင့်ပတ်သတ်၍ အငြင်းပွားဖွယ် တစ်စုံတစ်ရာ ပေါ်ပေါက်လာခဲ့ပါက မြန်မာနိုင်ငံ နားမကြားသူများ အဖွဲ့၏ ဆုံးဖြတ်ချက်သာ အတည်ဖြစ်ပါသည်။
(၆) ဆုရရှိသော ဗီဒီယိုဖိုင်များ ကို ပြိုင်ပွဲပြုလုပ်သည့် အဖွဲ့အစည်းက လိုအပ်သလို အသုံးပြုမည်ဖြစ်သည်။
(၇) ပြိုင်ပွဲဝင်များ အနေဖြင့် ယခုပြိုင်ပွဲသို့ ပါဝင်ယှဉ်ပြိုင်သည်နှင့် အထက်ပါ စည်းကမ်းချက်များကို လက်ခံကြောင်း အလိုအလျောက် သဘောတူညီပြီး ဖြစ်ပါသည်။
ဆုရွေးချယ်သည့် နည်းလမ်းများမှာလည်းအောက်ပါအတိုင်းဖြစ်သည်။
(၁) လက်သင်္ကေတပြ ဘာသာစကားသင်ကြားရေးတွင် ဆရာအဖြစ် တာဝန်ထမ်းဆောင်နေသူများပါဝင်သော ဆု ရွေးချယ်ရေး အဖွဲ့ ဖွဲ့၍ စစ်ဆေး အကဲဖြတ်ပါမည်။
(၂) ပြိုင်ပွဲဝင် ဗွီဒီယိုများမှ ပြိုင်ပွဲစည်ကမ်း သတ်မှတ်ချက်ပြည့်စုံသော လက်သင်္ကေတ ဗွီဒီယိုများကိုသာ ရွေးချယ်မှု ပြုမည်ဖြစ်ပါသည်။
(၃) ဆုရွေးချယ်ရာတွင် ပရိတ်သတ် အကြိုက် ပေါ်ပြူလာဆု (Like, Share အများဆုံးရသော video) နှင့် ဆုရွေးချယ်ရေး အဖွဲ့မှ ရွေးချယ်သော ပထမဆု (တစ်ဆု)၊ ဒုတိယဆု (တစ်ဆု) နှင့် နှစ်သိမ့်ဆု (၃) ဆု တို့ကို ရွေးချယ်မည်ဖြစ်ပါသည်။
ပြိုင်ပွဲသို့ MDCDA အဖွဲ့မှ ဝန်ထမ်းများ ပါဝင်ယှဉ်ပြိုင်ခွင့် မပြုထားပဲ ချီးမြှင့်မည့်ဆုများမှာလည်းအောက်ပါတိုင်းဖြစ်သည်။
(၁) ပေါ်ပြူလာဆု (ပရိသတ်အကြိုက်ဆု) တစ်ဆု
(၂) ပထမဆု တစ်ဆု
(၃) ဒုတိယဆု တစ်ဆု
(၄) တတိယဆု တစ်ဆု
(၅) နှစ်သိမ့်ဆု (၃ ဆု)
အမှတ်စဉ် (၁) ယခု ကိုဗစ်-၁၉ (COVID -19) အသိပညာပေး လှုပ်ရှားမှု ဗွီဒီယို ဖိတ်ခေါ်ပြိုင်ပွဲ အပြင် နောက်ထပ် အမှတ်စဉ် (၂) ဗီဒီယို ဖိတ်ခေါ် ပြိုင်ပွဲအား ထပ်မံကျင်းပဦးမည်ဖြစ်ကြောင်း လည်းသိရသည်။
အသေးစိတ်ကို သိလို၍ မေးမြန်းလိုပါက MDCDA Page ၏ Messenger တွင် မေးမြန်းနိုင်ကြောင်းလည်းသိရသည်။ အောက်ပါ Link တွင်ဝင်ရောက် ကြည့်ရှုနိုင်ပါသည်။

https://web.facebook.com/mdcda.org.mm/