Prudential Myanmar နှင့် ပန်းလှိုင်ဆေးရုံတို့ ပူးပေါင်းကာ AI နည်းပညာသုံး ဒစ်ဂျစ်တယ်လုပ်ဆောင်ချက်ဖြင့် ကျန်းမာရေးစောင့်ရှောက်မှုများ ပေးအပ်မည်

အာရှထိပ်တန်းအသက်အာမခံလုပ်ငန်းကြီးဖြစ်သည့် Prudential Corporation Asia လက်အောက်ရှိ အပိုင်လုပ်ငန်း ခွဲဖြစ်သော Prudential Myanmar နှင့် မြန်မာနိုင်ငံတွင် တစ်ခုတည်းသော JCI အသိအမှတ်ပြုလက်မှတ် ရရှိထားသည့် ပန်းလှိုင်ဆေးရုံ (Pun Hlaing Hospitals) တို့သည် မြန်မာနိုင်ငံ၏ ကျန်းမာရေးစောင့်ရှောက်မှုနှင့် အာမခံလုပ်ငန်း နယ်ပယ်တွင် အသက်အာမခံနှင့် ကျန်းမာရေး အာမခံများ ဖြန့်ဖြူးပေးအပ်ခြင်း၊ နည်းပညာအရ ပူးပေါင်းဆောင်ရွက်ခြင်း၊ ဆေးဘက်ဆိုင်ရာ အသိအမှတ်ပြု လက်မှတ်ရ ဆရာဝန်များနှင့် ၂၄ နာရီ၊ ၇ ရက်ပတ်လုံး အွန်လိုင်းမှတစ်ဆင့် ဆွေးနွေးနိုင်ခြင်း၊ သတ်မှတ်ထားသည့် နေရာဒေသများတွင် လူထုအခြေပြု အစီအစဉ်များ ပြုလုပ်ခြင်း စသည်ဖြင့် ဘက်စုံ ကဏ္ဍစုံမှ ပူးပေါင်းလုပ်ဆောင်ရန် ရည်ရွယ်၍ သီးသန့်မိတ်ဖက်အဖြစ် လက်မှတ်ရေးထိုးခဲ့ကြကြောင်းသိရသည်။
အဆိုပါ ပူးပေါင်းဆောင်ရွက်မှုတွင် မြန်မာနိုင်ငံရှိ လူမှုစီးပွားကဏ္ဍ အခြေအနေ အမျိုးမျိုးမှ လူတိုင်းအတွက် ကုန်ကျစရိတ် သက်သာသော အရည်အသွေးမြင့် ကျန်းမာရေး စောင့်ရှောက်မှုအား ဖြည့်ဆည်းပေးနိုင်မည့် ဒစ်ဂျစ်တယ် ဖြေရှင်းလုပ်ဆောင်ချက်များကို အကောင်အထည်ဖော် ပေးအပ်နိုင်ရေးနှင့် ပိုမို တိုးတက်ဖွံ့ဖြိုးလာစေရန် မြှင့်တင်ပေးရေးကို အလေးထား လုပ်ဆောင်သွားမည် ဖြစ်ပါသည်။ Prudential Myanmar ၏ လူသားမှတ်ဉာဏ်တု AI နည်းပညာသုံး Pulse မိုဘိုင်းအက်ပလီကေးရှင်းကို အသုံးပြု၍ ကုမ္ပဏီကြီးနှစ်ခုစလုံး၏ သီးသန့်မိတ်ဖက်ဆောင်ရွက်မှု မှတစ်ဆင့် လူတစ်ဦးချင်းစီနှင့် ကိုက်ညီမှုရှိသော ကျန်းမာရေးဆိုင်ရာ ဝန်ဆောင်မှုများကို လူတိုင်း အချိန်မရွေး၊ နေရာမရွေး၊ ကလစ်တစ်ချက် နှိပ်ရုံမျှဖြင့် ရယူနိုင်တော့မည် ဖြစ်သည်။

Photo Source https://www.wedopulse.com

Pulse ဆိုသည်မှာ အသုံးပြုသူများ၏ ကျန်းမာကြံ့ခိုင်ရေးဆိုင်ရာ ကိစ္စအဝဝကို အလုံးစုံ ကြိုတင်စီမံခန့်ခွဲနိုင်ရန် ဖန်တီးပေးထားသော လုပ်ဆောင်ချက်အားလုံး စုစည်းပါရှိသည့် ဒစ်ဂျစ်တယ်အက်ပလီကေးရှင်းတစ်ခု ဖြစ်ပါသည်။ Pulse အက်ပလီကေးရှင်း၏ AI နည်းပညာဖြင့် ပံ့ပိုးပေးထားသော အချိန်နှင့်တပြေးညီရယူနိုင်သော သတင်းအချက်အလက်များ၊ တစ်ဦးချင်းစီ၏ လိုအပ်ချက်အရ ကိုယ်တိုင်ရယူနိုင်သော ပံ့ပိုးမှုများဖြင့် အသုံးပြုသူများအတွက် ၂၄ နာရီ၊ ၇ ရက်ပတ်လုံး ကူညီစောင့်ရှောက်ပေးမည် ကျန်းမာကြံ့ခိုင်ရေးဆိုင်ရာ အဖော်မွန်တစ်ဦး ရှိထားသကဲ့သို့ ရောဂါဘယများ စတင်ဖြစ်ပွားမှုမှ ကာကွယ်၊ ထိန်းချုပ်၊ တားဆီးနိုင်ရန် ကူညီပေးမည် ဖြစ်ပါသည်။ ၂၀၁၉ ခုနှစ်၊ ဩဂုတ်လတွင် မလေးရှားနိုင်ငံ၌ Pulse အက်ပလီကေးရှင်း စတင်မိတ်ဆက်ခဲ့ချိန်မှစ၍ အာရှဒေသတစ်လွှားရှိ ဈေးကွက် (၁၁) ခုတွင် ဒေါင်းလုဒ် ရယူမှုပေါင်း (၈) သန်းကျော် ရှိခဲ့ပြီ ဖြစ်သည်။ ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းအစီအစဉ်များ၏ တစ်စိတ်တစ်ဒေသအဖြစ် Pulse အက်ပလီကေးရှင်းနှင့် ပန်းလှိုင်ဆေးရုံ၏ လုပ်ဆောင်ချက်စနစ်များကို ပေါင်းစည်း ထည့်သွင်းသွားမည်ဖြစ်ပြီး အသုံးပြုသူ များအနေဖြင့် ဆေးကုသမှု ခံယူရန် ရက်ချိန်းရယူခြင်း၊ အွန်လိုင်းမှတစ်ဆင့် ဆရာဝန်များနှင့် ဆွေးနွေးတိုင်ပင်နိုင်ခြင်းတို့ အပါအဝင် အခြားသော အဆင့်မြင့် ဝန်ဆောင်မှုများကို ရယူနိုင်မည် ဖြစ်သည်။
အထက်ပါ ပူးပေါင်းဆောင်ရွက်မှုများ စတင်သည့် အထိမ်းအမှတ်အဖြစ် ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်နေသူများ အတွက် Pulse အက်ပလီကေးရှင်းမှတစ်ဆင့် အွန်လိုင်း ကျန်းမာရေးတိုင်ပင်ဆွေးနွေးခြင်း ဝန်ဆောင်မှုကို အခမဲ့ ထောက်ပံ့ပေးအပ်မည့် ထူးခြားသော လူမှုအကျိုးပြု အစီအစဉ်တစ်ခုကို စတင်မိတ်ဆက်သွားမည် ဖြစ်ပါသည်။ ထို့အပြင် စက်တင်ဘာလ ၂၉ ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့နှလုံးကျန်းမာရေးနေ့ကို ဂုဏ်ပြုသည့်အနေဖြင့် Prudential Myanmar နှင့် ပန်းလှိုင်ဆေးရုံတို့ အတူတကွ ပူးပေါင်းပြီး ကျန်းမာကြံ့ခိုင်ရေးဆိုင်ရာ အွန်လိုင်း အခမ်းအနားတစ်ခုကို ကြီးမှူးကျင်းပမည်ဖြစ်ပြီး Pulse အက်ပလီကေးရှင်း အပါအဝင် ဒစ်ဂျစ်တယ် ပလက်ဖောင်း အမျိုးမျိုးမှတစ်ဆင့် ကြည့်ရှုနိုင်ရန် ထုတ်လွှင့်ပေးမည်ဖြစ်ပါသည်။ အဆိုပါ အခမ်းအနားတွင် တိုက်ရိုက်ထုတ်လွှင့် သင်ကြားပေးမည့် ကိုယ်လက်လှုပ်ရှားမှုသင်တန်း အပါအဝင် ကျန်းမာရေးနှင့် လူမှုဘဝဆိုင်ရာ ခေါင်းစဉ်များစွာကို ဆွေးနွေး ပြောကြားသွားမည့် အသိပညာပေး webinar ဆွေးနွေးပွဲ စကားဝိုင်းများလည်း ပါဝင်မည်ဖြစ်သည်။

Photo Source https://www.wedopulse.com

“Prudential Myanmar နဲ့ ပန်းလှိုင်ဆေးရုံတို့ဟာ မြန်မာနိုင်ငံ အနှံ့အပြားမှာရှိတဲ့ ပြည်သူတွေအားလုံးအတွက် သူတို့လက်လှမ်းမီပြီး ကုန်ကျစရိတ် သက်သာတဲ့ အဆင့်မြင့် ကျန်းမာရေး စောင့်ရှောက်မှုတွေ ပေးအပ်သွားချင်တဲ့ တူညီတဲ့ မျှော်မှန်းချက်တစ်ခု ရှိနေပါတယ်။ ကျွန်တော်တို့ ကုမ္ပဏီရဲ့ “ဒို့တွေတကယ် ကျန်းမာအောင်နေကြတယ်” ဆိုတဲ့ ကတိကဝတ်ရဲ့ အစိတ်အပိုင်းတစ်ခုအနေနဲ့ အကောင်းဆုံး ကာကွယ်မှုတွေနဲ့ အဘက်ဘက်က ပြည့်စုံကောင်းမွန်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုကို စီမံခန့်ခွဲနိုင်အောင် အလေးထား လုပ်ဆောင်သွားမှာပါ။ ဒါ့ကြောင့် ကျွန်တော်တို့ရဲ့ ထိပ်တန်း AI နည်းပညာကို ပန်းလှိုင်ဆေးရုံရဲ့ ကြီးမားကျယ်ပြန့်တဲ့ ဆေးရုံ ကွန်ရက်အပါအဝင် ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်မှုတွေနဲ့ ပေါင်းစည်းပြီး ဒီနိုင်ငံမှာ ပေးနေတဲ့ ကျန်းမာရေး စောင့်ရှောက်မှုပုံစံကို ပိုပြီး တိုးတက်ကောင်းမွန်လာအောင် ပြောင်းလဲပေးနိုင်ဖို့ မျှော်မှန်းထားပါတယ်”ဟု Prudential Myanmar ၏ CEO ဖြစ်သူ Mr. Asit Rath က ပြောသည်။
ပန်းလှိုင်ဆေးရုံကို ၂၀၀၅ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး လက်ရှိ ရန်ကုန်၊ မန္တလေးနှင့် တောင်ကြီးတို့တွင် ဆေးရုံ (၃) ရုံနှင့် ဆေးပေးခန်း (၄) ခု ဖွင့်လှစ်ဝန်ဆောင်မှု ပေးလျက်ရှိပါသည်။ အထင်ကရ ဆေးရုံတစ်ခုဖြစ်သည့် ပန်းလှိုင် လှိုင်သာယာ ဆေးရုံသည် မြန်မာနိုင်ငံ၏ တစ်ခုတည်းသော Joint Commission International (JCI) အသိအမှတ်ပြု လက်မှတ်ရ ဆေးရုံတစ်ခုဖြစ်ပြီး နိုင်ငံတကာအဆင့်မီ လူနာဗဟိုပြု ပုံစံကုသမှုပုံစံအတိုင်း ရုပ်ပိုင်းဆိုင်ရာအရသာမက ဘက်ပေါင်းစုံမှ ချဉ်းကပ်ကုသသည့်နည်းဖြင့် ဝန်ဆောင်မှုပေးလျက် ရှိပါသည်။ အဆိုပါ ထူးခြားသည့် ကုသမှုပုံစံ၏ အသက်သွေးကြောအဖြစ် ပန်းလှိုင်ဆေးရုံရှိ ဝန်ထမ်းများအပြင် (၈၀) ရာခိုင်နှုန်းသော ဆရာဝန်များနှင့် အထူးကုများကို အချိန်ပြည့် ခန့်အပ်ထားရှိသည်။
“ပန်းလှိုင်ဆေးရုံအနေနဲ့ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ကွန်ရက်တစ်ခု ဖော်ဆောင်နေတဲ့အတွက် ကျန်းမာရေးစောင့်ရှောက်မှု ကဏ္ဍကို ဒစ်ဂျစ်တယ်စနစ် ကူးပြောင်းဖို့၊ အလိုအလျောက် နည်းပညာစနစ်နဲ့ ခေါက်ရိုးကျိုးနေတဲ့ အလေ့အထတွေကို ပြောင်းလဲဖို့ ဆောင်ရွက်ရာမှာ ရင်းနှီးမြုပ်နှံသွားဖို့ တိကျသေချာတဲ့ လုပ်ငန်းစဉ်တစ်ရပ် ချမှတ်ထားပါတယ်။ ပန်းလှိုင်ဆေးရုံရဲ့ အဓိကပန်းတိုင်က အကျင့်ပါနေတဲ့ သမားရိုးကျပုံစံကနေ နည်းပညာ လုပ်ဆောင်ချက်တွေ အစုံအလင်ပါဝင်တဲ့ အွန်လိုင်း ဒီဂျစ်တယ်ပုံစံနဲ့ ပေါင်းစည်းပြီး တိုးချဲ့လုပ်ကိုင်နိုင်ဖို့ ဖြစ်ပါတယ်။ အဲ့ဒီရည်ရွယ်ချက်အရ ကမ္ဘာ့ထိပ်တန်း အသက်အာမခံလုပ်ငန်းဖြစ်တဲ့ Prudential Myanmar နဲ့ အခုလို ပူးပေါင်းဆောင်ရွက်ခွင့်ရတဲ့အတွက် ဝမ်းမြောက်ဂုဏ်ယူမိပါတယ်။ အခုဆိုရင် Prudential Myanmarရဲ့ နည်းပညာနဲ့ အသုံးပြုသူတွေဟာ ရောဂါလက္ခာတွေကို စစ်ဆေးနိုင်မယ်၊ သူတို့ ခံစားနေရတဲ့ ရောဂါရဲ့ အန္တရာယ်ကို ပိုပြီး သဘောပေါက်နားလည်လာမယ်၊ ပြီးတော့ လိုအပ်ရင် လိုအပ်သလို သက်ဆိုင်ရာ ကျန်းမာရေး သတင်းအချက်အလက် တွေကို အချိန်နဲ့တပြေးညီ ရယူနိုင်ကြပါမယ်။ ဒါ့ကြောင့် ကျွန်တော်တို့အနေနဲ့လည်း မြန်မာနိုင်ငံ နေရာဒေသ အနှံ့အပြားက ပြည်သူတွေအတွက် မြန်ဆန်ကောင်းမွန်တဲ့ ဝန်ဆောင်မှုတွေ ပေးနိုင်တော့မှာဖြစ်ပြီး ဒီကျန်းမာရေး စောင့်ရှောက်မှုတွေကို ပြည်သူတွေအနေနဲ့လည်း ပိုပြီး အလွယ်တကူ ရယူနိုင်တော့မှာ ဖြစ်ပါတယ်”ဟု ပန်းလှိုင်ဆေးရုံ၏ CEO ဖြစ်သူ Dr. Gershu Paul က ပြောသည်။

Prudential မှ မိတ်ဆက်လိုက်သည့် Pulse ဆိုသည်မှာ အသုံးပြုသူများ၏ ကျန်းမာကြံ့ခိုင်ရေးဆိုင်ရာ ကိစ္စအဝဝကို အလုံးစုံ ကြိုတင်စီမံခန့်ခွဲနိုင်ရန် ဖန်တီးပေးထားသော လုပ်ဆောင်ချက်အားလုံး စုစည်းပါရှိသည့် ဒေသတွင်း ပထမဦးဆုံးသော ဒစ်ဂျစ်တယ်အက်ပလီကေးရှင်းတစ်ခု ဖြစ်ပါသည်။ Pulse အက်ပလီကေးရှင်း၏ Pulse အက်ပလီကေးရှင်း၏ AI နည်းပညာဖြင့် ပံ့ပိုးပေးထားသော အချိန်နှင့်တပြေးညီရယူနိုင်သော သတင်းအချက်အလက်များ၊ တစ်ဦးချင်းစီ၏ လိုအပ်ချက်အရ ကိုယ်တိုင်ရယူနိုင်သော ပံ့ပိုးမှုများဖြင့် အသုံးပြုသူများအတွက် ၂၄ နာရီ၊ ၇ ရက်ပတ်လုံး ကူညီစောင့်ရှောက်ပေးမည့် ကျန်းမာကြံ့ခိုင်ရေးဆိုင်ရာ အဖော်မွန်တစ်ဦး ရှိထားသကဲ့သို့ ရောဂါဘယများ စတင်ဖြစ်ပွားမှုမှ ကာကွယ်၊ ထိန်းချုပ်၊ တားဆီးနိုင်ရန် ကူညီပေးမည် ဖြစ်ပြီး ပိုမိုကောင်းမွန်၍ အဆင့်မြင့် လုပ်ဆောင်ချက်များ မကြာမီအချိန်တွင် ထပ်မံလုပ်ဆောင်နိုင်တော့မည် ဖြစ်ပါသည်။ Pulse သည် အကောင်းဆုံးအဆင့်အတန်းမီ ဒစ်ဂျစ်တယ် နည်းပညာများကို အသုံးချ၍ အာရှတစ်ဝှမ်းရှိ လူတိုင်းအတွက် ဈေးနှုန်းချိုသာသည့် ကျန်းမာရေးစောင့်ရှောက်မှုများကို ရရှိနိုင်စေရန် ဟူသည့် Prudential ၏ ဒေသတွင်းဆိုင်ရာ မဟာဗျူဟာမြောက် လုပ်ဆောင်ချက်၏ တစ်စိတ်တစ်ဒေသဖြစ်ပါသည်။

၂၀၁၉ ခုနှစ်၊ ဩဂုတ်လအတွင်း မလေးရှားနိုင်ငံ၌ Pulse ကို စတင်မိတ်ဆက်ခဲ့ပြီး ယခုအခါ ဈေးကွက် (၁၁) ခုတွင် ရယူ အသုံးပြုနိုင်ပြီ ဖြစ်ပါသည်။ Pulse တွင် ရောဂါလက္ခဏာ စစ်ဆေးပေးနိုင်သည့် အဆင့်မြင့် AI နည်းပညာ၊ ကျန်းမာရေးဆိုင်ရာ အကဲဖြတ် စစ်ဆေးမှု၊ ကျန်းမာကြံ့ခိုင်ရေးဆိုင်ရာ နည်းပညာလုပ်ဆောင်ချက်များ အပါအဝင် ဆရာဝန်များနှင့် အွန်လိုင်းမှတဆင့် ဆွေးနွေးတိုင်ပင်နိုင်ခြင်း စသည့် အဘက်ဘက်မှ ပြီးပြည့်စုံသော လုပ်ဆောင်ချက်များကို ရယူကာ မိမိတို့ ကိုယ်ကျန်းမာ၊ စိတ်ချမ်းသာစွာ နေထိုင်နိုင်ရေးအတွက် စီမံဆောင်ရွက်နိုင်ပြီ ဖြစ်ပါသည်။

စတင်မိတ်ဆက်သည့် အချိန်မှ ယနေ့အထိ Pulse ကို အာရှတွင် ဒေါင်းလုဒ်ရယူမှုပေါင်း အကြိမ်ရေ (၈) သန်းကျော် အထိ ရှိခဲ့ပြီး ဖြစ်သည်။ *လက်ရှိအချိန်တွင် Pulse အက်ပလီကေးရှင်းကို ကမ္ဘောဒီးယား၊ ဟောင်ကောင်၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ မြန်မာ၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်ဝမ်၊ ထိုင်းနှင့် ဗီယက်နမ် နိုင်ငံတို့တွင် Apple နှင့် Google Play stores များမှတစ်ဆင့် ရယူနိုင်ပြီ ဖြစ်ပါသည်။

အက်ပလီကေးရှင်းအကြောင်း ပိုမိုသိရှိလိုသည်ဖြစ်စေ၊ ဒေါင်းလုဒ်ပြုလုပ်လိုသည်ဖြစ်စေ https://www.wedopulse.com သို့ ဝင်ရောက်လေ့လာနိုင်ပါသည်။