Content Marketing အပြင် အခြားဘာသာရပ်များစွာကို အခမဲ့လေ့လာနိုင်မည့် Website ၅ ခု

Content Marketing လုပ်ငန်းပိုင်းဆိုင်ရာတွေ ခေတ်စားလာတာနဲ့အမျှ ယနေ့ခေတ်မှာ Content Marketing ကိုလေ့လာ လိုက်စားသူတွေအတွက် အခမဲ့လေ့လာနိုင်စရာ Website တွေများစွာထွက်ပေါ်လာနေပါပြီ။ မိမိတို့ရဲ့ ကိုယ်ပိုင်အားလပ်ချိန် လေးတွေမှာ Content Marketing ကိုအလွယ်တကူ အခမဲ့လေ့လာနိုင်မယ့် Website တွေကို သိရှိထားတော့ မိမိအတွက် လည်း များစွာအကျိုးရှိစေပါတယ်။ အဲ့ဒါကြောင့် Content Marketing ကို အခမဲ့လေ့လာလို့ရနိုင်မယ့် Website ၅ ခုကို ဖော်ပြပေးလိုက်ပါတယ်။

Photo Source https://academy.hubspot.com/

(၁) Hubspot
Hubspot ဆိုတဲ့ Website ကတော့ Content Marketing တွေကို အခမဲ့လေ့လာနိုင်မယ့်နေရာတစ်ခုလည်းဖြစ်ပါတယ်။ ဒါ့အပြင် Digital Marketing, Digital Advertising, Website Optimization Course, Taking Your Business Online With HubSpot, YouTube Marketiing Course, Social Media Marketing, SEO, Inbound, Inbound Marketing, Email Marketing, Inbound Sales စတဲ့ပညာရပ်တွေကိုလည်း လေ့လာနိုင်မှာဖြစ်ပါတယ်။ အောက်ပါ Link မှာဝင်ရောက် ကြည့်ရှုနိုင်ပါတယ်။
https://academy.hubspot.com/

Photo Source https://learndigital.withgoogle.com/digitalgarage

(၂) Google Digital Garage
ဒီ Website ကလည်း Marketing ပညာရပ်တွေအပြင် Online ကနေတိုက်ရိုက်လေ့လာနိုင်အောင် ပြုလုပ်ထားပါတယ်။ လေ့လာလိုတဲ့ သင်ခန်းစာတွေကို တစ်ခုချင်းဖော်ပြပေးထားတဲ့အတွက် ဝင်ရောက်လေ့လာသူတိုင်းအဆင်ပြေစေမှာပါ။ အောက်ပါ Link မှာဝင်ရောက်လေ့လာနိုင်ပါတယ်။
https://learndigital.withgoogle.com/digitalgarage

Photo Source https://www.quicksprout.com/university/

(၃)Quick Sprout
ဒီ Website မှာလည်း မိမိလေ့လာလိုတဲ့ဘာသာရပ်တွေကို တစ်ခုချင်းစီ အစဉ်လိုက်ဖော်ပြပေးထားလို့ လွယ်ကူရိုးရှင်းစွာနဲ့ပဲ ပညာရပ်တွေကို ဝင်ရောက်လေ့လာနိုင်မယ့်နေရာတစ်ခုဖြစ်ပါတယ်။ မိမိတို့ လေ့လာချင်တာကို ရှာဖွေပြီး ရွေးချယ်ဝင်ရောက် လေ့လာနိုင်မှာပါ။ အောက်ပါ Link မှာဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။
https://www.quicksprout.com/university/

Photo Source https://www.skillshare.com/

(၄) Skillshare
ဒီ Website ကတော့ Content Marketing ပညာရပ်တွေအပြင် အခြားစီးပွားရေးဆိုင်ရာပညာရပ်တွေ၊ ဓာတ်ပုံပညာတွေက အစ စုံစုံလင်လင်လေ့လာနိုင်အောင် ပြုလုပ်ထားတဲ့ Website တစ်ခုဖြစ်ပါတယ်။ Application ကို Install ပြုလုပ်ပြီးလည်း လေ့လာလို့ရအောင် ပြုလုပ်ပေးထားပါတယ်။ အောက်ပါ Link မှာ ဝင်ရောက် ကြည့်ရှုနိုင်ပါတယ်။
https://www.skillshare.com/

Photo Source https://www.emarketinginstitute.org/

(၅) EmarketingInstitute
ဒီ Website ကလည်း အထက်ကဖော်ပြထားသလို Website တွေလိုပါပဲ။ Marketing ပညာရပ်ပေါင်းများစွာကို အခမဲ့လေ့ လာနိုင်အောင် တစ်ခုချင်းစီဖော်ပြပေးထားတဲ့အတွက် အသုံးပြုသူတိုင်းအဆင်ပြေနေစေမှာပါ။ အောက်ပါ Link မှာဝင်ရောက် လေ့လာနိုင်ပါတယ်။
https://www.emarketinginstitute.org/

Letter Source – APN Contents Creation