မြန်မာနိုင်ငံမှလူငယ် Game Developer များရေးသားထားသော Z Revolution ဂိမ်း

ဂိမ်းတွေဟာ ဖုန်းတွေ၊ ကွန်ပြူတာတွေအတွက်ပါ တစ်နေ့တစ်မျိုး မရိုးရအောင် အသစ်အဆန်းတွေ ထွက်ပေါ် လာစေမြဲ ဖြစ်ပါတယ်။ ခုလိုတိုးတက်နေတဲ့ ခေတ်ကြီးမှာ နည်းပညာတွေတိုးတက်နေသလို စိတ်အပန်းဖြေ ဆော့ကစားနိုင်မယ့် ဂိမ်းလောကကြီးကလည်း တစ်နေ့တစ်ခြား တိုးတက်လာနေပါပြီ။

Z Revolution ဂိမ်းကတော့ မြန်မာနိုင်ငံက လူငယ် Game Developer တွေရေးသားထားတဲ့ ဂိမ်းလေးတစ်ခု ဖြစ်ပါတယ်။ ကစားပုံကတော့ အရင်ကလူကြိုက်များပြီး နာမည်ကြီးခဲ့တဲ့ Plants vs Zombie ကို Inspire ယူပြီးရေးသားထားတာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေကိုလည်း ထင်ဟပ် စေဖို့အတွက် Strategy Game ပုံစံမျိုးနဲ့ သရုပ်ဖော်ပြထားတာဖြစ်ပါတယ်။ 

Photo Source https://bit.ly/3eIpFJQ

ဂိမ်း Character တွေအနေနဲ့ မြန်မာ့ရိုးရာလက်နက်တစ်ခုဖြစ်တဲ့ “လေးခွ” ကိုအသုံးပြုပြီး ရန်သူတွေကို အဝေးကနေ ပစ်ခတ်နှိမ်နင်းတဲ့ လေးခွသမား၊ ရှေ့တန်းကတော်လှန်ရေး သူရဲကောင်းတွေအတွက် အရေးကြီး သတင်းအချက်အလက် တွေကို တိကျစွာဖြန့်ဝေပေးပြီးတော့ Energy ဖန်တီးပေးတဲ့ Keyboard Fighter တွေ၊ လုံခြုံရေးအတွက် ရှေ့တန်းမှ ဒိုင်းနဲ့ ကာကွယ်ပေးတဲ့ ဒိုင်းသမား၊ ရှူးဒိုင်းအသုံးပြုပြီး ရန်သူတွေကို အဝေးက ပစ်ခတ်နှိမ်နင်းသူ ရှူးဒိုင်းသမား၊ ပေါက်ကွဲမှုနဲ့ တိုက်ခိုက်တဲ့ BallBomb တွေအပြင် မဟာမိတ်တွေဆီက လက်နက်ကြီးနဲ့ လေကြောင်းကနေအထောက်အပံ့ပေးမယ့် Air Support ၊ နေရာချထားတဲ့ Hero တွေကို အခြေအနေအရ နောက်ပြန်ဆုတ်ဖို့အတွက် Retreat Flag တွေနဲ့ ရန်သူတွေကို တိုက်ထုတ်ရမှာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ Beta ဗားရှင်းပဲရှိသေးတဲ့အတွက် Chapter 10 ခုပဲ ဆော့လို့ရဦးမှာဖြစ်ပါတယ်။ ဆော့ရတာလွယ်ကူပြီးတော့ ဒီဇိုင်းပိုင်းကိုလည်း ရိုးရိုးရှင်းရှင်းလေး ဖန်တီးထားပါတယ်။

Photo Source https://bit.ly/3eIpFJQ

Z Revolution ဂိမ်းကို itch io မှာ Download ရယူနိုင်မှာ ဖြစ်ပါတယ်။ ဂိမ်းကိုရယူဖို့အတွက် ကိုယ်စိတ်ကြိုက်ဈေးတစ်ခုသတ်မှတ်ပြီး တော့ Developer တွေကို Support ပေးနိုင်သလို Free Download ရယူဖို့အတွက် “No thanks, just take me to the download” ကိုရွေးချယ်ပြီးလည်း အခမဲ့ ရယူနိုင်ပါတယ်။ PC နဲ့ Android Version နှစ်မျိုး Download ရယူပြီး ဆော့ကစားနိုင်ပါတယ်။

အသေးစိတ်အချက်အလက်တွေအတွက် Z Revolution ရဲ့ Official Facebook Page https://www.facebook.com/ZRevolutionTheGame/ မှာဝင်ရောက်ကြည့်ရှုနိုင်ပြီးတော့ https://zrevolution.itch.io/zrevolutionthegame ကနေ Download ရယူနိုင်ပါတယ်။