စုံလင်တဲ့လုပ်ဆောင်ချက်များပါဝင်သော ajoobee အလုပ်အကိုင်ရှာဖွေရေး Platform

ခေတ်တွေပြောင်းလဲလာတာနဲ့အမျှ ကုမ္ပဏီတွေမှာလိုက်ပြီး အလုပ်လိုက်လျှောက် လိုက်မေးရတဲ့ခေတ်ကနေ အင်တာနက် ကနေ အလုပ်ရှာဖွေတဲ့ခေတ်ကိုရောက်ရှိလို့နေပါပြီ။ အင်တာနက်ကနေအလုပ်ခေါ်တဲ့နေရာမှာ အလုပ်လိုချင်တဲ့ သူတွေအတွက် ပဲလွယ်ကူသက်သာစေတာမဟုတ်ပါဘူး အလုပ်ခေါ်ချင်တဲ့ကုမ္ပဏီတွေအနေနဲ့ပါ ဆက်သွယ်ရလွယ်ကူမြန်ဆန် ပြီး စိတ်တိုင်းကျ အရည်အချင်းရှိတဲ့ ဝန်ထမ်းမျိုးကိုခေါ်ယူရွေးချယ် နိုင်တာဖြစ်ပါတယ်။ ယနေ့ခေတ်မှာတော့ အလုပ်ရှာဖွေရေးအေဂျင်စီတွေ ရှာဖွေရေး Website တွေပေါ်ပေါက်လို့နေပါတယ်။ ajoobee ဆိုတာဟာလည်း အလုပ်ရှာဖွေရေး Website များထဲမှ တစ်ခုဖြစ်ပါတယ်။

အလုပ်ရှာနေတဲ့ဝန်ထမ်းတွေအတွက်သာမကပါဘူး အလုပ်ခေါ်တဲ့ကုမ္ပဏီတွေအတွက်ပါ တစ်နေရာထဲ လွယ်ကူ အဆင်ပြေစွာ ဖန်တီးပေးထားတဲ့ Career Network တစ်ခုဖြစ်တဲ့ ajoobee မိတ်ဆက်ပွဲအခမ်းအနားကို ၂၀၁၉ ဒီဇင်ဘာလ ၁၈ ရက် Park Royal Hotel မှာကျင်းပပြုလုပ်ခဲ့ပါတယ်။

Photo Source – Myanmar Tech Press

“ajoobee ဟာသုံးစွဲသူတွေရဲ့ ဆန္ဒနဲ့ကိုက်ညီတဲ့ Career နဲ့ လုပ်ငန်းရှင်တွေအကြား အကောင်းဆုံးဆက်သွယ်ပေးနိုင်တဲ့ Network တစ်ခု ဖြစ်ပါတယ်။ ကုမ္ပဏီတွေ အနေနဲ့ကောင်းမွန်တဲ့ ဝန်ထမ်းတွေရရှိဖို့ အတွက် အလားအလာရှိတဲ့ Job Seeker တွေနဲ့ အကိုက်ညီဆုံး ဖြစ်ဖို့ အကောင်းဆုံး အပြန်အလှန်အကျိုးပြုပေးမယ့် Application တစ်ခုပဲဖြစ်ပါတယ်။ ajoobee အနေနဲ့ ပုံမှန်သမားရိုးကျ အလုပ်ရှာတဲ့ ဝက်ဆိုဒ်တွေနဲ့ မတူဘဲ Seeker တွေရဲ့အမှန်တစ်ကယ်လုပ်နိုင်စွမ်းတွေကို ချပြနိုင်ရုံသာမက စိတ်နေစိတ်ထား တွေကိုပါ လုပ်ငန်းရှင်တွေကို ချပြနိုင်မှာဖြစ်ပါတယ်။ ပုံမှန်အင်တာဗျူးတွေမှာတောင် မရနိုင်တဲ့လုပ်ဆောင်ချက်ဖြစ်ပါတယ်။ လုပ်ငန်းရှင်တွေအနေနဲ့လည်း များပြားလှတဲ့ စွမ်းဆောင်ချက်တွေကိုအသုံးပြုပြီးတော့ မိမိတို့လုပ်ငန်းပိုမိုတိုးတက်အောင် မိမိတို့ရဲ့ကောင်းမွန်တဲ့ ဝန်ထမ်း တွေရရှိအောင် စွမ်းဆောင်ပေးပါလိမ့်မယ်။ သုံးနေကျပုံစံမျိုးမဟုတ်ပဲ အချိန်ကုန်သက်သာ ပြီးတော့ မိမိတို့လုပ်ငန်းအတွက် ပိုမိုအဆင်ပြေအောင် Human Resource ကိုလည်း အကောင်းဆုံးရှာဖွေနိုင်ဦးမှာ ဖြစ်ပါတယ်”  ဟု ajoobee ရဲ့ ဒါရိုက်တာတစ်ဦးဖြစ်သူ ကိုနေစောလင်းက ရှင်းလင်းပြောကြားခဲ့ပါတယ်။

“အလုပ်ရှာဖွေတဲ့သူတွေအတွက် Powerful Job Search Tool ပါဝင်ပါတယ်။ အလုပ်အကိုင်ပေါင်းများစွာထဲကနေ ကိုယ်နဲ့ သင့်တော်တဲ့ အလုပ်အကိုင်များကို Advance Search Data တွေကို အသုံးပြုပြီးတော့ ရှာဖွေလို့ရပါတယ်။ ကုမ္ပဏီတစ်ခုကနေ Job Post တစ်ခုတင်လိုက်တဲ့အခါ Job Seeker ဆီကို System ကနေ Automatically Filter လုပ်ပြီးတော့ Notification တွေပေးပို့သွားပေးမှာပဲ ဖြစ်ပါတယ်။ Job Seeker တွေအနေနဲ့ ကိုယ်နဲ့ကိုက်ညီတဲ့အလုပ်ကိုတွေ့တဲ့အခါ Website ကနေသာမက ajoobee ရဲ့ Mobile Application ကနေပါ အလုပ် လျှောက်ထားလို့ ရပါတယ်။ ကုမ္ပဏီဘက်ကနေ Interview Invitation ပေးပို့တဲ့အခါ ဒါမှမဟုတ် Offer ပေးပို့တဲ့အခါမျိုးမှာ System ကနေ သက်ဆိုင်ရာ Job Seeker ရဲ့ Mobile Application ဆီကို Push Notification အဖြစ် ပေးပို့ပေးသွားမှာဖြစ်ပါတယ်။

Photo Source – www.ajoobee.com

အဲ့ဒီအတွက် Job Seeker တွေအနေနဲ့ Website ကိုလည်းဝင်ရောက်စရာမလိုဘူး Mobile Application ကိုလည်း ဖွင့်ထားစရာမလိုဘဲနဲ့ Notification တွေကို အချိန်နဲ့တပြေးညီ လက်ခံရရှိမှာဖြစ်ပါတယ်။ နောက်ထပ် Feature တစ်ခုဖြစ်တဲ့ Map Feature ကတော့ အလုပ်ရှာဖွေတဲ့သူတွေရဲ့ Current Location ကို Browser ကနေ စစ်ပြီး တစ်မိုင်ခွဲ နှစ်မိုင် အကွာအဝေးစသဖြင့် အလုပ်ရှာဖွေလို့ရပါတယ်။ နောက်ထပ်တစ်ခုကတော့ Application Video ဖြစ်ပါတယ်။ များသောအားဖြ့င့် အလုပ်ရှာတဲ့အခါ CV ကိုပဲတင်ကြတာ များပါတယ်။ ဗီဒီယိုကိုကျတော့ ကုမ္ပဏီတစ်ခုခြင်းစီရဲ့ လုပ်ငန်းလိုအပ်ချက်တွေနဲ့ပက်သက်တဲ့ Recording လုပ်ပေးပြီး တင်ပေးခြင်းအားဖြင့် အဲ့ဒီကုမ္ပဏီနဲ့သက်ဆိုင်တဲ့ အကြောင်းအရာတွေကို အဓိကထားပြောပေးလို့ရတယ်။ ဥပမာ ဒီကိုဘာကြောင့်စိတ်ဝင်စားတာလဲ၊  ဒီအလုပ်ကို ဘာလို့ လုပ်ချင်တာလဲ၊ ပေးထားတဲ့ Requirement နဲ့ သူနဲ့ကဘယ်လောက် ကိုက်ညီမှုရှိသလဲပေါ့ အဲ့ဒါတွေကို Recording လုပ်ပြီးတော့ အသေးစိတ်ပြောပြလို့ရပါတယ်။ အဲ့ဒီ Video နဲ့ကိုယ့်မှာ Communication Skill  ဘယ်လောက်ရှိတယ်ဆိုတာကို ပေါ်လွင်အောင်ဖော်ပြလို့ရပါတယ်။ အဲ့ဒီအတွက် ကောင်းကျိုးကတော့ တစ်ခြား Candidate တွေနဲ့ယှဉ်လိုက်တဲ့အခါမှာ ကိုယ့်အတွက်ပိုပြီးတော့ Interview ရဖို့အတွက် Chance တစ်ခုအနေနဲ့ အသုံးပြုလို့ရပါတယ်။ လုပ်ငန်းရှင်တွေဘက်က ပြန်ကြည့်ရင်လည်း အလုပ်လျှောက်တဲ့သူရဲ့ ပြောပုံဆိုပုံတွေကို ဒီ video ဖိုင်ကနေ ကြည့်ရှာလေ့လာ ခန့်မှန်းလို့ရတော့ ရိုးရိုး CV ကိုကြည့်ပြီး မှန်းဆ Interview ခေါ်တာထက်စာရင် ပိုပြီးတော့ အချိန်ကုန်သက်သာမယ်ပို အကျိုးရှိစေမှာဖြစ်ပါတယ်။ နောက်ထပ် Feature တစ်ခုကတော့ Integrated Employment System ဖြစ်ပါတယ်။ လုပ်ငန်းရှင်တွေအနေနဲ့ Post ကိုလွယ်လွယ်ကူကူ Manage လုပ်လို့ရမယ် ဥပမာ ပိုစ်ကိုတင်မယ်ဆိုရင် ကိုယ်ကမတင်ချင်သေးဘူးဆိုရင် Draft ထဲမှာသိမ်းထားလို့ရမယ် Confirm ဖြစ်ပြီဆိုမှ တင်ရင်လဲရတယ်။ Deactivate တွေလည်းလုပ်လို့ရပါတယ်။ System ကတော့ ပိုစ်တစ်ခုတင်လိုက်ရင် တစ်လအချိန်ပေးမှာဖြစ်ပါတယ်။ တစ်လပြည့်သွားရင်တော့ expire ဖြစ်သွားမယ်။ Expired ဖြစ်သွားတဲ့ ပိုစ်တွေကိုလဲ copy ပြန်ကူးပြီးတော့ reactivate လုပ်လို့ရပါတယ်။ အဓိကပါဝင်တဲ့ ထူးခြားချက်ကတော့ Career Matching Tool ပါ။ ပိုစ်ရဲ့လာလျှောက်တဲ့ CV ပေါင်းများစွာထဲက အလုပ်နဲသက်ဆိုင်တဲ့ Top 20 ကို System က‌ Auto Filter လုပ်ပြီးတော့ Relevant List ထဲမှာပြ ပေးထားမှာဖြစ်ပါတယ်။ လုပ်ငန်းရှင်တွေအနေနဲ့ ဒီအလုပ်နဲ့သက်ဆိုင်တဲ့ CV ပဲလာလိမ့်မယ်လို့ မျှော်မှန်းလို့တော့ မရပါဘူး။

Photo Source – Myanmar Tech Press

CV တွေများလာတဲ့အခါ Systemက CV တစ်ခုချင်းစီကို filter လုပ်ဖို့အတွက် selection process time အချိန်ပိုကြာနိုင်ပါတယ်။ အဲ့ဒီအတွက် relevant list ကအထောက်အကူပြုနိုင်ပါလိမ့်မယ်။ ပိုစ်တင်ပြီးတော့ လာလျှောက်တဲ့သူထဲမှာ လာလျှောက်တဲ့ သူသဘောကျတဲ့သူရှိတယ်ဆိုရင် favorite list ဒါမှမဟုတ် shortlist အဖြစ် ထည့်ထား လို့ရပါတယ် interview မခေါ်ခင်ပထမအဆင့်ပေါ့နော်။ အဲ့ဒီကနေပြန်စစ်ပြီးတော့ interview Invitation ပေးပို့လို့ရသလို job seeker အနေနဲ့ကလည်း လက်ခံတယ် လက်မခံဘူး ပြန်လည်ပေးပို့လို့ရပါတယ်။ တကယ်လို့ invitation date မှာပါဝင်တဲ့ အချိန်နဲ့ကိုယ့်ရဲ့အချိန်နဲ့က အဆင်မပ‌ြေဘူးဆိုရင် reschedule request ကိုပြန်လည်ပေးပို့လို့ရပါတယ်။ အင်တာဗျူးကို လည်း စစ်စတမ်ထဲက နေအကြိမ်များစွာခေါ်လို့ရတယ်။ face to face interview လား telephone interview လား ဆိုပြီးလည်း invitation letter မှာ ထည့်သွင်းပေးပို့လို့ရပါတယ်။ နော်ကဆုံးရွေးချယ်ခံရတဲ့ candidate ကိုလည်း System ထဲကနေ job offer leteer ကိုပေးပေို့လို့ရပါတယ္။ job seeker အနေနဲ့လည်းလက်ခံတယ် လက်မခံဘူး ရွေးချယ်လို့ ရပါတယ်။ လက်မခံရင်လည်း ဘာကြောင့်ဆိုပြီး reason ထည့် reply လုပ်လို့ရပါတယ်။” ဟု ajoobee တွင်ပါဝင်သော feature များကို ajoobee ၏ Project Manager ဖြစ်သူ မမီချယ်မှ အသေးစိတ်ရှင်းလင်းပြောကြားခဲ့ပါတယ်။

ajoobee အကြောင်းပိုမိုသိရှိလိုပါက ajoobee ရဲ့ website

www.ajoobee.com

နှင့် ajoobee ရဲ့ Facebook စာမျက်နှာ

https://www.facebook.com/ajoobeemyanmar/?__tn__=%2Cd%2CP-R&eid=ARCnT7BLouDJfhKz9HfFgIi_qoi8A2Dy_B2KO9AtkViy23kjmNnfuFmJ2G714Qk15jDLuHQi35Mqi8F0

တို့မှာ ဝင်ရောက်ကြည့်ရှုစုံစမ်းနိုင်ပါတယ်။ အောက်ပါ Link တွင် Application ကိုရယူနိုင်ပါသည်။

https://play.google.com/store/apps/details?id=com.ajoobee.mm