IT အလုပ်အကိုင်များစွာရှာဖွေနိုင်တဲ့ Myanmar Dev Jobs Website

အခုလိုတိုးတက်ပြောင်းလဲလာပြီးနည်းပညာတွေဖွံ့ဖြိုးနေတဲ့ IT ခေတ်ကြီးမှာအပြင်ထွက်ပြီးအလုပ်ရှာလေ့မရှိကြတော့ပါဘူး။ Facebook တို့လိုဆိုရှယ်မီဒီယာတွေကိုအသုံးပြုပြီးတော့ CV ဖောင်တွေကို Email ကနေပို့ပြီးအလုပ်လျှောက်နေကြပါပြီ။ ဒါ့အပြင် Website တွေလည်း ပေါ်လာလို့နေပါတယ်။ အခုပြောချင်တဲ့အကြောင်းအရာလေးကတော့ Myanmar Dev Jobs လို့ခေါ်တဲ့ အလုပ်ရှင်နဲ့ အလုပ်လိုချင်တဲ့သူတွေချိတ်ဆက်ပေးတဲ့အလုပ်ရှာဖွေရေး Website တစ်ခုအကြောင်းဖြစ်ပါတယ်။ ဒီ Website ကတော့ ဒီနေ့ခေတ်ရဲ့ IT အခန်းကဏ္ဍမှာအရေးပါတဲ့ Developer တွေ Graphic Designer တွေအတွက် ရည်ရွယ် ပြုလုပ်ထားတာဖြစ်ပါတယ်။
Myanmar Dev Jobs Website ကိုတော့ Website ကိုရေးသားကြတဲ့ Team က ကိုယ်တိုင်လဲ Developer/Designer တွေဖြစ်တဲ့အတွက် Developer/Designer တွေအတွက် အသုံးဝင်မယ့် Blog Articles တွေရေးပြီးလေ့လာနိုင်အောင် လုပ်ပေးဖို့သူတို့တွေအလုပ်ရှာဖွေရတာ လွယ်ကူအောင်လည်းလုပ်ပေးဖို့အတွက် ရည်ရွယ်ရေးသားခဲ့ခြင်းဖြစ်ပါတယ်။ Myanmar Dev Jobs Website ကိုတော့ စက်တင်ဘာလ ၇ ရက် ၂၀၁၇ မှာတရားဝင် စတင်ခဲ့တာဖြစ်ပါတယ်။

Photo Source – https://www.myanmardevjobs.com/

Website က အသုံးပြုရတာရိုးရှင်းလွယ်ကူပြီးမြန်မြန်ဆန်ဆန် ကိုယ်နဲ့သင့်တော်တဲ့အလုပ်ကိုရှာဖွေနိုင်မှာဖြစ်ပါတယ်။ စတင်အသုံးပြုမယ်ဆိုရင်တော့ Register လုပ်ဖို့ လိုအပ်ပြီး Facebook, Google, Twitter, LInkIn အကောင့်တွေနဲ့ ချိတ်ဆက်နိုင်မှာဖြစ်ပါတယ်။ Designer နဲ့ Developer ခေါ်ယူချင်တဲ့ Client တွေအနေနဲ့ကတော့ Website ရဲ့အပေါ်က Post a job ဆိုတဲ့နေရာမှာအလုပ်တွေကိုတင်နိုင်မှာဖြစ်ပြီးအလုပ်ရှာချင်တဲ့ သူတွေအနေနဲ့ကလည်း Jobs ဆိုတဲ့ နေရာကနေ အလုပ်တွေကို search box မှာရှာဖွေနိုင်မှာဖြစ်ပါတယ်။ Recent Jobs ကနေတင်ထားတဲ့ အလုပ်တွေ ကိုကြည့်ရှုနိုင်ပါတယ်။ အလုပ်တွေကိုလည်း အလုပ်နေရာ၊ ပေးမယ့်လစာ full time job (သို့မဟုတ်) part time job လားဆိုတာနဲ့ ကုမ္ပဏီနာမည် ကိုအရင်ကြည့်ရှုနိုင်မှာဖြစ်ပြီး မိမိသိချင်တဲ့ အလုပ်ကိုနှိပ်လိုက်တာနဲ့ Detail ကျလာမှာဖြစ်ပါတယ်။

Photo Source – https://www.myanmardevjobs.com/

အဲ့ဒီကနေအလုပ်ရဲ့ Description အလုပ်အတွက် လိုအပ်ချက်တွေဒီအလုပ်လုပ်လို့ ကိုယ့်အတွက် ရရှိလာမယ့် အကျိုးကျေး ဇူးတွေ၊ ကုမ္ပဏီရဲ့လိပ်စာတွေ၊ အလုပ်လျှောက်ဖို့အတွက် CV ဖောင်ပို့ရမယ့် mail နဲ့ ဆက်သွယ်ရမယ့် ဖုန်းနံပါတ်တွေကို တွေ့ရမှာဖြစ်ပါတယ်။ Myanmar Dev Jobs Website ရဲ့ထူးခြားတဲ့အားသာချက်ကတော့ တစ်ခြားအလုပ်ရှာဖွေရေး website တွေနဲ့မတူဘဲ Developer တွေ Designer တွေနဲ့ပက်သက်တဲ့ သင်ခန်းစာတွေလေ့လာစရာ အကြောင်းအရာ တွေကိုပါ တင်ထားပေးတာပဲဖြစ်ပါတယ်။

Photo Source – https://www.myanmardevjobs.com/

Website ရဲ့အပေါ် Bar မှာဆိုရင် Jobs၊ Learn၊ Blog၊ Useful Links နဲ့ About ဆိုပြီးရှိပါတယ်။ Jobs မှာတော့ အားလုံးအတွက် အလုပ်တွေကိုရှာနိုင်မှာဖြစ်ပြီး Learn မှာတော့ သိမှတ်စရာလေ့စာစရာအကြောင်းအရာ များစွာကိုတင်ထားပေးတာဖြစ်ပါတယ်။ Blog မှာတော့ Developer/Designer တွေအတွက် အသုံးဝင်မယ့် Blog Articles များစွာကိုရေးသားထား Share ထားပြီးတစ်နေရာထဲမှာစုံလင်စွာလေ့လာမှတ်သားနိုင်မှာဖြစ်ပါတယ်။ Useful Links ရဲ့အောက်မှာတော့ Developer/Designer တွေနဲ့ပက်သက်တဲ့ Articelsတွေသတင်းတွေနဲ့ Developer/ Designer တွေရဲ့ ကိုယ်တိုင်းရေးထားတဲ့ Tutorial တွေနဲ့ အခြားဖတ်လို့ကောင်းပြီး ဗဟုသတုရစေတဲ့ Tutorials တွေကိုပြန်လည် Share ပေးနိုင်မှာဖြစ်ပါတယ်။
အောက်ပါ Link မှာဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။
https://www.myanmardevjobs.com/