ဂျပန်နိုင်ငံရှိ IT အလုပ်အကိုင်များကို ရှာဖွေလျှောက်ထားနိုင်သော mingalavalue Website အကြောင်း

ဂျပန်နိုင်ငံမှာရောက်ရှိနေတဲ့ အိုင်တီပိုင်းဆိုင်ရာအလုပ်ရှာဖွေနေသူတွေအတွက် mingalavalue website က အခွင့်အလမ်း ကောင်းတစ်ခုလို့ဆိုနိုင်ပါတယ်။ အလုပ်ပြောင်းချင်သူများ၊ အလုပ်ရှာနေသူများအနေဖြင့် mingalavalue Website မှာ Register လုပ်ပြီး အလုပ်ရှာဖွေနိုင်ပါတယ်။ ဒီ Website မှာဆိုရင် အဓိကတင်ပြပေးနေတဲ့အကြောင်းအရာတွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။
၁။ ဂျပန်-မြန်မာအလုပ်အကိုင်အခွင့်အလမ်းများကို ဂျပန်ဘာသာနှင့်မြန်မာဘာသာအစရှိသည့်ဘာသာစကား ၂ မျိုးဖြင့် အလုပ်ခေါ်စာများတင်ပေးခြင်း၊
၂။ ဂျပန်နှင့်ပက်သက်သောဗဟုသုတအကြောင်းအရာများကိုတင်ပေးခြင်း။
၃။ ဂျပန်နိုင်ငံတွင်လုပ်ငန်းခွင်ဝင်နေသောသူများအတွက် Know-how များ။
၄။ ဂျပန်ရောက်မြန်မာများအလုပ်ရှာဖွေရာတွင်အထူးသတိပြုသင့်သည့်အထွေထွေဗဟုသုတများ။
၅။ အလုပ်အကိုင်အခွင့်အလမ်းနှင့်ပက်သက်သောပွဲများကိုလည်းစဉ်ဆက်မပြတ်တင်ပြပေးမှာဖြစ်ပါတယ်။
ဂျပန်နိုင်ငံ၏တစ်ခုတည်းသော Myanmar Job Fair ပွဲများကိုနှစ်စဉ်ကျင်းပပေးနေသာ Facebook Page : Japan Myanmar Job & Knowledge Page နှင့် Part-time job Times Co., Ltd ကုမ္ပဏီပိုင် Website တစ်ခုပဲဖြစ်ပါတယ်။

Photo Source https://mingalavalue.jp/

အဆိုပါ website မှာ ဂျပန်ရောက်မြန်မာအိုင်တီပညာရှင်များအတွက် အထူးအစီအစဉ်တစ်ရပ်လည်းပါရှိပါတယ်။ အဲ့ဒါက တော့ ကုမ္ပဏီမှ IT/Engineer နှင့်ပက်သက်ပြီး Consultant လုပ်ပေးခဲ့တဲ့ ၈၀ ရာခိုင်နှုန်းကျော်‌ကျော် မိမိတို့လိုချင်သော ကောင်းမွန်တဲ့ Career Up Life တွေကို ပိုင်ဆိုင်ခဲ့ကြပါတယ်။ ထို သူများမှ တဆင့် အသိမိတ်ဆွေများကိုလည်း အလုပ်‌ပြောင်းအလုပ်ရှာသည့်အခါ ‌လာ‌ရောက်တိုင်ပင်ဆွေး‌နွေးကြပြီး ‌ကောင်းမွန်သော Career Up Life များအလုပ်များ ပိုင်ဆိုင်ခဲ့ကြပါတယ်။ ထို့အတွက် ‌ကျေးဇူးတုန့်ပြန်သောအားဖြင့် သူငယ်ချင်း ၂ ဦးစလုံးအတွက် အလုပ်ပြောင်းရင်း ဂုဏ်ပြုငွေသားများထုတ်ယူလို့ရမည့် အထူးအစီအစဉ်တခု ဖြစ်ပါတယ်။
အထူးအစီအစဉ် ၁ အနေဖြင့် မိမိကိုယ်တိုင် မိတ်ဆက်ပေးလိုက်သော အသိမိတ်ဆွေသူငယ်ချင်း အလုပ်ရရှိသွားပါက အလုပ်ဝင်ပြီး ၁ လပြည့်သည်နှင့်အချိန်တွင် ဂုဏ်ပြုငွေ ဂျပန်ယန်း ၅သောင်းကို ချီးမြှင့်ပေးသွားမှာလည်းဖြစ်ပါတယ်။ လိုအပ်တဲ့ အရည်အချင်းကတော့
1.ဂျပန်‌ရောက်မြန်မာအိုင်တီပညာရှင်
2.ဂျပန်စာ N2 Level
3.အိုင်တီလုပ်ငန်းအတွေ့အကြုံ ၃နှစ်(ဂျပန်နိုင်ငံ) တို့ပဲဖြစ်ပါတယ်။

Photo Source https://mingalavalue.jp/

အထူးအစီအစဉ် ၂ အနေဖြင့် မိတ်ဆွေသူငယ်ချင်းမှ အလုပ်ရရှိပြီးနောက်၊ မိမိနှင့် မိမိသူငယ်ချင်း တို့သည် ကုမွဏီမှ ပြုလုပ်မည့် အင်တာဗျုး ပရိုဂရမ်တွင် ပါဝင်ကူညီမည်ဆိုပါက မိမိအားအား ပါဝင်ကူညီလို့ ဂုဏ်ပြုငွေ ယန်း ၅သောင်းချီးမြှင့်ပေးမလည်းဖြစ်သည်။ လျှောက်ထားရန်နည်းလမ်းကတော့
၁။ နာမည်၊ဖုန်းနံပါတ်တို့အားရေး၍ သင့်အသိမိတ်ဆွေ သူငယ်ချင်း၏ ဂျပန်လိုရေးသားထားသော စီဗီနှင့် အလုပ်ရာဇဝင် အောက်ဖော်ပြပါမေးလ်သို့ ပို့ပေးပါ။
၂။ မိမိအသိမိတ်ဆွေ သူငယ်ချင်းမှလည်း တိုက်ရိုက် ထိုမေးလ်သို့ လျှောက်ထားနိုင်ပါတယ်။ ထိုအခါမှာ မိမိနာမည်နဲ့ ဆက်သွယ်ရန် ဖုန်းနံပါတ် မေးလ်လိပ်စာတို့အားပြောပေးရန် လိုအပ်ပါတယ်။
အောက်ပါ Link များမှာဝင်ရောက်လေ့လာနိုင်ပါတယ်။
https://mingalavalue.jp/
https://www.facebook.com/Japan-Myanmar-Jobs-Knowledge-732800030159020/