Ooredoo Myanmar မှ အပတ်စဉ်ဆုမဲများရရှိနိုင်မည့် “ဒုန်း ဒုန်း ဒုန်း” အစီအစဉ်သစ်စတင်မိတ်ဆက်

အူရီဒူးမြန်မာမှ အပတ်စဉ်ဆုများအဖြစ် စုစုပေါင်း မော်တော်ကား ၁၀ စီး၊ ဆိုင်ကယ်အစီး ၅၀၊ iPhone 11 ဟန်းဆက် အလုံး ၁၀၀ နှင့် ရွှေဒင်္ဂါးပြားများအပါအဝင် ရာနှင့်ချီသောဆုများ ချီးမြှင့်ပေးသွားမည့် “ဒုန်း ဒုန်း ဒုန်း” ပရိုမိုးရှင်း အစီအစဉ်အား စတင်မိတ်ဆက်လိုက်ပြီဖြစ်ကြောင်းသိရသည်။
အူရီဒူးမြန်မာသည် ဆုလက်ဆောင်အရေအတွက် ရာနှင့်ချီချီးမြှင့်ပေးသွားမည့် “ဒုန်း ဒုန်း ဒုန်း” အထူးပရိုမိုးရှင်း အစီအစဉ် တွင် အူရီဒူးအသုံးပြုသူများသည် နေ့စဉ်ဆုမဲများအဖြစ် 200GB အထိ ဒေတာဆုလက်ဆောင်၊ အပတ်စဉ်ဆုများအတွက် Suzuki Swift ကားသစ် ၁ စီး၊ မော်တော် ဆိုင်ကယ် ၅ စီး၊ iPhone 11 ၁၀ လုံးနှင့် ရွှေဒင်္ဂါးပြားများစွာ အပါအဝင်ရာနှင့် ချီသော ဆုကြီးများစွာအား ကံထူးပိုင်ဆိုင်ခွင့် ရရှိနိုင်မည်လည်းဖြစ်သည်။

Photo Source – https://www.facebook.com/OoredooMyanmar/

အဆိုပါဆုကြီးများအား ရယူပိုင်ဆိုင်နိုင်ရန်အတွက် အူရီဒူးသုံးစွဲသူများအနေဖြင့် My Ooredoo App ကို အသုံးပြုပြီး ၉၇၅ ကျပ်တန်နှင့် ၈၄၅ ကျပ်တန် “ဒုန်း ဒုန်း ဒုန်း” ဒေတာ အစီအစဉ် ၂ ခုအနက် ၁ ခုအား ဝယ်ယူရန်လိုအပ်မည်ဖြစ်သည်။ ထိုသို့ ဝယ်ယူလိုက်သည်နှင့်တပြိုင်နက် ဘောလုံးကန်သည့် ဂိမ်းအစီအစဉ်အား ချက်ခြင်းဆော့ကစားပြီး၊ ချက်ခြင်းလက်ငင်း ဒေတာပမာဏ 200GB အထိ ကံထူးနိုင်မည်ဖြစ်သည့်အပြင် အပတ်စဉ် ဆုမဲများ ဖြစ်သည့် Suzuki Swift ကားသစ်၊ မော်တော်ဆိုင်ကယ်များ၊ iPhone11 ဟန်းဆက်များနှင့် ရွှေဒင်္ဂါးပြားများစွာကို ပါဝင်ကံထူးခွင့် ရရှိနိုင်မည်ဖြစ်သည်။
“အူရီဒူးမြန်မာအနေနဲ့ ပြည်သူတို့၏ ဒစ်ဂျစ်တယ်ဘဝများ ပြည့်ဝမြင့်မားစေရန် လုပ်ဆောင်ပေးမည် ဆိုတဲ့ ရည်မှန်းချက် အတိုင်း အကောင်းမွန်ဆုံးဒစ်ဂျစ်တယ် ထုတ်ကုန်၊ ဝန်ဆောင်မှုတွေနဲ့ ပရိုမိုးရှင်းအစီအစဉ်တွေကို အစဉ်မပြတ် ပေးအပ်သွားနိုင်ဖို့ ကြိုးပမ်းလုပ်ဆောင်နေပါတယ်။ ယခုကျွန်တော်တို့မိတ်ဆက်ပေးလိုက်တဲ့ ဆုကြီးတွေအများအပြား ပေးအပ်သွားမယ့် ‘ဒုန်း ဒုန်း ဒုန်း’ ပရိုမိုးရှင်းဟာလည်း ပျော်စရာကောင်းတဲ့ ဒစ်ဂျစ်တယ်ဘောလုံးကန်တဲ့ဂိမ်းနဲ့ ပေါင်းစပ် ထားတဲ့အတွက် အူရီဒူးသုံးစွဲသူတွေအားလုံးအနေနဲ့ ဆုလက်ဆောင်တွေနဲ့အတူ စိတ်လှုပ်ရှားစရာအတွေ့အကြုံတွေ အမြောက်အမြား ခံစားရရှိစေနိုင်မှာဖြစ်ပါတယ်။ ဆုကြီးတွေကို ဘယ်သူတွေ ကံထူးပိုင်ဆိုင်သွားကြမလဲ ဆိုတာလည်း ဆက်လက်စောင့်ကြည့်ပေးကြပါဦး” ဟု အူရီဒူးမြန်မာ၏ Chief Commercial Officer ဖြစ်သူ Mr. Alok Verma က ပြော ကြားလိုက်သည်။

Photo Source – https://www.facebook.com/OoredooMyanmar/

*565# ကိုခေါ်ဆိုပြီးဖြစ်စေ My Ooredoo App ကိုဒေါင်းလုတ်လုပ်ပြီးဒေတာ အစီအစဉ်တွေဝယ်လိုက်သည်ဖြစ်စေ အူရီဒူး၏ ‘ဒုန်း ဒုန်း ဒုန်း’ ဘောလုံးဂိမ်းကိုဆော့ပီး ဆုကြီးတွေအများကြီးအများကြီးကံထူးနိုင်မှာဖြစ်ပါတယ်။ My Ooredoo app ကို တော့ ဒေါင်းလုတ်လုပ် (သို့မဟုတ်) update လုပ်ထားဖို့တော့လိုအပ်မည်လည်းဖြစ်သည်။ လက်ရှိတွင် ဆုမဲကာလများကို ဖေဖော်ဝါရီလကုန်အထိ အပတ်စဉ် ကံစမ်းမဲဖောက်ပေးသွားမည်ဖြစ်ကြောင်းလည်းသိရသည်။
အူရီဒူးသုံးစွဲသူများအနေဖြင့် My Ooredoo App အား *565# သို့ ဖုန်းခေါ်ဆို၍ ဖြစ်စေ Google Play Store မှ တဆင့် ဖြစ်စေ၊ iOS App Store မှ တဆင့်ဖြစ်စေ အလွယ်တကူ ဒေါင်းလုတ်ရယူနိုင်မည်ဖြစ်သည်။
My Ooredoo app ကို ဒေါင်းလုတ်ရယူရန် Link များမှာ အောက်ပါအတိုင်းဖြစ်ပါသည်။
Android အတွက်
http://ore.do/gpmoa
iOS အတွက်
http://ore.do/iosmoa
အသေးစိတ်အချက်အလက်များကို အောက်ပါ Link များမှာဝင်ရောက်လေ့လာနိုင်ပါသည်။
http://ore.do/ddd1
https://ooredoo.com.mm/portal/mm/index
https://play.google.com/store/apps/details?id=com.ooredoo.selfcare
https://www.facebook.com/OoredooMyanmar/