MPT အသုံးပြုသူများ ၂၀၂၀ နှစ်သစ် ကံစမ်းမဲအစီအစဉ်တွင် TOYOTA Rush ကားများ၊ ရွှေပြားများနှင့် အထူးဆုမဲများကံစမ်းနိုင်

၂၀၂၀ နှစ်သစ်ကို ကြိုဆိုသည့်အနေဖြင့် MPT သုံးစွဲသူများမည်သူမဆို ၁,၀၀၀ ကျပ်နှင့်အထက် ဖုန်းငွေဖြည့်သွင်းတိုင်း အနည်းဆုံး ကံစမ်းခွင့်တစ်ကြိမ်ရရှိမည်ဖြစ်ပြီး ကံစမ်းခွင့်အကြိမ်များများစုမိလေ ကံထူးနိုင်မည့်အခွင့်အရေး ပိုများများရရှိနိုင် မည့် ကံစမ်းမဲအစီအစဉ်များကို ပါဝင်ကံစမ်းနိုင်ပြီဖြစ်ကြောင်းသိရသည်။
MPT အနေဖြင့် ၂၀၂၀ ခုနှစ် နှစ်သစ်ကို ကြိုဆိုသောအားဖြင့် “ဆုတွေထူးရှယ် ၂၀၂၀” ကံစမ်းမဲ အထူးအစီအစဉ်ကို ၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၁၉ ရက်နေ့တွင် မိတ်ဆက်လိုက်ပြီဖြစ်ပြီး အဆိုပါ ကံစမ်းမဲ အစီအစဉ် ကာလမှာ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၂၀ ရက် မှ ၂၀၂၀ ခုနှစ် ဇန်နဝါရီလ ၂၀ ရက် အထိ ဖြစ်ပြီး ယင်းကာလအတွင်း MPT GSM/WCDMA အသုံးပြုသူ မည်သူမဆို အနည်းဆုံး ငွေကျပ် ၁,၀၀၀ နှင့်အထက်ဖုန်းဘေလ်ဖြည့်သွင်းပါက ကံစမ်းမဲအစီအစဉ်တွင် ပါဝင်ကံစမ်းနိုင်ပြီး ဆုလက် ဆောင်များကို ရရှိနိုင်မည်ဖြစ်သည်။

Photo Source – https://www.facebook.com/mptofficialpage/

MPT အသုံးပြုသူများသည် အဆိုပါ ကံစမ်းမဲအစီအစဉ်မှတစ်ဆင့် ဖုန်းငွေဖြည့်သွင်းသည့် ပမာဏပေါ်မူတည်၍ အပတ်စဉ် ဆုများအဖြစ် မြန်မာကျပ်ငွေ သိန်း (၂၀) စုစုပေါင်း (၅) ဆု၊ နှစ်ကျပ်သား ရွှေပြားဆုမဲ စုစုပေါင်း (၅) ဆု နှင့် ၁ နှစ်တာသက် တမ်းရှိ တစ်ပတ်လျှင် 20 GB အင်တာနက်ဒေတာ စုစုပေါင်း (၈) ဆု တို့အပြင် အထူးဆုအဖြစ် TOYOTA Rush ကားသစ်ကြီး (၂) စီးကို ကံစမ်းခွင့်ရမည် ဖြစ်သည်။
အထူးဆုဖြစ်သည့် အသစ်စက်စက် TOYOTA Rush ကား (၂) စီးနှင့် အပတ်စဉ်ဆုများကို ကံစမ်းခွင့်ရရှိရန်အတွက် ဖုန်းငွေဖြည့်သွင်းပြီးနောက် *224# အားနှိပ်၍ ကံစမ်းနိုင်ခွင့်အကြိမ်ရေအတွက်ကို ကံစမ်းမဲကာလအတွင်း စစ်ဆေးနိုငမည် လည်းဖြစ်သည်။ အဆိုပါဆုများအပြင် MPT4U application မှတစ်ဆင့် ပက်ကေ့ချ်များကိုဝယ်ခြင်းဖြင့် သုံးစွဲသူများသည် 20GB နှင့်အထက်ရှိသည့် GB ဒေတာဆုအရေအတွက် ၂,၀၀၀ နှင့် အခြား ဒေတာ GB ပမာဏများစွာကိုလည်း ထိပေါက် တွင် ကံစမ်းနိုင်ခွင့်ရရှိမည်ဖြစ်ကြောင်းလည်းသိရသည်။

Photo Source – https://www.facebook.com/mptofficialpage/

“ကျွန်တော်တို့ အနေနဲ့ MPT သုံးစွဲသူတွေကို စိတ်လှုပ်ရှား ပျော်စရာကောင်းတဲ့ နည်းလမ်းတွေနဲ့ အမြဲကျေဇူးတုံ့ပြန်ဖို့ ရှာဖွေဆောင်ရွက်နေပါတယ်။ ဒီတစ်ကြိမ်မှာတော့ လာမယ့်နှစ်သစ်ကို ကြိုဆိုတဲ့အနေနဲ့ ကျွန်တော်တို့ရဲ့ ဝန်ဆောင်မှုကို အမြဲသုံးစွဲနေသူတွေအတွက် အခုကံစမ်းမဲအစီအစဉ်ကနေ ဆုတွေရယူနိုင်ဖို့ မိတ်ဆက်လိုက်တာပဲ ဖြစ်ပါတယ်။ လူတိုင်းပါဝင်ပြီး ထူးရှယ်ဆုတွေကို ကံစမ်းနိုင်ဖို့ ကံစမ်းမဲအစီအစဉ်ကိုလည်း ရိုးရှင်းလွယ်ကူအောင် စီစဉ်ထားပါတယ်။ အားလုံးပဲ ပျော်ရွှင်စရာကောင်းတဲ့ မင်္ဂလာနှစ်သစ်ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းရင်း ဒီပရိုမိုးရှင်းမှာ ပါဝင်ကံစမ်းနိုင်မယ့် အခွင့်အရေးကို အပြည့်အဝ အသုံးချပြီး ဒီအစီအစဉ်ကို တကယ်ပဲ နှစ်ခြိုက်လိမ့်မယ်လို့ မျှော်လင့်ပါတယ်”ဟု MPT-KSGM Joint Operations ၏ စီးပွားရေးဌာနကြီး၏ အရာရှိချုပ်ဖြစ်သူ Mr. Reizo Umeda က ပြောကြားသည်။
ယခုပရိုမိုးရှင်းအစီအစဉ်ကို MPT4U မှတစ်ဆင့် ပါဝင်ကံစမ်းမည်ဆိုပါက ၂၀၁၉၊ ဒီဇင်ဘာလ ၂၀ ရက်နေ့၊ နံနက် ၂ နာရီတွင် စတင်အသုံးပြုနိုင်မည်ဖြစ်သည်။ အပတ်စဉ်ဆု ကံထူးရှင်များကို ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့မှစတင်၍ အပတ်စဉ် စနေနေ့တိုင်း MPT က ဖုန်းခေါ်ဆိုကာ အသိပေးသွားမည်ဖြစ်ပြီး တရားဝင် Facebook စာမျက်နှာမှတစ်ဆင့်လည်း ကြေညာ ပေးသွားမည်ဖြစ်သည်။ အထူးဆု ကံထူးသူများကို ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ ၂၄ ရက်နေ့တွင် ကြေညာသွားမည်ဖြစ်သည်။
MPT ၏ ၂၀၂၀ ကံစမ်းမဲအစီအစဉ်နှင့် အခြားဝန်ဆောင်မှုများအကြောင်း ပိုမိုသိရှိလိုပါက ဖုန်းနံပါတ် ၁၀၆ သို့ခေါ်ဆို၍ဖြစ်စေ၊ အောက်ပါ Link များမှဖြစ်စေ ဝင်ရောက်လေ့လာနိုင်ပါသည်။
https://www.facebook.com/mptofficialpage/
https://www.mpt.com.mm