လူငယ်များအတွက် အရေးပါလှတဲ့All Youths Website

Photo Source – Screenshot By Myanmar Tech Press

လူငယ်များဆိုတဲ့အတိုင်း ငယ်ရွယ်စဉ်မှာ တက်ကြွလန်းဆန်းပြီး အိပ်မက်များကိုယ်စီ ဝါသနာကိုယ်စီများနှင့် ရှိတက်ကြပြီး ဝါသနာပါတဲ့အလျောက် သက်ဆိုင်ရာကဏ္ဍကိုလဲ လေ့လာလိုတက်ကြပါတယ်။ ရည်မှန်းချက်ကြီးမားတဲ့လူငယ်တွေဟာ ဆန္ဒလဲပြင်းပြကြပြီး လေ့လာလိုတာတွေကို ပတ်ဝန်းကျင်ကလူကြီးသူမတွေကိုမေးမြန်းတာပဲဖြစ်ဖြစ် နယ်ပယ်အရပ်ရပ်မှသိတက်ကျွမ်းသူများဆီမှဆည်းပူးလေ့လာတာပဲဖြစ်ဖြစ် အခုနောက်ပိုင်း အင်တာနက်ကလေ့လာတာတွေကိုလဲ ပြုလုပ်ကြပါတယ်။ ထို့ကြောင့် လူငယ်များအတွက် အသုံးဝင်မယ့် All Youths Website အကြောင်းလေးမိတ်ဆက်ပေးချင်ပါတယ်။ အနုပညာသတင်းတွေကိုစိတ်ဝင်စားတဲ့သူတွေအတွက် Celebrity ကဏ္ဍ၊ နောက်ဆုံးပေါ် နည်းပညာ သတင်းတွေကိုဖတ်ရှချင်တဲ့သူတွေအတွက် Technology အစရှိသဖြင့် ကဏ္ဍမျိုးစုံကသတင်းတွေကိုလူငယ်တွေအတွက်တင်ဆက်ပေးနေတဲ့ လူငယ်ဦးစားပေး Youths Website ပဲဖြစ်ပါတယ်။

ထို Youths Website တွင် နောက်ဆုံးရသတင်းများ၊ သတင်းများ၊ အနုပညာရှင်များ၊ ရုပ်ရှင်ဇာတ်ကားများ၊ ဖက်ရှင်၊ ဝါသနာ၊ Facebook နှင့်မိုဘိုင်းဟူ၍ ကဏ္ဍ၈ရပ်ပါဝင်ပါတယ်။ နောက်ဆုံးရသတင်းများတွင် ကမ္ဘာတစ်ဝှမ်း အနယ်နယ်အရပ်ရပ်မှ သတင်းများကို တစ်နေရာထဲ အချိန်နှင့်အမှီသိရှိနိုင်အောင်ဖော်ပြထားပါတယ်။ သတင်များတွင်လဲ အင်တာတိန်းမန့်၊ စီးပွားရေး၊ မှုခင်း၊ နည်းပညာ၊ ဂိမ်း၊ ဖြစ်ရပ်ဆန်း၊ နိုင်ငံရေး၊ ပညာရေး ကျန်းမာရေး၊ ဒေသနှင့် ရိုးရာဓလေ့၊ သဘာဝေဘေးအန္တရယ်များစတာတွေကို လူငယ်တွေကို စဉ်ဆက်မပြတ်တင်ဆက်ပေးနေပြီး အသိပညာတိုးပွားစေရန် အရင်းအမြစ်များကို ဖြန်ွှချီပေးနေပါတယ်။ သတင်းများကိုတင်ဆက်တဲ့နေရာမှာ မြန်မာဘာသာနဲ့တင်ဆက်တာမို့ ဖတ်ရသူှုလူငယ်များကိုလဲ ဘာသာစကားအတားအဆီးမရှိစေဘဲ ဖတ်ရလွယ်ကူစေပါတယ်။ မြန်မာနိုင်ငံအတွင်းသတင်းများသာမက ကမ္ဘာတစ်ဝှမ်းမှသတင်းများကိုပါ တင်ဆက်ပေးတာမို့ လူငယ်များကို အသိပညာတိုးတက်စေပြီး နောက်ဆုံးဖြစ်ပျက်နေတာတွေနဲ့ အဆက်မပြတ်အောင် ရှိနေစေပါတယ်။

အနုပညာသတင်းများတွင် အနုပညာစိတ်ဝင်သူများအတွက် အနုပညာရှင်များ၏ တစ်ပတ်တာ အနုပညာအစီအစဉ်များ အင်တာဗျူးအစီအစဉ်များကို တင်ဆက်ပေးနေပါတယ်။နိုင်ငံတစ်ဝှမ်း နာမည်ကြီးအနုပညာရှင်များ၏ လူနေမှုဘဝနှင့် အကြောင်းအရာများကို ချစ်ပရိသတ်များ သိရှိစေရန်လဲ တင်ဆက်ပေးနေတာမို့ ပရိသတ်များအတွက်လဲ အနုပညာရှင်များနဲ့ တိုက်ရိုက်ထိတွေ့နေရသလိုခံစားရစေမှာဖြစ်ပြီး အနုပညာရှင်များကလဲ ပရိသတ်များနဲ့ ပိုမိုရင်းနှီးမှုကိုရယူနိင်စေမှာပါ။ ရုပ်ရှင်ကဏ္ဍတွင်လဲ ရုပ်ရှင် review များနဲ့ ရက်သတ္တပတ်ရဲ့ထိပ်တန်း ရုပ်ရှင်ဇာတ်ကားများကိုဖော်ပြပေးထားတာမို့ ရုပ်ရှင်ကြိုက်နှစ်သူများအဖို့ review လေးတွေဖတ်ရင်း မိမိအကြိုက်နဲ့ကိုက်ညီမယ့် ဇာတ်ကားများကိုရွေးချယ်နိုင်ပြီး ခေါင်းစားရွေးချယ်စရာမလိုတော့ပါဘူး။ ဘယ်ရုပ်ရှင်ဇာတ်ကားတွေကနာမည်ကြီးနေလဲ ဘယ်ရုပ်ရှင်ရုံမှာဘာတွေတင်နေတယ်ဆိုတာကိုလဲသိရှိနိုင်တာမို့ ဖတ်ရှုသူလူငယ်များက ရုပ်ရှင်ရုံမှာသွားကြည့်ဖို့အတွက်လဲ အကူအညီဖြစ်စေပါတယ်။ဝင်ငွေအကောင်းဆုံးရုပ်ရှင်ဇာတ်ကား ၁၀ခုကို စာရင်းနဲ့တကွဖော်ပြထားတာမို့ တစ်နေရာလဲစုံစုံလင်လင်သိရှိစေပါတယ်။ ထို့အပြင်ရုပ်ရှင်ကြည့်ပြီးရင်လဲ မိမိကြိုက်နှစ်သက်မှုပမာဏကို ကြယ်ပွင့်များနဲ့ အမှတ်ပေးနိုင်ပါသေးတယ်။

Photo Source – Screenshot By Myanmar Tech Press

ဖက်ရှင်ကဏ္ဍတွင် Local နှင့် International ဆိုပြီး နှစ်မျိုးပါဝင်ထည့်သွင်းပေးထားပါတယ်။ Local တွင် ပြည်တွင်းအနုပညာရှင်များ၏ ဝတ်ဆင်ပုံများ၊ စံနမူနာထားဝတ်ဆင်လို့ရမယ့် ဖက်ရှင်ဝတ်စုံများ၊ မြန်မာ့ရိုးရာဆယ့်နှစ်လရာသီပွဲတော်များကို လိုက်၍ဝတ်ဆင့်သင့်သော ဝတ်စုံများ ရာသီအလိုက်ဝတ်စုံများတို့ကိုဖော်ပြထားပါတယ်။ International မှာတော့ နာမည်ကြီးဖက်ရှင်ရှိုးပွဲများ၊ ပြည်ပအနုပညာရှင်များ၏ ပွဲတက်ဖက်ရှင်များကို့ပုံများနှင့်တကွ စနစ်တကျဖော်ပြထားတာမို့ဖက်ရှင်စိတ်ဝင်စားသူများအဖို့လေ့လာနိုင်သော Website တစ်ခုပင်ဖြစ်ပါတယ်။Hobby ကဏ္ဍတွင်လဲ လက်မှုပညာ၊ ဟင်းချက်ခြင်းနဲ့ ခရီးသွားခြင်းဆိုပြီးပါဝင်ပါတယ်။ လက်မှုအနုပညာတွင် ချစ်ရခင်ရသူများကို လက်ဆောင်ပေးလို့ရနိုင်မယ့် လွယ်လွယ်ကူကူအမှတ်တရပစ္စည်းလုပ်နည်းများပါဝင်တာမို့ မိမိချစ်ရခင်ရသူများအတွက် ပျော်ရွင်ခြင်းများကိုလဲ သယ်ဆောင်လာနိုင်ပေးမှာပါ။ ပန်းအလှဆင်နည်း၊ အစားအသောက်များကိုအလှပြင်ဆင်နည်းးများကိုလဲ ဖော်ပြပေးထားမို့ လူငယ်များသာမက အိမ်ရှင်မများအတွက်ပါ အကြံပြုအပ်ပါတယ်။ ပတ်ဝန်းကျင်မှာအလွယ်တကူရနိုင်တဲ့ ပစ္စည်းလေးတွေနဲ့ပဲ လုပ်နည်းတွေကိုဖော်ပြပေးထားမို့ လိုက်လုပ်ရလွယ်ကူစေပြီး မိမိအိမ်အတွက် အလှဆင်ခြင်းများကိုလဲ အလွယ်တကူပြုလုပ်နိုင်ပါတယ်။ ခရီးသွားကဏ္ဍတွင်ပြည်တွင်းပြည်ပ ခရီးစဉ်များအကြောင်း၊ နိုင်ငံခြားသားများ အများဆုံးသွားလာလည်ပတ်သောနေများ၊ ရက်တိုတိုနဲ့ သွားနိုင်မယ့်နေရာများ၊ အားလပ်ရက်တွေမှာသူငယ်ချင်းတွေနဲ့အလှည်ပတ်သွားနိုင်တဲ့နေရာတွေကိုဖော်ပြပေးထားပါတယ်။ ထိုWebsiteကိုကြည့်ရှုပြီး နောက်အားလပ်ရက်တွေမှာ မိသားစုနဲ့ပဲဖြစ်ဖြစ် သူငယ်ချင်းတွေနဲ့ပဲဖြစ်ဖြစ် တစ်ယောက်ထဲခရီးသွားလိုတာပဲဖြစ်ဖြစ် ခရီးသွားစရာနေရာကိုရွေးချယ်နိုင်ပါပြီ။

ဟင်းချက်ခြင်းအစီအစဉ်တွင် အိမ်မှာအလွယ်တကူလုပ်စားနိုင်သောမီနူးများ၊ အချိုပွဲများ။ ရိုးရာဟင်းပွဲများကို ပါဝင်ပစ္စည်းများနှင့်တကွ ချက်နည်းစုံစုံလင်လင်ဖော်ပြထားမို့ ဟင်းချက်ဝါသနာများမှအစ အိမ်ရှင်မများပါမကျန် စမ်းသပ်ချက်ပြုတ်မှုကို လုပ်ဆောင်နိုင်ပါတယ်။ Facebook မှာ လူမှုကွန်ရက်ကိုအသုံးပြုသော လူငယ်များဖို့ ခေတ်ရေစီးကြောင်းအလိုက်နာမည်ကြီးနေသော photo commentများနှင့် မေးခွန်းများကိုဖော်ပြထားပြီး ခေတ်နဲ့အညီဟာသာများကိုပြုလုပ်နိုင်ဦးမှာပါ။ မိုဘိုင်းတွင် အသုံးပြုနိုင်သည့် ringtoneများနှင့် wallpaper များကိုလဲ ရရှိနိုင်တာမို့ လူငယ်များ၏ နေ့စဉ်အွန်လိုင်းအသုံးပြုမှုကဏ္ဍတွင် လိုအပ်သည်များကို တစ်နေရာထဲ တစ်စုတစ်စည်းရရှိနိုင်တဲ့ Website လို့ဆိုရမှာပါ။
Website ကိုတည်ထောင်ရခြင်းရည်ရွယ်ချက်မှာ မြန်မာနိုင်ငံတစ်ဝှမ်းမှလူငယ်များအားလုံးအတွက်
• လူငယ်တို့ရဲ့သောကအချို့ကိုဝေမျှခံစားပေးနေတဲ့သောကဆွေးနွေးခန်း
• ရာစုနှစ်တွေပြောင်းလဲမှုရဲ့ယနေ့အထိ အသစ်အဟောင်းကဖက်ရှင်ရေစီးကြောင်းများ
• ကမ္ဘာတစ်ဝှမ်းက ယနေ့နာမည်ကျေ်ာတို့ရဲ့ သတင်းဓာတ်ပုံကဏ္ဍ
• အားလပ်ရက်တွေမှာ ခရီးသွားဖို့ တာစူနေကြတဲ့ ယနေ့ကမ္ဘာ သွားချင်စရာ ခရီးမှတ်တမ်း
• အစားအသောက်ကို ခုံမင်နှစ်သက် သူများအတွက် ဟင်းလျာသရေစာ ချက်ပြုတ်ဖို့ပြင်ကဏ္ဍ
• မိမိပတ်ဝန်းကျင်မှ အသုံးမဝင်တဲ့ပစ္စည်းလေးတွေနဲ့ စိတ်ဝင်စားစရာ လက်မှုအနုပညာဖန်တီးခြင်း
• အားလပ်ရက်မှာကြည့်ရှုချင်စရာ ရုပ်ရှင်ကမ္ဘာက လတ်တလော နာမည်ကြီးနေတဲ့ဇာတ်ကားများအကြောင်း
စသဖြင့် လူကြီးလူငယ်တွေအတွက် နောက်ဆုံးနောက်ဆုံးသောအကြောင်းအရာပေါင်းများ၊ ဗဟုသုတများနှင့် စိတ်ဝင်စရာအကြောင်းအရာများကိုဖော်ပြထားရန်ဖြစ်တဲ့အတွက် လူငယ်များအတွက် အလွန်အသုံးဝင်မယ့်WEBSITE တစ်ခုပဲဖြစ်ပါတယ်။

Website Link – http://allyouths.com/v2/index.html