ဆန်းသစ်တဲ့ပစ္စည်းများ တစ်နေရာတည်းမှာရွေးချယ်ဝယ်ယူနိုင်တဲ့ mBuyy

ဒီနေ့ခေတ်ဒီနေ့အခါမှာတော့ ပစ္စည်းတစ်ခုခုလိုချင်တဲ့အခါတိုင်း အပြင်ကိုသွားပြီးတကူးတကလိုက်ရှာဝယ်နေစရာမလိုတော့ လောက်အောင် အဆင်ပြေနေပြီပဲဖြစ်ပါတယ်။ လက်ကိုင်ဖုန်းတစ်လုံးရှိရုံနဲ့ လိုချင်တဲ့ပစ္စည်းကိုအလွယ်တကူရှာဖွေဝယ်ယူနိုင် သလို အချိန်ကုန်ကျမှုလည်းသက်သာစေပါတယ်။ အဲ့ဒီအတွက်ကြောင့်လည်း Online Shopping Facebook Page တွေနဲ့ Online Shopping Website တွေက အနည်းနဲ့အများဆိုသလို လူစိတ်ဝင်စားလာကြတာလည်းဖြစ်ပါတယ်။
အဲ့လိုဝယ်ယူကြတဲ့အခါမှာလည်း လူကြိုက်များတဲ့ Website နဲ့ Page တွေက ပစ္စည်းအမျိုးအစားစုံလင်သလို ပစ္စည်းဈေးနှုန်း သက်သာခြင်း၊ Delivery ဈေးနှုန်းသက်သာခြင်းစတာတွေကြောင့်လူကြိုက်များကြတာလည်းဖြစ်ပါတယ်။ ဒါ့အပြင် ဝယ်ယူတဲ့ ပစ္စည်းအရည်အသွေးကိုတိကျသေချာစွာစစ်ဆေးဝယ်ယူနိုင်ခြင်းကလည်း ဝယ်ယူသူကို စိတ်တိုင်းကျအကြိုက်တွေ့စေမှာ လည်းဖြစ်ပါတယ်။

Photo Source – https://www.mbuyy.com/

mBuyy Website ကတော့ အကောင့်တစ်ခုဖွင့်ထားပြီး လိုချင်တဲ့ပစ္စည်းများစွာကို စိတ်ကြိုက်ရွေးချယ်ဝယ်ယူနိုင်တဲ့အတွက် များစွာအဆင်ပြေစေပါတယ်။ မိန်းကလေးအသုံးအဆောင်ပစ္စည်းပေါင်းများစွာကို တစ်နေရာတည်းမှာစုံလင်အောင်ရွေးချယ် ဝယ်ယူနိုင်တဲ့အတွက်ကြောင့်လည်း မိန်းကလေးတော်တော်များများလည်းအကြိုက်တွေ့စေတဲ့ Website တစ်ခုဖြစ်ပြီး အသုံးပြုရတာလည်း အင်မတန်မှလွယ်ကူစေပါတယ်။
mBuyy Website ရဲ့မှာ ဝယ်ယူနိုင်တဲ့ပစ္စည်းတွေကတော့အမျိုးသမီးအဝတ်အထည်များ၊ အမျိုးသားအဝတ်အထည်များ၊ အိမ်နှင့်ဥယျာဉ်ဆိုင်ရာပစ္စည်းများ၊ အိမ်မွေးတိရိစ္ဆာန်သုံးပစ္စည်းများ၊ အိတ်နှင့်ဆက်စပ်ပစ္စည်းများ၊ မိခင်နှင့်ကလေးအဝတ်အ သုံးအဆောင်ပစ္စည်းများ၊ အလှအပနှင့်ကျန်းမာရေးပစ္စည်းများ၊ အားကစားနှင့်အိမ်ပြင်လှုပ်ရှားမှုပစ္စည်များ၊ ရုံးနှင့်စာရေးကိရိ ယာပစ္စည်းများ၊ မော်တော်ကားဆက်စပ်ပစ္စည်းများ၊ တစ်ကိုယ်ရည်သုံးလျှပ်စစ်ပစ္စည်းများ၊Mobile Phone နှင့်ဆက်စပ်ပစ္စည်း များ စတဲ့ပစ္စည်းအမျိုးအစားပေါင်းများစွာကို ရွေးချယ်ဝယ်ယူနိုင်မှာလည်းဖြစ်ပါတယ်။ ဝယ်ယူတဲ့သူအားလုံးအဆင်ပြေဖို့အ တွက်လည်း အင်္ဂလိပ်ဘာသာ၊ မြန်မာဘာသာနှစ်မျိုးနဲ့ဖတ်ရှုနိုင်ပါတယ်။

Photo Source – https://www.mbuyy.com/

mBuyy မှာပစ္စည်းဝယ်ယူမယ်ဆိုရင်တော့ ပထမဆုံး မှတ်ပုံတင်မည်ဆိုတဲ့နေရာကိုနိုပ်ပြီး အကောင့်အသစ်တစ်ခုကိုဖွင့်ရမှာ လည်းဖြစ်ပါတယ်။ နာမည်အပြည့်အစုံ၊ ဖုန်းနံပါတ်၊ လျှို့ဝှက်နံပါတ်၊ နေထိုင်ရာမြို့တို့ကို ဖြည့်စွက်ပြီး အကောင့်တစ်ခုဖွင့်လှစ် ရမှာလည်းဖြစ်ပါတယ်။ လိုချင်တဲ့ပစ္စည်းကိုရွေးချယ်ဝယ်ယူတဲ့အခါမှာလည်း မိမိဝယ်ယူမယ့်ပစ္စည်းရဲ့အရည်အသွေးကိုအ သေးစိတ်ကြည့်ရှုနိုင်တာဖြစ်တဲ့အတွက် ဝယ်ယူတဲ့သူတိုင်းအတွက်စိတ်တိုင်းကျစေမှာအမှန်ပဲဖြစ်ပါတယ်။
mBuyy Website မှာ အကောင့်ဖွင့်ခြင်းဖြင့်လည်းလွယ်ကူစွာဈေးဝယ်နိုင်ခြင်းအပြင် အချိန်နဲ့တပြေးညီအော်ဒါတင်နိုင်ခြင်း မိမိအရင်မှာယူထားသောအော်ဒါတွေကိုအချိန်မရွေးပြန်လည်စစ်ဆေးနိုင်ခြင်းစတဲ့ မြန်ဆန်တဲ့ဝန်ဆောင်မှုတွေကိုရရှိနိုင်မှာ လည်းဖြစ်ပါတယ်။

Photo Source – https://www.mbuyy.com/

mBuyy မှာပစ္စည်းဝယ်ယူတဲ့အခါ ပေးချေနိုင်တဲ့ Payment တွေကတော့ KBZ Bank၊ AYA Bank၊ CB Bank စတဲ့ ဘဏ်တွေ ကနေပေးချေနိုင်သလို Delivery Charges အနေဖြင့်လည်း ရန်ကုန်မြို့တွင်းပို့ဆောင်ခ ၅၀၀ ဂရမ်ကို ၁၂၀၀ ကျပ် ကျသင့်မှာပဲဖြစ်ပါတယ်။ Service Fees အနေနဲ့လည်း ကျပ်တစ်သိန်းဖိုးအောက်ဝယ်ယူသူတိုင်းကို ၈ ရာခိုင်နှုန်း Services Fees ရရှိမှာဖြစ်ပြီး ကျပ်တစ်သိန်းဖိုးနဲ့အထက်ဝယ်ယူသူတိုင်းကိုတော့ ၅ ရာခိုင်နှုန်း Services Fees ရရှိမှာလည်းဖြစ်ပါ တယ်။
mBuuy Website အကြောင်းကို အသေးစိတ်သိရှိလိုပါက အောက်ပါ Link တွင်ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။
https://www.mbuyy.com/