ခရီးစဉ်များကို တစ်နေရာတည်းမှာရှာဖွေ Booking ပြုလုပ်နိုင်သည့် GoP Tour Platform

အားလပ်ရက်တွေမှာ မြို့ပြရဲ့မွန်းကြပ်မှုတွေကို ပြေပျောက်စေဖို့နဲ့ စိတ်အပန်းပြေဖို့အတွက် လူတိုင်းကတော့ ခရီးသွားရတဲ့ အရသာကိုပိုနှစ်သက်ကြတာသဘာဝပါပဲ။ ကိုယ်သွားချင်တဲ့နေရာတစ်ခုကို ပျော်ရွှင်စွာသွားလာခဲ့တဲ့အတွက်လည်း တသက် လုံး အမှတ်ရနေစေမှာအသေအချာပါပဲ၊ အဲ့ဒါကြောင့်လည်း ကိုယ်သွားချင်တဲ့နေရာတစ်ခုကို စိတ်ချမ်းသာသာသွားလာဖို့အ တွက် ဝန်ဆောင်မှုကောင်းမွန်တဲ့ ခရီးစဉ် Package တွေကိုရွေးချယ်ဝယ်ယူတတ်ကြပါတယ်။

Photo Source – https://www.facebook.com/gopapp/

အရင်တုန်းကတော့ အပန်းဖြေခရီး၊ ဘုရားဖူးခရီး စတဲ့ခရီးစဉ်အားလုံးအတွက် ခရီးသွားလုပ်ငန်းတွေဆီကနေ ကိုယ်တိုင်သွား ပြီးဖြစ်စေ၊ ဖုန်းဆက်ပြီးဖြစ်စေ စုံစမ်းဝယ်ယူကြပေမယ့် ခုနောက်ပိုင်းမှာတော့ ခရီစဉ်များကို Online ကနေပိုမိုရောင်းချလာ ကြသလို ဝယ်ယူသူတွေအနေနဲ့လည်း Online Booking ပြုလုပ်ဝယ်ယူလာကြတာကလည်း ကောင်းမွန်တဲ့အလားအလာ တစ်ခုလည်းဖြစ်ပါတယ်။

Photo Source – https://www.facebook.com/gopapp/

မြန်မာနိုင်ငံရဲ့ ခရီးသွားရာသီဖြစ်တဲ့ High Season ကာလဆိုရင်တော့ ပြည်တွင်း၊ ပြည်ပခရီးသွားတွေက မြန်မာပြည်အနှံ့က လည်ပတ်စရာကောင်းတဲ့နေရာတွေမှာ ပြည့်နှက်နေတတ်ပြီး ခရီးစဉ်လက်မှတ်ကုန်သွားတာတွေ၊ ဟိုတယ် Booking မရ တာမျိုးတွေကပိုမိုဖြစ်တတ်ကြပါတယ်။ ယခုလိုမိုးရာသီ Low Season ကာလမှာတော့ သွားချင်တဲ့နေရာကို လက်မှတ်ဝယ်ယူ တာ၊ တည်းခိုဖို့စီစဉ်ရတာတွေက High Season ကာလလောက်တော့ မခက်ခဲတော့ပါဘူး။

Photo Source – https://www.facebook.com/gopapp/

မြန်မာနိုင်ငံရဲ့ ရာသီဥတုအနေအထားအရ မိုးရာသီကာလမှာလည်း သွားလာလည်ပတ်လို့ကောင်းတဲ့ ခရီးစဉ်တွေအများကြီး ရှိလို့နေပါတယ်။ ပုဂံ၊ညောင်ဦး၊ ပုပ္ပါး၊ မော်လမြိုင်၊ စစ်ကိုင်း၊ မန္တလေး၊ ဘားအံ၊ ကလော စတဲ့ဒေသတွေက မိုးရာသီမှာ ခရီးသွားလာဖို့အတွက်အကောင်းဆုံးနေရာတွေဖြစ်သလို ပြည်တွင်း၊ပြည်ပခရီးသွားတွေအနေနဲ့ သွားရောက်လည်ပတ်သူ များနေဆဲနေရာတွေလည်းဖြစ်ပါတယ်။ မိုးရာသီကာလဖြစ်တဲ့အတွက်လည်း အရမ်းပူပြင်းတဲ့ဒေသတွေတောင် အအေးဓာတ် တွေရှိနေတဲ့အတွက် ခရီးသွားလို့ပိုမိုကောင်းမွန်သလို ခရီးစဉ်ဈေးနှုန်းတွေ၊ တည်းခိုစရိတ်ဈေးနှုန်းတွေက သက်သာနေတတ် တာသဘာဝပါပဲ။

Photo Source – https://www.facebook.com/gopapp/

မြန်မာပြည်တွင်းခရီးစဉ်တွေအနေနဲ့ Travel & Tours တွေနဲ့ မြန်မာပြည်တွင်းဘုရားဖူးလုပ်ငန်းတွေက နေ့စဉ်နဲအမျှ ခရီးစဉ် Package တွေရောင်းချနေတယ်ဆိုပေမယ့်လည်း ကိုယ်သွားချင်တဲ့နေရာကိုမပါတဲ့အခါမျိုးတွေလည်းရှိတတ်ပါတယ်။ အဲ့ဒီအ တွက်လည်း ကိုယ်သွားချင်တဲ့ခရီးစဉ်ကို တကူးတကလိုက်ရှာဖွေရတာလည်း အချိန်ကုန်အလုပ်ရှုပ်စေတာတော့အမှန်ပါပဲ။
ခရီးသွားချင်နေတဲ့သူအတွက်လည်း မိမိသွားချင်တဲ့နေရာကိုသွားဖို့အတွက် စီစဉ်တဲ့နေရာမှာလည်း တခါတလေမထင်မှတ် တဲ့အခက်အခဲလေးတွေကြုံရတတ်ပါတယ်။ ကားလက်မှတ်ရှာဝယ်ရတာတွေ၊ ဟိုတယ် Booking လုပ်ရတာတွေ၊ လည်ပတ်ဖို့ ကားစီစဉ်ရတာတွေကလည်း အမြဲတမ်းအဆင်မပြေနိုင်ပါဘူး။ အဲ့ဒီအတွက်လည်း ကောင်းမွန်တဲ့ Platform တစ်ခုကိုသိရှိ ထားတာကလည်း ကိုယ့်အတွက်ခရီးသွားချင်တဲ့အခါ အားသာချက်တစ်ခုပါပဲ။

Photo Source – https://www.facebook.com/gopapp/

GoP Tour Platform ဆိုတာက မြန်မာနိုင်ငံမှာရှိတဲ့ လည်ပတ်စရာကောင်းတဲ့ခရီးစဉ်တွေကို တစ်စုတစ်စည်းတည်း ဖော်ပြထားတဲ့ Platform တစ်ခုဖြစ်ပြီး မိမိသွားချင်တဲ့နေရာကို ရှာဖွေပြီး Booking တင်လိုက်ရုံနဲ့အဆင်ပြေသွားစေတဲ့ Website တစ်ခုလည်းဖြစ်ပါတယ်။ အဲ့ဒီ Website ထဲမှာတော့ သွားလို့ရနိုင်တဲ့ခရီးစဉ် (၅၀) ကျော်ကိုဖော်ပြထားပြီး ခရီးစဉ်အသေးစိတ်နဲ့ဈေးနှုန်းတွေကိုလည်း ဝင်ရောက်ကြည့်ရှုလို့ရအောင်ပြုလုပ်ထားပါတယ်။ ဝန်ဆောင်မှုအရည်အသွေး အာမခံတဲ့ Guide၊ ကားဆရာ၊ ဟိုတယ်တွေကို စုစည်းဖော်ပြပေးထားတဲ့အတွက် GoP Tour Platform နဲ့ချိန်ဆက်သွားလာ မှုက ခရီးစဉ်တိုင်းပျော်ရွင်မှုအပြည့်အဝရစေမှာအမှန်ပါပဲ။ အသေးစိတ် မေးမြန်လိုပါကလဲ 09966025883 သို့ (၂၄) နာရီ မေးမြန်းစုံစမ်းလို့ရနိုင်ပါတယ်။
အောက်ပါ Link များမှာဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။
https://www.facebook.com/gopapp/
https://www.goptour.com/