Telenor ဝန်ဆောင်မှုများကို အသုံးပြုရပိုမိုလွယ်ကူရန် MyTelenor App Version အသစ်စတင်အသုံးပြု

တယ်လီနောဝန်ဆောင်မှုများအား အသုံးပြုသူများအဆင်ပြေစေရန်နှင့် ဝန်ဆောင်မှုများအလွယ်တကူ ရယူနိုင်စေရန်အတွက် ရည်ရွယ်၍ထူးခြားဆန်းသစ်သည့် နောက်ဆုံးပေါ် MyTelenor App 3.0 Versionအသစ်ကိုစတင်မိတ်ဆက်အသုံးပြု လျက်ရှိနေပြီဖြစ်ကြောင်း Telenor Myanmar မှ သတင်းထုတ်ပြန်ထားသည်။
အဆိုပါ App သည်အသုံးပြုရလွယ်ကူပြီးတယ်လီနောမှ ပေးအပ်လျက်ရှိသောဝန်ဆောင်မှုများ၊ ပရိုမိုးရှင်းအစီအစဉ်များ အားထို App တွင်အလွယ်တကူရယူနိုင်သည့် ပလက်ဖောင်းတစ်ခုအဖြစ် အဆင့်မြှင့်တင်ထားကြောင်းလည်းသိရသည်။ အသုံး ပြုသူများအတွက် Data လက်ဆောင်များရရှိနိုင်မည့် “ရှယ်Shake”လုပ်ဆောင်ချက်အသစ်၊ နိုင်ငံတကာ ငွေပေးချေကတ်များအားအသုံးပြု၍ ဖုန်းငွေဖြည့်သွင်းနိုင်သော လုပ်ဆောင်ချက်များအပါအဝင် အဆိုပါ App ကိုအသုံးပြုခြင်း ကြောင့် အကျိုးခံစားခွင့်အသစ်များရရှိသွားနိုင်မည်ဖြစ်ကြောင်းသတင်းထုတ်ပြန်ထားသည်။
တယ်လီနောသုံးစွဲသူများအနေဖြင့် MyTelenor App အသစ်အား အွန်လိုင်းမှတဆင့် ဒေါင်းလုတ်ရယူ၍ဖြစ်စေ၊ လက်ရှိ ရှိနေပြီးသော MyTelenor App အား အဆင့်မြှင့်တင်ခြင်းဖြင့်ဖြစ်စေ အလွယ်တကူရယူသွားနိုင်မည်ဖြစ်ပြီး တယ်လီနောမြန်မာက ပေးအပ်နေသည့်ဝန်ဆောင်မှုများနှင့် ပရိုမိုးရှင်းများအားလုံးကို တစ်နေရာတည်းတွင် ပိုမိုအဆင်ပြေ လွယ်ကူစွာ စီမံခန့်ခွဲရယူသွားနိုင်မည်ဖြစ်သည်။

Photo Source- https://bit.ly/2YVUeTH

“ဆက်သွယ်ရေးကဏ္ဍရဲ့ ဦးဆောင်တီထွင်သူအော်ပရေတာတစ်ဦးဖြစ်တဲ့ တယ်လီနောအနေနဲ့ပြည်သူတွေရဲ့ နေ့စဉ်ဘဝတွေ မှာ ပိုမိုအသုံးဝင်စေမယ့် ဝန်ဆောင်မှုတွေ၊ ထုတ်ကုန်တွေကို တီထွင်ပေးအပ်သွားဖို့ အစဉ်မပြတ်ကြိုးပမ်းလုပ်ဆောင် နေပါတယ်။ ဒါ့အပြင်သုံးစွဲသူတွေကို ဒစ်ဂျစ်တယ်အတွေ့အကြုံတွေ ပိုမိုပေးအပ်နိုင်ဖို့ ရည်မှန်းထားတာနဲ့ အညီ သုံးစွဲသူတွေ အနေနဲ့ တယ်လီနောရဲ့ ဝန်ဆောင်မှုတွေကို သူတို့ရဲ့လက်တကမ်းမှာအလွယ်တကူရယူနိုင်ဖို့လည်း ဆက်လက်ကြိုးပမ်းနေ ပါတယ်။ အခုအဆင့်မြှင့်တင်ထားတဲ့ MyTelenor App အသစ်ဟာဆိုရင်လည်း သုံးစွဲသူတစ်ဦးချင်းစီရဲ့သုံးစွဲမှုပမာဏအပေါ် မူတည်ပြီး အသင့်တော်ဆုံးနဲ့ အကောင်းမွန်ဆုံးသောဝန်ဆောင်မှုတွေ၊အစီအစဉ်တွေကို ပေးအပ်ပေးသွားမှာဖြစ်လို့ တယ်လီ နောရဲ့ ဆန်းသစ်မှုအရှိဆုံး သူမတူတဲ့ တီထွင်မှုတစ်ခုလို့ပြောနိုင်ပါတယ်။ App အသစ်ရဲ့ စိတ်လှုပ်ရှားစရာ လုပ်ဆောင်ချက် အသစ်တွေကြောင့် တယ်လီနောသုံးစွဲသူတွေအနေနဲ့ ဝန်ဆောင်မှုတွေကို ပိုမိုအဆင်ပြေလွယ်ကူမှုရှိစွာရယူနိုင်ပြီး ပျော်ရွှင် နှစ်သက်လိမ့်မယ်လို့ ယုံကြည်ပါတယ်” ဟု တယ်လီနောမြန်မာ၏ ဈေးကွက်ဖော်ဆောင်ရေးအရာရှိချုပ် Amaresh Kumar ကပြောကြားသည်။

MyTelenor App ဆိုတာဘာလဲ။
MyTelenor App သည် တယ်လီနောက ပေးအပ်နေသည့် ထုတ်ကုန်များ၊ ဝန်ဆောင်မှုများ၊ အစီအစဉ်များ နှင့်အကျိုးခံစားခွင့်များအား သုံးစွဲသူများ တစ်နေရာတည်းတွင် လွယ်ကူစွာ ရယူအသုံးပြုနိုင် မည့် အက်ပလီကေးရှင်းတစ်ခုဖြစ်ပါသည်။ တယ်လီနောသုံးစွဲသူများအနေဖြင့် MyTelenor App ကိုအသုံးပြုကာ အောက်ပါ တို့ကို ပြုလုပ်နိုင်မည်လည်းဖြစ်သည်။
– ဖုန်းငွေလက်ကျန်၊ အခြားဒေတာ အသုံးပြုမှုများနှင့် အထူးအစီအစဉ်များအား အလွယ်တကူ စစ်ဆေးနိုင်ခြင်း။
– တယ်လီနောစတားအဆင့်များနှင့် ရရှိနိုင်သည့် အကျိုးခံစားခွင့်များအား ကြည့်ရှုနိုင်ခြင်း။
– သုံးစွဲသူတစ်ဦးချင်းစီအတွက် အထူးရွေးချယ်ပေးအပ်နေသည့် ဒေတာပက်ကေ့ချ်များနှင့် အစီအစဉ်များအား အလွယ်တကူ ရွေးချယ်ဝယ်ယူနိုင်ခြင်း။
– စစ်ဆေးသည့်နေ့နှင့်မတိုင်မီတစ်ရက်က ပြုလုပ်ခဲ့သော ဖုန်းခေါ်ဆိုမှု၊ စာတိုပေးပို့မှု၊ ဒေတာအသုံးပြုမှုနှင့် အခြားသောဝန်ဆောင်မှုများအတွက် ကုန်ကျငွေနှင့် လက်ကျန်ငွေပမာဏတို့အား ပြည့်စုံစွာ ကြည့်ရှုစစ်ဆေးနိုင်ခြင်း။
– မည်သည့် တယ်လီနောဖုန်းနံပါတ်ကိုမဆို အီလက်ထရွန်နစ်စနစ်ဖြင့် ဖြစ်စေ၊ QR Code မှတဆင့်ဖြစ်စေ ဖုန်းငွေဖြည့်သွင်းပေးနိုင်ခြင်း။
– ဖုန်းဘေလ်ဆိုင်ရာ အချက်အလက်အသေးစိတ်အား ကြည့်ရှုနိုင်ခြင်း။ (မပေးဆောင်ရသေးသည့်ပမာဏ၊ စုစုပေါင်းပေးဆောင်ရန်ကျန်ရှိသည့် ပမာဏ၊ ငွေစာရင်းရှင်းတမ်းရက်စွဲ၊ အကြွေးရယူနိုင်သည့် ပမာဏ၊ ငွေပေးဆောင် မှုစာရင်းများအား ကြည့်ရှုနိုင်မည့်အပြင် ပေးဆောင်ရမည့်စာရင်းကိုလည်း PDF ပုံစံဖြင့် ဒေါင်းလုတ် ရယူနိုင်မည်ဖြစ်သည်)။
– အခြား တယ်လီနောမြန်မာ ဖုန်းနံပါတ်များသို့ ဖုန်းဘေလ် လွှဲပြောင်းပေးနိုင်ခြင်း။
– တယ်လီနောဆင်းမ်ကတ်များအား မှတ်ပုံတင်ထားခြင်းရှိမရှိ အလွယ်တကူ စစ်ဆေးကာ မှတ်ပုံတင်နိုင်ခြင်း။
– တယ်လီနော အမှတ်တံဆိပ်အရောင်းဆိုင်များ၏ တည်နေရာများအား ရှာဖွေနိုင်ခြင်း။
– တယ်လီနောမြန်မာ၏ 4G ကွန်ရက်လွှမ်းခြုံထားသော နေရာများအား ကြည့်ရှုနိုင်ခြင်း။
– အမေးများသောမေးခွန်းများအတွက် အဖြေများအား ကြည့်ရှုနိုင်ခြင်း။
MyTelenor App 3.0 အား Google Play Store နှင့် App Store များမှတဆင့် ဒေါင်းလုတ်ရယူသွားနိုင်မည်ဖြစ်သည်။ ထို့အပြင် အဆိုပါ MyTelenor App 3.0 အားပထမဦးဆုံးအကြိမ် ဒေါင်းလုတ်ရယူကာ log in ဝင်ရောက်ပြီး သည်နှင့် တပြိုင်နက် အသုံးပြုသူများသည် အပိုထပ်ဆောင်း ဒေတာပမာဏ ၅၀ MB အား လက်ဆောင် အဖြစ် ရရှိသွားနိုင်မည် ဖြစ်ကြောင်းလည်း သိရသည်။

Photo Source-  https://www.phoneworld.com.pk/telenor-pakistan-revamp-my-telenor-app/

MyTelenor 3.0 လုပ်ဆောင်ချက်အသစ်တွေကဘာလဲ။

ရိုးရှင်းပြီး အသုံးပြုရလွယ်ကူသည့် ဒီဇိုင်းပုံစံအသစ်ဖြင့် ဖွဲ့စည်းထားသည့်အပြင် MyTelenor App 3.0 ၏ လုပ်ဆောင်ချက်အသစ်တစ်မျိုးဖြစ်သည့် “ရှယ် Shake” လုပ်ဆောင်ချက်သည် တယ်လီနောဒေတာ အသုံးပြုသူများအတွက် အပိုထပ်ဆောင်း ဒေတာလက်ဆောင်များပေးအပ်သွားမည်ဖြစ်သည်။ “ရှယ်သုံးရှယ်ရ” ဟူသည့် ဆောင်ပုဒ်နှင့်အညီ အသုံးပြုသူများသည် MyTelenor App မှတဆင့် ဒေတာစုဘူးပမာဏ ၇၀၀ မဂ္ဂါဘိုက် တစ်ကြိမ်ဝယ်ယူတိုင်း “ရှယ် Shake” လုပ်ဆောင်ချက်ကို ကံစမ်းနိုင်မည်ဖြစ်ပြီး အနည်းဆုံး ၁၀၀ MB မှ အများဆုံး ၁၀၀ GB အထိ အပိုထပ်ဆောင်းဒေတာလက်ဆောင်များအားဗလာမပါဘဲ ရယူသွားနိုင်မည်ဖြစ်သည်။ ဒေတာစုဘူး ၇၀၀ MB တစ်ကြိမ် ဝယ်ယူပြီးသည်နှင့်တစ်ပြိုင်နက်“ရှယ် Shake” လုပ်ဆောင်ချက်သည် ဖုန်းမျက်နှာပြင်တွင် ပေါ်ပေါက်လာမည်ဖြစ်ပြီး အသုံးပြုသူများအနေနှင့် ဖုန်းအား လှုပ်ခါလိုက်ရုံမျှဖြင့် အပိုထပ်ဆောင်း ဒေတာလက်ဆောင်များအား ကံစမ်းရယူသွားနိုင်မည်ဖြစ်သည်။ “ရှယ် Shake”လုပ်ဆောင်ချက်သည် MyTelenor 3.0 App အသစ်၏ ကနဦး ဝန်ဆောင်မှုဖြစ်ပြီး ၂၀၁၉ မတ်လ ၇ ရက်နေ့အထိApp ပေါ်တွင် ရှိနေမည်ဖြစ်သည်။

Photo Source- https://cashkaro.com/blog/how-to-check-telenor-number/23028/2

“MyTelenor App 3.0 ဟာ ဖုန်းဆက်သွယ်ရေးနဲ့ပတ်သက်ပြီး သုံးစွဲသူတွေ နေ့စဉ်ပြုလုပ်နေရတဲ့ လုပ်ငန်းဆောင်တာတွေအားလုံးကို တစ်နေရာတည်းမှာအလွယ်တကူ လုပ်ဆောင်သွားစေနိုင်သလို အကျိုးခံစားခွင့်အများအပြားကို ချက်ချင်းရယူသွားနိုင်မယ့် အက်ပလီကေးရှင်းတစ်ခုဖြစ်ပါတယ်။ ဒါ့အပြင် လာမယ့်ကာလတွေမှာလည်း ဒီထက်ပိုပြီး စိတ်လှုပ်ရှားစရာကောင်းတဲ့ လုပ်ဆောင်ချက်များစွာကို ထပ်မံဖြည့်သွင်းပေးသွားဖို့လည်း လုပ်ဆောင်နေတာကြောင့် တယ်လီနောသုံးစွဲသူတစ်ဦးတစ်ယောက်ချင်းစီအနေနဲ့ သူတို့ရဲ့ MyTelenor App တွေကို အခုပဲ အဆင့်မြှင့်တင်ကြဖို့ တိုက်တွန်းလိုပါတယ်။ အသုံးပြုသူတွေအနေနဲ့ တယ်လီနောမြန်မာရဲ့ အစီအစဉ်အသစ်တွေ၊ ပရိုမိုးရှင်းတွေ၊ ဝန်ဆောင်မှုတွေနဲ့ အခြားနောက်ဆုံးပေါ် အကြောင်းအရာတွေကို အမြဲမပြတ်သိရှိနိုင်စေဖို့အတွက် MyTelenor App ကို ပုံမှန်စစ်ဆေးကြည့်ရှုကြပါလို့လည်း အကြံပေးလိုပါတယ်” ဟု တယ်လီနောမြန်မာ၏ ဒစ်ဂျစ်တယ်ဝန်ဆောင်မှုပိုင်းဆိုင်ရာ အကြီးအကဲဖြစ်သူ Chan May Ling က ဖြည့်စွက်ပြောကြားသည်။

MyTelenorApp 3.0 တစ်ခုတည်းတွင်သာ ရရှိနိုင်သည့်အခြားသောလုပ်ဆောင်ချက်အသစ်တစ်ခုအဖြစ် MPU၊ VISA နှင့် Master Card အစရှိသည့် နိုင်ငံတကာသုံးငွေပေးချေကတ်များအသုံးပြု၍ ၎င်းတို့၏ တယ်လီနောဆင်းမ်ကတ် များအား ဖုန်းငွေဖြည့်သွင်းသွားနိုင်မည်ဖြစ်သည်။
တယ်လီနောသည် မြန်မာနိုင်ငံတွင် နိုင်ငံတကာသုံး အကြွေးဝယ်ကတ်များ၊ ဘဏ်မှတဆင့် ငွေပေးချေမှုစနစ်များ ပူးပေါင်းထည့်သွင်းထားသည့် ပထမဆုံးဘက်စုံသုံးဆက်သွယ်ရေးဆိုင်ရာ အက်ပလီကေးရှင်းကို စတင်မိတ်ဆက်သည့် အော် ပရေတာတစ်ခုဖြစ်ပြီး app အသစ်တွင် ဖုန်းဘေလ်ကုန်သွားသည့်အခါတွင်လည်းဆက်လက်သုံးစွဲနိုင်ပြီး ထပ်မံငွေဖြည့် သွင်းနိုင်မည့် လုပ်ဆောင်ချက်ပါဝင်သည်။
ထို့အပြင် တယ်လီနော၏စတားအဆင့်ရ အသုံးပြုသူများသည်လည်း ၎င်းတို့၏ သက်ဆိုင်ရာ စတားအဆင့်များအား MyTelenor App မှတဆင့် စစ်ဆေးသွားနိုင်မည်ဖြစ်ပြီး ရရှိနိုင်မည့် အထူးခံစားခွင့်များနှင့် တယ်လီနော၏ မိတ်ဖက်များထံမှ အထူးအစီအစဉ်များကိုလည်း အက်ပလီကေးရှင်းမှတဆင့် အလွယ်တကူ ရယူသွားနိုင်မည် ဖြစ်ကြောင်းလည်းသိရသည်။
အောက်ပါ Link မှ Install လုပ်ယူနိုင်သည်။
https://play.google.com/store/apps/details?id=mm.cws.telenor.app&hl=en