Soft Launch စတင်လိုက်တဲ့ Apex Legends Mobile

Electronic Arts (EA) ကထုတ်လုပ်တဲ့ Apex Legends Mobile version ရဲ့ Beta Test ကာလကတော့ ပြီးဆုံးသွားခဲ့ပြီ ဖြစ်ပါတယ်။ Soft-launch ဖြစ်တဲ့အတွက် တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့တော့ ဆော့ကစားလို့ရမှာ မဟုတ်ပါဘူး။ သတ်မှတ်ထားတဲ့နိုင်ငံတွေမှာပဲ ဆော့ကစားနိုင်မှာ ဖြစ်သလို Android အသုံးပြုသူတွေအတွက်ပဲ ထွက်ရှိ ထားတာဖြစ်ပါတယ်။
ထုတ်ပြန်ချက်တွေအရ Apex Legends Mobile soft launch ကို အာဂျင်တီးနား၊ ကိုလမ်ဘီယာ၊ မက္ကဆီကို၊ ပီရူး၊ အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ဩစတြေးလျ နဲ့ နယူးဇီလန်နိုင်ငံက ကစားသူတွေ Download ရယူ ဆော့ကစားနိုင်မှာ ဖြစ်ပါတယ်။ နိုင်ငံအလိုက် ဆော့ကစားခွင့်ပေးမဘ့် နေ့ရက်ကိုတော့ ထုတ်ပြန်ခြင်း မရှိသေးပါဘူး။ ကစားသူအရေအတွက်ကိုလည်း ကန်သတ်ထားပါသေးတယ်။


Apex Legends ဆိုတာကတော့ PCs နဲ့ Console တွေပေါ်မှာဆော့ကစားနိုင်တဲ့ free-to-play Battle Royal ဂိမ်း အမျိုးအစား ဖြစ်ပါတယ်။ EA အနေနဲ့ ၂၀၁၉ ခုနှစ်မှာစတင်ဖြန့်ချီခဲ့ပြီး Microsoft Windows, PlayStation 4, Xbox One တွေပေါ်မှာ ဆော့ကစားခွင့်ပေးခဲ့ပြီး ၂၀၂၁ ခုနှစ်မှာတော့ Nintendo Switch Version ထွက်ရှိခဲ့ပါတယ်။ ထွက်ရှိလာမယ့် အချက်အလက်တွေနဲ့ Pre-registration တွေအတွက်လည်း Link ကနေ Pre-registration ပြုလုပ်နိုင်ပါတယ်။