The Voice Myanmar Season – 2 အတွက် “Guess and Win” ပြိုင်ပွဲအစီအစဉ် မှ ဖုန်းကံထူးရှင်များကို MPT မှ ဇွန်လ ၂၃ ရက်တွင်ဆုချီးမြင့်မည်

The Voice Myanmar Season -2 အတွက် “Guess and Win” Facebook ပြိုင်ပွဲအစီအစဉ်မှ ဖုန်းကံထူးရှင်များကို MPT မှ ဆုချီးမြှင့်ခြင်းအခမ်းအနားအား၂၀၁၉ ခုနှစ် ဇွန်လ ၂၃ ရက်နေ့တွင် ရန်ကုန်မြို့ Junction City Promotion Area (Main Atrium) တွင် ညနေ (၃) နာရီမှ (၅) အချိန်အထိကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း MPT မှသိရသည်။

Photo Source – https://www.facebook.com/mptofficialpage/

ဆုရရှိသူများအတွက် SAMSUNG Galaxy A30 ဖုန်းများကိုဆုချီးမြင့်သွားမည်ဖြစ်ပြီး ဆုရရှိသူများမှာ-
အနိုင်ရရှိသူအမည်                                              Facebook လိပ်စာ
Khunn Khunn Mammy                      https://www.facebook.com/su.nge.923
Paing Thet                                             https://www.facebook.com/paing.thet.1441
Seint Seint Naing                                 https://www.facebook.com/flora.fauna.9022
Phoo Pwint                                            https://www.facebook.com/profile.php?id=100020432671326
Kyaw Kyaw Thwin                                https://www.facebook.com/kyaw.thwin.58
Moe Sann Pann                                     https://www.facebook.com/kimjhon.honn

တို့ဖြစ်ကြောင်းသိရ သည်။
MPT မှပေးအပ်ချီးမြှင့်သည့် “People’s Favorite Voice Award by MPT” ဆုရှင်နှစ်ဦးဖြစ်သော Paul Austin နှင့် David မြန်မာနိုင်ငံမှ ပရိသတ်အများဆု၏ အားပေးမှုကိုရရှိခဲ့ပြီး အနာဂတ်၏စူပါစတား အဆိုကျော်ဖြစ်လာခဲ့သူ Novem Htoo သည် ၂၀၁၉ ခုနှစ် ဇွန်လ ၁၆ ရက် တွင် ကျင်းပပြုလုပ်ခဲ့သည့် နောက်ဆုံးအဆင့်ပြိုင်ပွဲတွင် အမြင့်ဆုံးမဲအရေအတွက်ကို ရရှိခဲ့ပြီး အခြားသော ပြိုင်ပွဲဝင်များဖြစ်ကြသည့် Paul Austin၊ Melody Khong နှင့် Hazel တို့ အား ကျော်ဖြတ်ပြီး၊ Team Kyar Pauk ကို ကိုယ်စားပြုကာ The Voice Myanmar Season – 2 ၏ အနိုင်ရရှိသူ ဖြစ်လာခဲ့ကြောင်းလည်းသိရသည်။

Photo Source – https://www.facebook.com/thevoicemyanmar/?epa=SEARCH_BOX

“ကျွန်တော့်ဘဝတစ်ခုလုံးကို ဂီတမှာ မြှုပ်နှံခဲ့တာပါ။ အထူးသဖြင့်တော့ ကျွန်တော်ကြိုက်တဲ့ ဂီတအမျိုးအစားပေါ်မှာ ရပ် တည်ခဲ့ရတာပါ။ အခုအခါမှာတော့ ကျွန်တော့်ကို မဲပေးခဲ့ကြတဲ့ ပြည်သူတွေ အကုန်လုံးကို ကျေးဇူးတင်တယ်လို့ ပြောပါရစေ။ ရက်သတ္တပတ်ပေါင်းများစွာ အားပေးခဲ့ကြတဲ့ ပရိတ်သတ်တွေ၊ ဒိုင်တွေ၊ သူငယ်ချင်းတွေ၊ ပွဲစီစဉ်သူတွေ၊ ဒီပြိုင်ပွဲကြီး ဖြစ်လာဖို့အတွက် ပါဝင်ကူညီခဲ့သူတွေအားလုံးကို ကျေးဇူးတင်ပါတယ်” ဟု The Voice Myanmar ၏ အနိုင်ရရှိသူ ဖြစ်လာသည့် Novem Htoo မှပြောကြားသည်။
“အခုဆိုရင် ကျွန်တော်က The Voice Myanmar Season 2 ကြောင့် ပရိုဂီတသမားတစ်ယောက်ဖြစ်ဖို့ လမ်းကြောင်းပေါ်ကို ရောက်လာခဲ့ပါပြီ။ ပြိုင်ပွဲမှာအနိုင်ရတဲ့အတွက် ဆုရဲ့တစ်စိတ်တစ်ပိုင်းအဖြစ် Universal Record နဲ့အတူ Single သီချင်း တစ်ပုဒ်တွဲလုပ်ဖို့လည်း ဖြစ်လာနေပါပြီ။ ပြိုင်ပွဲရဲ့ အဓိက sponsor ဖြစ်တဲ့ MPT ကိုလည်း ဒီစိတ်လှုပ်ရှားစရာ ခရီးရှည်ကြီးကို ကျွန်တော်တို့နဲ့အတူ ပါဝင်ခဲ့တဲ့အတွက်လည်း ကျေးဇူးအများကြီးတင်ရပါတယ်။ ကျေးဇူးတင်တယ်ဆိုတာထက် ပိုကောင်းတဲ့ စကားရှိရင်တောင် ကျွန်တော်ကပြောချင်တာပါ” ဟု ၎င်းက ထပ်မံပြောကြားသည်။
အဆိုပါ နိုင်ငံတကာအသိအမှတ်ပြု ဂီတပြိုင်ပွဲကြီးတွင် MPT မှ အဓိက Sponsor အဖြစ် ပါဝင်ခဲ့ပြီး၊ Novem Htoo အနေဖြင့် ဆုလက်ဆောင်အဖြစ်ကျပ် သိန်း ၂၀၀၊ Ford ကားအသစ်တစ်စီး၊ Universal Records နှင့် single သီချင်းတစ်ပုဒ် တွဲဖက်ဖန်တီးခွင့်တွေကို ရရှိခဲ့ပြီးလည်းဖြစ်သည်။

Photo Source – https://www.facebook.com/thevoicemyanmar/?epa=SEARCH_BOX

“The Voice Myanmar Season 2 ကို စောင့်ကြည့်ခဲ့ရတာ အင်မတန် စိတ်လှုပ်ရှားစရာပါ။ ကျွန်တော်တို့ဟာ အနာဂတ် မြန်မာနိုင်ငံရဲ့ စူပါစတားအဆိုတော်တစ်ယောက် ပေါ်ထွက်လာတာကို မြင်ခဲ့ရပါတယ်။ MPT အနေနဲ့ ကမ္ဘာ့အဆင့်မီ ဂီတသမားတွေ ပေါ်ပေါက်လာတဲ့အပေါ် ကူညီထောက်ပံ့ပေးရတာကို အရမ်းပဲဝမ်းသာရပါတယ်။ ပြိုင်ပွဲဝင်အသီးသီးကို မိမိနှစ်သက်ရာ အားပေးခဲ့ကြရင်း MPT ရဲ့ 4G/LTE ကွန်ရက်ပေါ်ကနေတစ်ဆင့် နောက်ဆုံးအဆင့်အထိ မဲတွေပေးခဲ့ကြတဲ့ ပရိသတ်တွေကိုလည်း ကျေးဇူးအများကြီးတင်ပါတယ်။ အနိုင်ရသွားတဲ့ ချန်ပီယံ Novem Htoo ကိုလည်း ဂုဏ်ယူတဲ့ အကြောင်း၊ ဒီနေရာကနေစပြီး ရှေ့ဆက်ရမယ့် ဂီတခရီးမှာ အောင်မြင်မှုတွေ ရပါစေကြောင်း ဆုတောင်းပေးလိုက်ပါတယ်။ The Voice Myanmar Season 3 ကို အားလုံးပဲ ပျော်ပျော်ရွှင်ရွှင်နဲ့ စောင့်မျှော်ကြည့်ရှုကြရအောင်ပါ” ဟု MPT-KSGM Joint Operations ၏ Chief Commercial Officer ဖြစ်သူ Mr. Reizo Umeda မှ ပြောကြားသည်။

Photo Source – https://www.mpt.com.mm

MPT ၏ ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများအတွက် အသေးစိတ်ပိုမိုသိရှိလိုပါက ဖုန်းနံပါတ် ၁၀၆ သို့ ဖုန်းခေါ်ဆို၍ လည်း ကောင်း (သို့မဟုတ်) MPT ၏ တရားဝင် Facebook page ဖြစ်သည့် https://www.facebook.com/mptofficialpage/ နှင့် MPT ၏ တရားဝင် website ဖြစ်သည့် https://www.mpt.com.mm သို့ လည်းကောင်း ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။