အချိန်နေရာမရွေးသုံးနိုင်သည့် Digital Library သုံးစွဲနည်းမိတ်ဆက်ပွဲများ ရန်ကုန်နှင့်မန္တလေးတွင်ကျင်းပ

မြန်မာနိုင်ငံအတွင်း အချိန်နေရာမရွေးသုံးနိုင်သည့် British Council Digital Library သုံးစွဲနည်း မိတ်ဆက်ပွဲကို ၂ဝ၂၀ ဇန်နဝါရီလ ၁၈ ရက်နေ့တွင် နေ့လည် ၃ နာရီမှ ၄ နာရီအထိ အမှတ် ၆/၇၊ SY ဝင်း၊ လမ်း ၃၀ (၇၇ လမ်းနှင့် ၇၈ လမ်းကြား)၊မန္တလေးမြို့ရှိ ဗြိတိသျှကောင်စီစာကြည့်တိုက်တွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။
ထို့အပြင် British Council Digital Library သုံးစွဲနည်း မိတ်ဆက်ပွဲကို ၂ဝ၂၀ ဇန်နဝါရီလ ၁၈ ရက်နဲ့ ၂၅ ရက်များတွင် မနက် ၁၁ နာရီ မှ ‌‌နေ့လည် ၁ နာရီအထိ ရန်ကုန်မြို့ အမှတ် ၇၈ ကမ်းနားလမ်းရှိ ဗြိတိသျှကောင်စီစာကြည့်တိုက်တွင် ပြုလုပ်သွားမည်လည်းဖြစ်သည်။ အသင်းဝင်များသာမက အသင်းဝင်မဟုတ်သေးသူများပါ တက်ရောက်နိုင်ပြီး ဗြိတိသျှ ကောင်စီစာကြည့်တိုက်ဖုန်း +၉၅ ၉၇၇၇၀၀၁၈၃၀ သို့ဆက်သွယ်၍ သို့မဟုတ် library.enquiries@mm.britishcouncil.org သို့အီးမေးလ်ပို့၍ စာရင်းပေးသွင်းနိုင်ကြောင်းသိရသည်။ တက်ရောက်လိုသူများအနေဖြင့်လည်း ဗြိတိသျှကောင်စီအဆောက် အဦးထဲသို့ ဝင်ရောက်နိုင်ရန် စာကြည့်တိုက်အသင်းဝင် ကဒ်ပြား (သို့) မှတ်ပုံတင် (သို့) ပတ်စ်ပို့ ယူဆောင်လာရမည်ဖြစ် သည်။

Photo Source –https://www.britishcouncil.org.mm/my

British Council Digital Library အနေဖြင့် ဟောပြောပွဲများ၊ ဆွေးနွေးပွဲများ၊ ပြပွဲများ စသည့်အခမ်းအနားများကို တစ်နှစ်တာကာလပတ်လုံး ပုံမှန်စီစဉ်ကျင်းပလျက်ရှိပြီး နောက်ပိုင်းတွင်ကျင်းပမည့် လှုပ်ရှားမှုများ၊ ပွဲများကို Digital Library Website တွင် ကြိုတင်စာရင်းပေးသွင်းနိုင်မည်ဖြစ်သည်။
ဒစ်ဂျစ်တယ် စာကြည့်တိုက်အား မြန်မာနိုင်ငံတစ်ဝှမ်း နေရာတိုင်းမှ အသုံးပြုနိုင်မည်ဖြစ်ပြီး အသင်းဝင်တစ်ယောက်အနေဖြင့် ကမ္ဘာ့အဆင့်မီ မှီငြမ်းစာအုပ်စာတမ်းကိုအလွယ်တကူ ဖတ်ရှုနိုင်ပြီး အွန်လိုင်းမှသင်ယူစရာအရင်းအမြစ်များ အပါအဝင် ebook များ၊ အသံဖိုင်ပါဝင်သောစာအုပ် (audiobook) များ၊ ထူးချွန်ဆုရရှိထားသော ရုပ်ရှင်များ၊ မှတ်တမ်း ရုပ်ရှင်များကို နေ့တိုင်းအချိန်တိုင်း ဝင်ရောက်ကြည့်ရှုနိုင်မည်လည်းဖြစ်သည်။

Photo Source – https://www.facebook.com/BritishCouncilMyanmar/

British Council Digital Library ကို အသုံးပြုပါက “Road to IELTS” online IELTS preparation course (full version)၊ မဂ္ဂဇင်းနှင့် သတင်းစာပေါင်း ၇၀ဝ၀ ကျော်၊ သုတ၊ရသ eBook နှင့် audiobook ပေါင်း ၃၀ဝ၀ ကျော်၊ ဘာသာရပ်ဆိုင်ရာ eBook ပေါင်း တစ်သိန်းကျော်၊ မှတ်တမ်းရုပ်ရှင်နှင့် တီဗွီအစီအစဉ်ပေါင်း ၇ဝဝဝ ကျော်၊ ရုပ်ပြကာတွန်းပေါင်း ၁၅၀ ကျော် နှင့် software အသုံးပြုနည်း ဗွီဒီယိုပေါင်းရာပေါင်းများစွာ တို့ကို ကြည့်ရှုနိုင်ကြောင်းလည်းသိရသည်။
Digital Library အသင်းဝင်ကြေးအနေဖြင့် မြန်မာကျပ်ငွေ သုံးသောင်းကျသင့်မည်ဖြစ်ပြီး Library Plus အသင်းဝင်ပါက ဒစ်ဂျစ်တယ်စာကြည့်တိုက်သာမက ရန်ကုန် (သို့) မန္တလေးမြို့ရှိ ဗြိတိသျှကောင်စီ စာကြည့်တိုက်ကိုပါ အသုံးပြုနိုင်မည်ဖြစ် သည်။ Library Plus အသင်းဝင်ပါက အသင်းဝင်ကြေး တစ်နှစ်လျှင် ၅၀၀၀၀ ကျပ် (ရန်ကုန်)၊ တစ်နှစ်လျှင် ၄၀၀၀၀ ကျပ် (မန္တလေး) စသည်ဖြင့် ကျသင့်မည်ဖြစ်သည်။
ဗြိတိသျှကောင်စီရုံးများသို့ MPU, Visa, Master ကဒ်တို့ဖြင့် လာရောက်ပေးချေလိုသူများ၊ ဧရာဝတီဘဏ်သို့ ကိုယ်တိုင် သွားရောက်ပေးချေလိုသူများ၊ ဧရာဝတီဘဏ် Mobile Banking Bill Payment အသုံးပြု၍ ပေးချေလိုသူများအတွက် လမ်းညွှန်ကို Library ၏ Website တွင်အသေးစိတ်အချက်အလက်များကို ထပ်မံကြည့်ရှုနိုင်မည်ဖြစ်သည်။

Photo Source – https://www.facebook.com/BritishCouncilMyanmar/

ဗြိတိသျှကောင်စီသည် United Kingdom ခေါ် ယူကေနိုင်ငံံ၏ နိုင်ငံတကာယဉ်ကျေးမှုကူးလူးဆက်ဆံရေးအဖွဲ့အစည်းဖြစ်ပြီး ၁၉၃၄ခုနှစ်တွင် တည်ထောင်ခဲ့ခြင်းဖြစ်သည်။ နိုင်ငံပေါင်း(၁၁၀)နိုင်ငံနှင့်ကမ္ဘာအနှံ့ရှိဒေသများတွင်ရှိသော မြို့ငယ်၊မြို့ကြီး (၂၂၉) မြို့တွင် ရုံးခန်းများတည်ရှိပြီး မြန်မာနိုင်ငံတွင် ၁၉၄၈ ခုနှစ်မှစတင်တည်ရှိခဲ့ကြောင်းလည်းသိရသည်။
Digital Library နှင့်ပတ်သက်ပြီး စုံစမ်းလိုပါက Digital Library hotline (ရုံးချိန်အတွင်း) > 09777001825 (မန္တလေး) တွင် ဖြစ်စေ British Council ရုံးများတွင်လည်း လာရောက်မေးမြန်းနိုင်ကြောင်းသိရသည်။ အသေးစိတ်အချက်အလက်များကို အောက်ပါ Link တွင်ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
https://www.britishcouncil.org.mm/my
https://www.facebook.com/BritishCouncilMyanmar/