ဆိုင်ပိုင်ရှင်တွေအပါအဝင် အသေးစား၊ အလတ်စားစီးပွားရေးလုပ်ငန်းရှင်တွေအနေနဲ့ လုပ်ငန်းတစ်ခု ဝင်ငွေ၊ ထွက်ငွေ လည်ပတ်စီးဆင်းမှုကို အမြဲတမ်းဂရုစိုက်လေ့လာနေရမှာပါ။ အဲ့ဒီအတွက်ကြောင့်လည်း စာရင်းဇယားတွေကို အလွယ်ကူဆုံး နဲ့ အမြန်ဆန်ဆုံး တွက်ချက်သိမ်းဆည်းပေးနိုင်တဲ့ နည်းပညာအသုံးပြု App တစ်ခုခုတော့ အသုံးပြုသင့်ပါတယ်။
Balance Sheet ဆိုတဲ့ Application လေးဟာဆိုင်ပိုင်ရှင် များ နှင့်အသေးစား / အလတ်စား အရောင်းအဝယ်လုပ်ငန်းများ အတွက် ငွေစာရင်းများကို ရှင်းရှင်းလင်းလင်း နှင့် စနစ်တကျ သိမ်းဆည်း ပေးနိုင်တဲ့ Application လေးတစ်ခုဖြစ်ပါတယ်။
Photo Source https://web.facebook.com/technologygateway/?ref=page_internal
Balance Sheet Application မှာတော့ ပါရှိတဲ့စာရင်းတွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။
(၁) အရောင်းစာရင်း
(၂) အဝယ်စာရင်း
(၃) ပေးရန်ရှိအကြွေးစာရင်း
(၄) ရရန်ရှိ အကြွေးစာရင်း
(၅) အသုံးစရိတ်စာရင်း ဆိုပြီး စာရင်း ၅ ခုပါပါတယ်။
App ရဲ့ Home ( Dashboard ) မှာ စာရင်း ငါးခုကို Auto တွက်ချပြီး လက်ထဲမှာ ရှိရမည့်ငွေ ကို တွက်ချက်ပေးထားပါတယ်။ စာရင်းတစ်ခုချင်းစီကို (လစဉ် / နှစ်စဉ်) အလိုက် စစ်ဆေး ကြည့်ရှု့နိုင်ပြီး PDF အနေ့ဖြင့်လည်း သိမ်းဆည်းနိုင်ပါတယ်။ ပြီးရင် မိမိ ဖုန်း မှ လည်း တိုက်ရိုက် Print Out လည်း လုပ်နိုင်မှာလည်းဖြစ်ပါတယ်။
Photo Source https://web.facebook.com/technologygateway/?ref=page_internal
Data တွေကို ဖုန်းတစ်လုံးနဲ့ တစ်လုံး Backup / Restore လုပ်လို့ရသလို မြန်မာစာ ( Unicode ) 100 ရာခိုင်နှုန်း support ပေးထားပါတယ်။ ဒါ့အပြင် အပြင်လူမသိရှိနိုင်အောင် Password ခံထားလို့ရသလို ငွေကြေး currency ကို ကြိုက်သလိုထား ရှိနိုင်တဲ့ App တစ်ခုလည်းဖြစ်တယ်။
အောက်ပါ Link မှ Install ပြုလုပ်နိုင်ပါတယ်။
https://play.google.com/store/apps/details…
အောက်ပါ Link မှာလည်းဝင်ရောက်လေ့လာနိုင်ပါတယ်။
https://web.facebook.com/technologygateway/?ref=page_internal