ဆိုင်ပိုင်ရှင် များ နှင့်အသေးစား / အလတ်စား အရောင်းအဝယ်လုပ်ငန်းများ အတွက် အသုံးဝင်လွန်းတဲ့ Balance Sheet Application

ဆိုင်ပိုင်ရှင်တွေအပါအဝင် အသေးစား၊ အလတ်စားစီးပွားရေးလုပ်ငန်းရှင်တွေအနေနဲ့ လုပ်ငန်းတစ်ခု ဝင်ငွေ၊ ထွက်ငွေ လည်ပတ်စီးဆင်းမှုကို အမြဲတမ်းဂရုစိုက်လေ့လာနေရမှာပါ။ အဲ့ဒီအတွက်ကြောင့်လည်း စာရင်းဇယားတွေကို အလွယ်ကူဆုံး နဲ့ အမြန်ဆန်ဆုံး တွက်ချက်သိမ်းဆည်းပေးနိုင်တဲ့ နည်းပညာအသုံးပြု App တစ်ခုခုတော့ အသုံးပြုသင့်ပါတယ်။
Balance Sheet ဆိုတဲ့ Application လေးဟာဆိုင်ပိုင်ရှင် များ နှင့်အသေးစား / အလတ်စား အရောင်းအဝယ်လုပ်ငန်းများ အတွက် ငွေစာရင်းများကို ရှင်းရှင်းလင်းလင်း နှင့် စနစ်တကျ သိမ်းဆည်း ပေးနိုင်တဲ့ Application လေးတစ်ခုဖြစ်ပါတယ်။

Photo Source https://web.facebook.com/technologygateway/?ref=page_internal

Balance Sheet Application မှာတော့ ပါရှိတဲ့စာရင်းတွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။
(၁) အရောင်းစာရင်း
(၂) အဝယ်စာရင်း
(၃) ပေးရန်ရှိအကြွေးစာရင်း
(၄) ရရန်ရှိ အကြွေးစာရင်း
(၅) အသုံးစရိတ်စာရင်း ဆိုပြီး စာရင်း ၅ ခုပါပါတယ်။
App ရဲ့ Home ( Dashboard ) မှာ စာရင်း ငါးခုကို Auto တွက်ချပြီး လက်ထဲမှာ ရှိရမည့်ငွေ ကို တွက်ချက်ပေးထားပါတယ်။ စာရင်းတစ်ခုချင်းစီကို (လစဉ် / နှစ်စဉ်) အလိုက် စစ်ဆေး ကြည့်ရှု့နိုင်ပြီး PDF အနေ့ဖြင့်လည်း သိမ်းဆည်းနိုင်ပါတယ်။ ပြီးရင် မိမိ ဖုန်း မှ လည်း တိုက်ရိုက် Print Out လည်း လုပ်နိုင်မှာလည်းဖြစ်ပါတယ်။

Photo Source https://web.facebook.com/technologygateway/?ref=page_internal

Data တွေကို ဖုန်းတစ်လုံးနဲ့ တစ်လုံး Backup / Restore လုပ်လို့ရသလို မြန်မာစာ ( Unicode ) 100 ရာခိုင်နှုန်း support ပေးထားပါတယ်။ ဒါ့အပြင် အပြင်လူမသိရှိနိုင်အောင် Password ခံထားလို့ရသလို ငွေကြေး currency ကို ကြိုက်သလိုထား ရှိနိုင်တဲ့ App တစ်ခုလည်းဖြစ်တယ်။
အောက်ပါ Link မှ Install ပြုလုပ်နိုင်ပါတယ်။
https://play.google.com/store/apps/details…
အောက်ပါ Link မှာလည်းဝင်ရောက်လေ့လာနိုင်ပါတယ်။
https://web.facebook.com/technologygateway/?ref=page_internal