Download ဆွဲဆော့ကစားနိုင်ပြီဖြစ်တဲ့ Battlefield Mobile Alpha Test

မကြာသေးမှီက Battlefield Mobile version ထွက်ရှိလာမယ်လို့ အသိပေးခဲ့ပြီး September 22 ရက်နေ့ မှာပဲ Battlefield Mobile Alpha Test ကိုစတင် Release လုပ်ခဲ့ပါတယ်။ Battlefield ဆိုတာကတော့ ကွန်ပြူတာ၊ Play Station နဲ့ Xbox မှာဆော့ကစားနိုင်တဲ့ Video Game Series တစ်ခု ဖြစ်ပါတယ်။ Action Shooter Game အနေနဲ့ ဆော့ကစားရမှာပါ။

Photo Source https://bit.ly/3yNha8o

ထွက်ရှိလာတဲ့ Battlefield Mobile Alpha Test ကို Guest အနေနဲ့ဝင်ရောက်ကစားနိုင်သလို Google အကောင့်နဲ့ EA ID ထည့်သွင်းပြီးလည်း ကစားနိုင်ပါတယ်။ စဆော့ဆော့ချင်းမှာတော့ Unnamed Player လို့ပေါ်နေမှာဖြစ်ပြီး Setting ထဲမှာ ကိုယ်ကြိုက်တဲ့နာမည်ကို ဝင်ရောက်ပြောင်းလည်း နိုင်ပါတယ်။ Setting ထဲမှာတော့ Alpha Test ဖြစ်တဲ့အတွက် များများစားစားတော့ မပါဝင်သေးပေမယ့် ကိုယ့်စိတ်ကြိုက် Layout ပုံစံတွေ Vehicles setting, Ads Setting တွေနဲ့ Graphic Quality တွေ Frame Rate တွေကို ချိန်ညှိ နိုင်ပါတယ်။

လက်ရှိမှာတော့ Mode တစ်ခုနဲ့ မြေပုံတစ်ခုပဲ ထည့်သွင်းပေးထားပါတယ်။ Point A ကနေ E အထိ ခြောက်ခုကို သိမ်းယူပြီး အမှတ်ရအောင် ဆော့ကစားရမှာပါ။ Vehicle အနေနဲ့ Tank နဲ့ ATV ကို ထည့်သွင်း ပေးထားပါတယ်။ ဂိမ်းမစတင်ခင်မှာလည်း ကိုယ်စတင်မယ့် Respawn Point ကို ရွေးချယ်နိုင် မှာပါ။ ကစားသမားအနေနဲ့ 16vs16 ဆိုပြီး စုစုပေါင်း ၃၂ ယောက်ပါဝင် ကစားရမှာပါ။ Alpha Test ဖြစ်တဲ့ အတွက် Graphic နဲ့ Audio Quality ကလုံးဝကြီးကောင်းမွန်နေဦးမှာတော့ မဟုတ်ပါဘူး။

Photo Source https://bit.ly/3yNha8o

စဆော့တဲ့အချိန်မှာတော့ Assault Rifle တစ်လက်၊ Pistol တစ်လက်၊ ဓားတစ်ချောင်းနဲ့ ဗုံးတစ်လုံး ပေးထားမှာပါ။ ဆော့ရင်း Level မြင့်လာတာနဲ့ သေနတ်မျိုးစုံကိုလည်း ကိုင်ပြီး ကစားခွင့် ရရှိမှာဖြစ်ပါတယ်။ Player Rank ၉ခု အထိပေးထားပြီး Frag Granade, F2000, SMAW, 338 Recon, Health Crate, LSAT, Spotting Drone, PP-2000, Ammo Crate နဲ့ C4 တွေကို Rank တစ်ခုစီအလိုက်ရရှိမှာ ဖြစ်ပါတယ်။

Application size ကတော့ 93MB နဲ့ in-game data 433MB ကျော် Download ဆွဲရမှာဖြစ်ပါတယ်။ Battlefield Mobile Alpha Test ကိုအောက်ပါလင့်ခ်ကနေ ဝင်ရောက်ရယူနိုင်ပါတယ်။

https://www.taptap.io/app/224158