Drive Myanmar မှဦးစီးကာ တတိယအကြိမ်မြောက် တစ်နှစ်တာအကောင်းဆုံးကားဆုပေးပွဲကျင်းပ

၂၀၁၉ ခုနှစ် မြန်မာတစ်နှစ်တာအကောင်းဆုံးကားဆုပေးပွဲအတွက် အဆိုပြုထားသည့်ကားများကို ၂၀၁၉ ခုနှစ် အောက်တိုဘာလ ၁၇ ရက်နေ့တွင် Shwe Htut Tin ကွင်းမှာ စမ်းသပ်မောင်းနှင်မှု အခမ်းအနားကျင်းပပြုလုပ်ခဲ့ကြောင်းသိရ သည်။ မြန်မာ့တစ်နှစ်တာအကောင်းဆုံးကားရွေးချယ်ဆုပေးပွဲ(MCOTY)သည် နိုင်ငံတကာမှ ဆုပေးပွဲများကဲ့သို့ မော်တော်ကားသ တင်းစာပညာရှင်များမှ အကဲဖြစ်အမှတ်ပေးသော ပြိုင်ပွဲတစ်ခုလည်းဖြစ်သည်။

Photo Source By Myanmar Tech Press

အဆိုပါ စမ်းသပ်မောင်းနှင်မှုတွင် ကားအစီးရေ ၄၀ ကျော်ပါဝင်ပြီး ပြည်တွင်းပြည်ပမှ အကဲဖြတ်ဒိုင် (၇)ဦးမှ အဆိုပြုထားသည့် ကားများအားလုံးကို စမ်းသပ်မောင်းနှင်ကာ အကဲဖြတ်အမှတ်ပေးသွားမည်လည်းဖြစ်သည်။ အကဲဖြတ်ဒိုင် များမှာ ပြည်တွင်းမှ လေးဦးနှင့် နိုင်ငံတကာဒိုင် သုံးဦးတို့ပါဝင်အကဲဖြတ်ပေးသွားမည်လည်းဖြစ်သည်။ ပြည်ပကျွမ်းကျင်ဒိုင် များမှာ ပြည်တွင်းဂျာနယ်လစ်များနှင့်ကျွမ်းကျင်သူများကို လမ်းညွှန်အထောက်အကူပြုရန်အတွက် အတွေ့အကြုံများယူ ဆောင်လာကြခြင်းလည်းဖြစ်သည်။ ပါဝင်ယှဉ် ပြိုင်သောကားကုမ္ပဏီများမှာလည်း Mazda၊ Chevrolet၊ TOYOTA၊ KIA၊GAC၊ Hyundai၊ Mitsubishi၊ Borgward၊ Ford၊ Jaguar Land Rover နှင့် Nissan တို့မှ ပါဝင်ယှဉ်ပြိုင်ထားကြောင်း သိရသည်။

Photo Source By Myanmar Tech Press

“ဒီနေ့တစ်နေကုန် ကားတွေကို စမ်းသပ်မောင်းနှင်ပြီးတော့ အကဲဖြတ်လေ့လာကြတာပေါ့။ အဲ့ဒီထဲကမှ ရွေးချယ်အမှတ်ပေး ပြီး ဆိုရတဲ့ကားကို ရွေးချယ်မှာဖြစ်ပါတယ်။ ဆုကိုတော့ ၂၀၁၉ ခုနှစ် နိုဝင်ဘာ ၂ ရက်နေ့မှာ ကြေငြာသွားမှာဖြစ်ပါတယ်”ဟု ပြည်တွင်းဂျာ နယ်လစ်ဒိုင်သူကြီးဖြစ်သူ Drive Magazine Chief Editor ကိုကျော်ကျော်လင်းကပြောကြားသည်။
Myanmar Car of The Year ပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်မှာလည်း မြန်မာ့ကားဈေးကွက်အတွင်းအောင်မြင်မှုအများဆုံး နှင့်အကောင်းဆုံးကားများကို ရွေးချယ်ကာ ဆုချီးမြှင့်ရန်လည်းဖြစ်သည်။ Drive Media Myanmar သည် မြန်မာ့တစ်နှစ်တာ အကောင်းဆုံးဆုပေးပွဲကို ၂၀၁၇ ခုနှစ်တွင် စတင်ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ယခုနှစ်အကောင်းဆုံးကားဆုပေးပွဲ(MCOTY 2019) သည် Drive Media Myanmar ၏ တတိယအကြိမ်မြောက်ပြုလုပ်ခြင်းလည်းဖြစ်သည်။

Photo Source By Myanmar Tech Press

ယခုနှစ်အတွက် Drive Media အနေဖြင့် ပြည်တွင်း၊ ပြည်ပကျွမ်းကျင်ပညာရှင်၊ သတင်းစာပညာရှင်များ၏ ပူးပေါင်းပါဝင်မှုနှင့် အတူ မြန်မာ့တစ်နှစ်တာကားဆုပေးပွဲကို အကဲဖြတ်စနစ်များနှင့် ရွေးချယ်ဆုချီးမြှင့်သွားမည်ဖြစ်သည်။ အကောင်းဆုံးကားဆု ကို ရွေးချယ်ရာတွင်လည်း စမ်းသပ်မောင်းနှင်မှုများပြုလုပ်ပြီး ကားတစ်စီး၏ Safety ပိုင်း၊ စွမ်းဆောင်ရည်၊ နည်းပညာပိုင်း၊ သုံးစွဲသူများ၏ စိတ်ကျေနပ်မှုနှင့် ဈေးနှုန်းသင့်တင့်မှုရှိ၊ မရှိစသည့်အချက်များကို လေ့လာစစ်ဆေးအကဲဖြတ်အမှတ်ပေးသွား မည်လည်းဖြစ်သည်။ အဆိုပါဆုပေးပွဲတွင် ပြည်တွင်း၊ ပြည်ပမှ သတင်းစာပညာရှင်များပါဝင်သည့် အကဲဖြတ်ဒိုင်အဖွဲ့မှ ဆုတံ ဆိပ် ၁၁ ခုနှင့် ကားချစ်သူပရိတ်သတ်များမှရွေးချယ်သည့် People Choice ဆုတို့ ပေးအပ်ချီးမြှင့်သွားမည်ဖြစ်သည်။
ယခုနှစ်အတွက် ဆုချီးမြှင့်မည့်ဆုအမျိုးအစားများမှာလည်း 1. Best Family Car Of The Year, 2.Best Small SUV Of The Year, 3.Best Family SUV Of The Year, 4. Best Small Car Of The Year,5. Best City  Car Of The Year,6. Best City SUV Of The Year,7. Best Luxury SUV Car Of The Year(USD 90,000 and below),8. Best Luxury SUV Car Of The Year(above USD90,000),9. Best PickupCar Of The Year,10. Best MPV/Minivan Car Of The Year, 11.2019 Car of The Year(People’s Choice) စသည့်ဆုများဖြစ်ကြသည်။ ဆုများကို ဒိုင်များမှ ရွေးချယ်ခြင်းဖြစ်ပြီး အကဲဖြတ်စနစ်ဖြင့် အမှတ်အများဆုံးရရှိသော ကားကို ချီးမြှင့်မည်လည်းဖြစ်သည်။ 2019 Car of The Year ဆုမှာ အွန်လိုင်း မှတဆင့်ပြည်သူများမှ မဲပေးရွေးချယ်ခြင်းဖြစ်ပြီး Drive Magazine ၏ Website နှင့် Facebook မှတစ်ဆင့် Vote အများဆုံး ရသည့်ကားကို ချီးမြှင့်ခြင်းဖြစ်သည်။ ဆုအမျိုးအစားအလိုက်ပါဝင်ခဲ့သောကားများကို Drive Myanmar Facebook နှင့် Website မှတစ်ဆင့်ကြေငြာထားသည်။

Photo Source By Myanmar Tech Press

နိုင်ငံတကာမှ ဒိုင်သူကြီးများမှာလည်း 1.Ashwin Ram N P(Road Tester and Photographer for www.Rushlane.com, 2. Dao Trong Anh(Driving tester and Photographer for www.Autovina.com) , 3. Zotmund Pal(Automotive Reporter, AutomotorTV ) တို့ဖြစ်ကြပြီး ပြည်တွင်းဒိုင်များမှာလည်း ၁.မိုးကန်ရှိန်(Famer Editor-in-chief at Automobile Entertainment)၊ ၂. သန်းထိုက်သူ(Chief Editor of Myanmar post and Myanmar Post Global)၊ ၃. ကျော်ကျော်မင်း( Chief Editor of Drive Magazine) တို့ဖြစ်ကြသည်။