Facebookနှင့်ဆက်သွယ်ရေးအော်ပရေတာများပူးပေါင်းကာ ဒေတာအသုံးပြုမှုအခမဲ့ဖြင့် Facebook App ကို Update ပြုလုပ်နိုင်

Facebook နှင့် Telenor၊ MPT၊ Mytel၊ Ooredoo စသည့်ဆက်သွယ်ရေးအော်ပရေတာများနှင့်ပူးပေါင်းကာ Facebook App အား ဒေတာအသုံးပြုမှုအခမဲ့ဖြင့် Update ပြလုပ်နိုင်ပြီဖြစ်ကြောင်းသိရသည်။ ထို့ကြောင့် Facebook အက်ပလီကေးရှင်း ဗားရှင်းအဟောင်း အသုံးပြုလျက်ရှိသူများမှာ ဗားရှင်းအသစ်အား အဆင့်မြှင့်တင်ပြီး နောက်ဆုံးပေါ်နည်းပညာလုပ်ဆောင် ချက်များကို အသုံးပြုနိုင်တော့မည်လည်းဖြစ်သည်။
ယခုကဲ့သို့ အဆင့်မြှင့်တင်လိုက်ခြင်းကြောင့် အက်ပလီကေးရှင်း အသုံးပြုသူများမှာ နိုင်ငံတကာသုံး နည်းပညာစံနှုန်းနှင့် ကိုက်ညီသည့် ယူနီကုဒ်စံစနစ်ဖြင့် ပို့စ်များတင်နိုင်ပြီး စာစုများကိုလည်း အဆင်ပြေချောမွေ့စွာ ဖတ်ရှုနိုင်မည်ဖြစ်သည့် အားလျော်စွာ အင်တာနက်အသုံးပြုနေကြသည့် ဂေဟစနစ်ကြီးအတွင်း ယူနီကုဒ်စံစနစ်သို့ ကူးပြောင်းရန် ကြိုးပမ်းဆောင် ရွက်လျက်ရှိသော နိုင်ငံ၏ မျှော်မှန်းချက်ကို ပံ့ပိုးပေးနိုင်မည်လည်းဖြစ်သည်။

Photo Source – https://en.wikipedia.org/

ထို့အပြင် Facebook သည် စီးပွားရေးလုပ်ငန်းများအတွက် မိမိတို့၏ ဝန်ဆောင်မှုအသုံးပြုသူများအား တိုက်ရိုက် ထိတွေ့ဆက်သွယ်နိုင်ရန် ပိုမိုအသုံးပြုလာကြသည့် ပလက်ဖောင်းတစ်ခုလည်း ဖြစ်လာခဲ့သည်။ ယခုကဲ့သို့ ငွေကြေးအကုန် အကျမရှိဘဲ Facebook အက်ပလီကေးရှင်းကို အဆင့်မြှင့်တင်နိုင်ရန် ဝန်ဆောင်မှုပေးအပ်လိုက်ခြင်းဖြင့် မြန်မာနိုင်ငံရှိ ပြည်သူများမှာ Facebook ဗားရှင်းအသစ်တွင်ပါရှိသော ပိုမိုကောင်းမွန်သည့် ဘေးကင်းလုံခြုံရေးဆိုင်ရာ လုပ်ဆောင်ချက် များအပါအဝင် နောက်ဆုံးပေါ် နည်းပညာလုပ်ဆောင်ချက်များကို အသုံးပြုပြီး အက်ပလီကေးရှင်းမှရရှိသော အကျိုးကျေးဇူး များကို အပြည့်အဝအသုံးချနိုင်မည်လည်းဖြစ်သည်။
မြန်မာနိုင်ငံတွင် Facebook သည် သူငယ်ချင်း၊ မိတ်ဆွေများ၊ ချစ်ခင်ရသူများနှင့် ပြောဆိုဆက်သွယ်ရန် အဓိက အသုံးပြုလျက်ရှိသောပုံစံများအတွင်း တစ်ခုအပါအဝင်ဖြစ်ပါသည်။ ထို့အပြင် စီးပွားရေးလုပ်ငန်းများအနေဖြင့် မိမိတို့၏ ဝန်ဆောင်မှု အသုံးပြုလျက်ရှိသော ဖောက်သည်များဖြင့် ကိုယ်တိုင်ကိုယ်ကျ တိုက်ရိုက် ပြောဆိုနိုင်မည့် ပလက်ဖောင်းတစ်ခု အဖြစ် ပိုမို အသုံးပြုလာကြပြီ ဖြစ်သည်။
“မြန်မာနိုင်ငံက Facebook အသုံးပြုတဲ့ လူမှုအသိုင်းအဝိုင်းအတွက် Facebook ကို ဘေးကင်းလုံခြုံမှုရှိရှိနဲ့ ကောင်းမွန်စွာ အသုံးပြုနိုင်ဖို့ဆိုတာ ကျွန်မတို့ တစ်ကယ့်ကိုအရေးကြီးတဲ့ ဦးစားပေးကိစ္စရပ်ပါ။ ဒါ့ကြောင့်ပဲ မြန်မာနိုင်ငံက မိုဘိုင်းဆက် သွယ်ရေးအော်ပရေတာ လေးခုနဲ့ လက်တွဲပြီး ဒေသခံပြည်သူ သန်းပေါင်းများစွာအတွက် သူတို့လက်ရှိသုံးနေတဲ့ Facebook အက်ပလီကေးရှင်း အဟောင်းကနေ နောက်ဆုံးထွက်ရှိထားတဲ့ ဗားရှင်းအသစ်ကို ငွေကြေးအကုန်အကျမရှိဘဲရယူ အဆင့်မြှင့်တင်နိုင်အောင် စီစဉ်ပေးခဲ့တာပါ” ဟု Facebook ၏ APAC Head of Connectivity and Access Policy ဖြစ်သူ Tenzin Norbhu က ပြောသည်။
“ဒီလို လက်တွဲဆောင်ရွက်လိုက်တဲ့အတွက် လွန်ခဲ့တဲ့ နှစ်တွေကတည်းက ကျွန်မတို့ ကြိုးစားဖန်တီးပြီး ထည့်သွင်းပေး ထားတဲ့ နောက်ဆုံးပေါ်ဘေးကင်းလုံခြုံရေးဆိုင်ရာ နည်းပညာလုပ်ဆောင်ချက်တွေကို မြန်မာနိုင်ငံက Facebook လူမှုအသိုင်းအဝိုင်းက ရယူအသုံးပြုနိုင်တော့မှာ ဖြစ်ပါတယ်။ အခု နောက်ဆုံးထွက်ရှိ ထားတဲ့ app နဲ့ ကျွန်မတို့ရဲ့လူမှု အသိုင်းအဝိုင်းကို ယူနီကုဒ်နဲ့ ပို့စ်တွေတင်နိုင်၊ စာစုတွေကို ဖတ်ရှုနိုင်အောင် ကူညီပေးပြီး မြန်မာနိုင်ငံရဲ့ ယူနီကုဒ်စံစနစ် ကူးပြောင်းရေးကို ထောက်ပံ့အားပေးသွားမှာ ဖြစ်ပါတယ်”ဟု Facebook ၏ APAC Head of Connectivity and Access Policy ဖြစ်သူ Tenzin Norbhu က ဆက်လက်ပြောကြားသည်။

Photo Source – https://ooredoo.com.mm/

တယ်လီနောအသုံးပြုသူများအတွက် ၂၀၁၉ ခုနှစ် အောက်တိုဘာလ ၄ ရက်နေ့မှစတင်ကာ ဒီဇင်ဘာ ၃၁ ရက်နေ့အထိအခမဲ့ update ပြုလုပ်နိုင်မှာဖြစ်ပြီး Ooredoo၊ Mytel နှင့် MPT အသုံးပြုသူများအနေဖြင့် အခမဲ့တစ်ကြိမ်အသုံးပြုနိုင်မည်လည်းဖြစ် သည်။
မိမိ အသုံးပြုနေသည့် Facebook နှင့် Messenger app များအား ဗားရှင်းအဟောင်း၊ အသစ် ခွဲခြားသိရှိနိုင်ရန် စစ်ဆေးပုံကို မှာလည်းအောက်ပါအတိုင်းဖြစ်ပါသည်။
မိမိ အသုံးပြုနေသည့် Facebook သတင်းစဉ် (News Feed) ထိပ်ဆုံးတွင် အသိပေးချက်တစ်ခု လက်ခံရရှိမည် ဖြစ်ပါသည်။ အဆိုပါ မတ်ဆေ့ချ်မှတစ်ဆင့် မိမိ အသုံးပြုနေသည့် ဗားရှင်းအဟောင်း၊ အသစ်ကို ခွဲခြားသိရှိနိုင်ပါသည်။ Facebook မှ အက်ပလီကေးရှင်းအား ဗားရှင်းမြှင့်ရန် အင်တာနက်ဒေတာအခမဲ့ဖြင့် download ပြုလုပ်နိုင်သည့် link အားအသိပေး ကြေညာ၍ တိုက်တွန်းသွားမည်ဖြစ်ပြီး လိုအပ်ပါက မိမိ အသုံးပြုနေသည့် ဆက်သွယ်ရေးအော်ပရေတာ အသီးသီးမှ help center များသို့လည်း ဆက်သွယ်မေးမြန်းနိုင်ပါသည်။