ကင်မရာ ၄ လုံးပါ Realme 5 Pro နှင့် Realme 5 စမတ်ဖုန်းကို မြန်မာပြည်တွင်စတင်မိတ်ဆက်

Realme စမတ်ဖုန်း အမှတ်တံဆိပ်ပထမဆုံး ကင်မရာ ၄ လုံးပါ စမတ်ဖုန်းများဖြစ်ကြသော Realme 5 Pro နှင့် Realme 5 တို့အား မြန်မာနိုင်ငံတွင် တရားဝင်မိတ်ဆက်ပွဲအခမ်းအနားကို ၂၀၁၉ ခုနှစ် အောက်တိုဘာလ ၁၇ ရက်နေ့ ရန်ကုန်မြို့၊ LOTTE ဟိုတယ်တွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။ အဆိုပါ စမတ်ဖုန်းအသစ်မိတ်ဆက်ပွဲကို အကယ်ဒမီသက်မွန်မြင့် နှင့်အခြားသောသရုပ်ဆောင်များစွာတက်ရောက်ခဲ့ကြသည်။
အဆိုပါ စမတ်ဖုန်းများသည် Qualcomm Technologies Mobile SOC အသီးသီးတပ်ဆင်ထားပြီး တန်ဖိုးတူဈေးနှုန်းရှိသည့် အခြားစမတ်ဖုန်းများကြားတွင် အလွန်ကောင်းမွန်သော စွမ်းဆောင်ရည်ကို အသုံးပြုလိုသူများအတွက် ထောက်ပံ့ပေးထား သည်။ Realme 5 Pro နှင့် Realme 5 တွင် မြင်ကွင်းကျယ်အတွက် UItra Wide-angle Lens, ပင်မ Main Camera, အလှ ဓာတ်ပုံများအတွက် Portrait Lens နှင့်သေးငယ်သော ပစ္စည်းများကို အနီးကပ်ရိုက်ကူးနိုင်သည့် UItra Macro Lens ဟုခေါ် ဆိုသည့် ကင်မရာကို အသုံးပြုထားခြင်းလည်းဖြစ်သည်။
Realme 5 Pro တွင် CPU core ကို 2.3 GHz အထိမြှင့်တင်ထားပြီး Snapdragon 712 ဖြင့် ထုတ်လုပ်ထားခြင်းလည်းဖြစ် သည်။ ထို့အပြင် AI တွက်ချက်မှုများကို ပိုမိုမြန်ဆန်စေသည့် 3rd Generation AI Engine နှင့်စွမ်းဆောင်ရည်ကောင်းမွန်ကာ Qualcomm Adreno 616 GPU လည်းပါဝင်သည်။

Photo Source – https://www.facebook.com/realmeMyanmar/

ဘက်ထရီစွမ်းအင်၊ ဖုန်း၏ စွမ်းဆောင်ရည်၊ ကင်မရာအသုံးပြုခြင်း၊ ဂိမ်းကစားခြင်းနှင့်အခြားသော စမတ်ဖုန်းအသုံးချမှုပေါင်း များစွာအတွက် ကောင်းမွန်အောင်ပြုလုပ်ထားသည်။ အားသွင်းနှုန်းမြန်ဆန်လှသည့် 20W VOOC 3.0 Fast Charge စနစ်ကို ထည့်သွင်းပေးထားသည့်အပြင် Realme 5 Pro ၏ Flagship Quad Camera တွင် မြင်ကွင်းကျယ်အတွက် 119 UItra Wide-angle Lens(8 Megapixels)၊ ပင်မကင်မရာအတွက် 48 Megapixels Sony IMX586 Camera၊ အလှဓာတ်ပုံအ တွက် Portrait Lens(2 Megapixels)၊ သေးငယ်သော ပစ္စည်းများကိုအနီးကပ်ကြည်လင်ပြတ်သားစွာ ရိုက်ကူးနိုင်သည့် UItra Macro Lens(2 Megapixels) ပါဝင်ပါသည်။ Selfie ဓာတ်ပုံများအတွက် 16 Megapixels Sony IMX471 AI Front Camera ကို အသုံးပြုထားသည့်အတွက် ဈေးနှုန်းတူစမတ်ဖုန်းများထဲတွင် ပြိုင်ဘက်ကင်းလောက်အောင် ကောင်းမွန်သော ရုပ်ပုံအရည်အသွေးကိုဖန်တီးနိုင်မည်ဖြစ်သည်။
Realme 5 Pro တွင် 6.3 လက်မ Full HD+Dewdrop Full Screen ပါရှိပြီး ပိုမိုကောင်းမွန်သော Visual effect ရရှိနိုင်သည့် 3D ပုံစံရုပ်ကြွအနေဖြင့် မြင်တွေ့နိုင်မည့် ပြောင်လက်တောက်ပသော ရောင်ပြန်စိန်ပွင့်ပုံစံဒီဇိုင်းများဖြင့်ဖန်တီးပုံဖော်ထား သည်။ Operating System အနေဖြင့် Android 9.0 ကိုအခြေခံထားပြီး ColorOS 6.0 ကိုအသုံးပြုထားခြင်းလည်းဖြစ်သည်။ Realme 5 Pro တွင် မှတ်ဉာဏ်သိုလှောင်နိုင်မှု ပမာဏအနေဖြင့် Internal Memory 128GB/RAM 4 GB နှင့် 128GB/RAM 8GB ဟူ၍ နှစ်မျိုးရွေးချယ်နိုင်ပြီး Crystal Green နှင့် Sparkling Blue ဆိုသည့် အရောင်းနှစ်မျိုးဖြင့်ထုတ်လုပ်ထားသည်။

Photo Source – https://www.facebook.com/realmeMyanmar/

Realme 5 တွင် Qualcomm ၏ Snapdragon 665 SOC ကိုတပ်ဆင်ထားပြီး အဆင့်မြှင့်တင်ထားသည့် နည်းပညာ၊ အံ့သြ ဖွယ်ကောင်းသောကင်မရာနှင့်ကြံခိုင်ကောင်းမွန်သော စွမ်းအင်သိုလှောင်မှုစနစ်များပါဝင်ပါသည်။ Realme 5 သည် 11 nm Chip ကိုအခြေခံထားပြီး 2.0GHz နှင့်သုံးစွဲနိုင်မည်လည်းဖြစ်သည်။ ဂိမ်းကစားသည့်စွမ်းဆောင်ရည်ကို ပိုမိုမြှင့်တင်ထားသည့် အပြင် 3rd Generation Qualcomm AI Engine လည်းပါဝင်မည်ဖြစ်သည်။
ထို့အပြင် AI Auad Camera များဖြစ်ကြသည့် မြင်ကွင်းကျယ် 119 ဒီဂရီ UItra Wide-angle Lens (8 Megapixels)၊ ပင်မ Mail Camera(12 Megapixels)၊ အလှဓာတ်ပုံအတွက် Portrait lens(2 Megapixels) ၊ သေးငယ်သည့် ပစ္စည်းများကို အနီး ကပ်ကြင်လင်ပြတ်သားစွာရိုက်ကူးနိုင်သည့် UItra Macro Lens(2 Megapixels)၊ Megapixels AI Front Camera များနှင့် ပေါင်းစပ်ဖွဲ့စည်းထားသည့်အတွက် ရုပ်ပုံအရည်အသွေးပိုမိုကောင်းမွန်မည်လည်းဖြစ်သည်။
Realme 5 တွင် 6.5 inch HD+ Mini-drop Full Screen မျက်နှာပြင်ပါရှိသောကြောင့် ပိုမိုကျယ်ပြန့်သည့်မြင်ကွင်းကို ပေးစွမ်းနိုင်သည့်အပြင် အသံပိုင်းအတွက်လည်း ဗီဒီယိုကြည့်ရှုချိန်၊ ဂိမ်းကစားချိန်များတွင်လည်း ကောင်းမွန်သောအတွေ့အ ကြုံများကိုထောက်ပံ့ပေးနိုင်မည်လည်းဖြစ်သည်။

Photo Source – https://www.facebook.com/realmeMyanmar/

ဖုန်းကိုကြာရှည်စွာအသုံးပြုနိုင်ရန်အတွက် သိုလှောင်နိုင်စွမ်းပမာဏ မြင့်မားကောင်းမွန်လှသော 5000 mAh ဘက်ထရီကို ထည့်သွင်းထားသလို Operating System သည်လည်း Android 9.0 Color OS 6.0 ကို အသုံးပြုထားခြင်းလည်းဖြစ်သည်။ Realme 5 တွင် Internal Memory 32GB/RAM 3GB၊ 64GB/RAM 4GB နှင့် 128 GB/RAM 4 GB ဟူ၍ သုံးမျိုးရွေးချယ် ဝယ်ယူနိုင်မည်လည်းဖြစ်သည်။ အရောင်များအနေဖြင့် Crystal Blue နှင့် Crystal Purple ဟူ၍ နှစ်မျိုးဖြင့်ထုတ်လုပ်ထားပြီး စိန်ပွင့်ပုံစံရောင်ပြန်အရောင်အသွေးဖြင့် အလှဆင်ထားသည်။
Realme 5 Series ဖုန်းများအားလုံးတွင် မီးလောင်ကျွမ်းမှုကနေ ကာကွယ်နိုင်ရန်အတွက် ကြားခံလုံခြုံရေးပစ္စည်း တပ်ဆင် ထားပြီး ဘက်ထရီအတွက် စိတ်ချရသောအာမခံရရှိနိုင်ရန်အတွက် ကာကွယ်မှုကိုအဆင့်သုံးဆင့်ဖြင့်ထည့်သွင်းထားသည်။ Software ပိုင်းတွင်လည်း ဒီဇိုင်းမြင့်တင်မှု Hotspot Management Function နှင့် Google AR Core functions များပေး စွမ်းနိုင်သည့် အဆင့်မြှင့်တင်ထားသော Color OS 6.0 ကိုထည့်သွင်းထားသည်။ Lock Screen၊ Home Screen နှင့် Notification Page များအတွက် ပိုမိုကျယ်ပြန့်ပြီး သဘာဝပိုဆန်သော ဒီဇိုင်းအသစ်မြှင့်တင်ပေးသွားမည်လည်းဖြစ်သည်။ ထိုသို့အဆင့်မြှင့်တင်ချက်များအားလုံးကိုလည်း Realme စမတ်ဖုန်းများအားလုံးအတွက် အွန်လိုင်းမှတစ်ဆင့် ပေးသွားမည် လည်းဖြစ်သည်။
Realme 5 စီးရီးစမတ်ဖုန်းများသည် ဒီဇိုင်းပိုင်းအတွက် ပြောင်လက်တောင်ပသည့် ရုပ်ကြွပုံစံမျက်နှာပြင်များကိုအသုံးပြုထား ပြီး စမ်းသပ်စစ်ဆေးမှု ၁၃၃ ကြိမ်တိုင်တိုင်ပြုထုပ်ထားပြီးဖြစ်ကြောင်းလည်းသိရသည်။