Mobile Game Industry ကိုရောက်ရှိလာတော့မယ့် Battlefield Mobile

Battlefield ဆိုတာကတော့ PC, Xbox, နဲ့ Play Station လို platform တွေမှာဆော့ကစားလို့ရတဲ့ နာမည်ကြီး First-person Shooter Video Game အမျိုးအစားတစ်ခု ဖြစ်ပါတယ်။ PC, Xbox, နဲ့ Play Station တွေက နာမည်ကြီး ဂိမ်းတွေဟာလည်း Mobile Game လောကထဲကို တစ်စတစ်စ ဝင်လာကြပြီဖြစ်ပါတယ်။ လက်ရှိမှာတော့ Player Unknown’s Battle Ground (PUBG) နဲ့ Call of Duty လိုဂိမ်းတွေဟာ Mobile လောကထဲကို ရောက်ရှိနေပြီး ဖြစ်သလို Apex Legends ဟာလည်း Beta Version တွေထွက်ရှိနေပြီ ဖြစ်ပါတယ်။ မကြာခင်မှာတော့ Battlefield ဟာလည်း Battlefield Mobile အဖြစ်နဲ့ Mobile လောကထဲကို ဝင်ရောက်လာတော့မှာ ဖြစ်ပါတယ်။

Photo Source https://bit.ly/3yNha8o

လက်ရှိဖော်ပြထားတဲ့အချက်အလက်တွေအရ Battlefield Mobile မှာတော့ Assault, Support, Medic, နဲ့ Recon ဆိုပြီးတော့ Class လေးမျိုးရွေးချယ်ကစားနိုင်မှာပါ။ Vast Collection, Weapons, Skins, Class-specific gadgets တွေကိုလည်း ကိုယ့်စိတ်ကြိုက် Loadout ထဲမှာ ပြင်ဆင်နိုင်မယ့်အပြင်  Weapon တွေကိုလည်း upgrade ပြုလုပ် နိုင်ပါတယ်။ ကိုယ့်အတွက် အကျွမ်းကျင်ဆုံး လက်နက်တွေက ကိုယ်အသုံးပြုတဲ့ Class ကိုယ်ပြင်ဆင်းထားတဲ့ Loadout နဲ့ ကိုယ့်ရဲ့ ကစားတဲ့ ပုံစံတွေမှာပဲ မူတည်နေမှာ ဖြစ်ပါတယ်။ Vehicles တွေအနေနဲ့ Tank တွေ ATV တွေပါဝင်မယ့်အပြင် ဆော့ကစားရမယ့် မြေပုံတွေနဲ့ Mode တွေကလည်း အသစ်တွေဖြစ်မှာပါ။ Battalion တွေနဲ့ချိတ်ဆက်နိုင်ပြီးတော့ Squad တွေလဲထောင်နိုင်မှာ ဖြစ်ပါတယ်။ အစပိုင်းမှာတော့ Grand Bazaar Map နဲ့ Classic Battlefield Game Mode, Conquest တို့ထည့်သွင်းပေးထားမှာ ဖြစ်ပါတယ်။

ထွက်ရှိလာမယ့် Battlefield Mobile က Free-to-play ဂိမ်းတစ်ခုဖြစ်ပြီးတော့ Battle Pass တွေ စုဆောင်း ထားနိုင်မယ့် ဒီဇိုင်းတွေပါဝင်မှာပါ။ လက်ရှိမှာတော့ စမ်းသပ်ဆဲကာလဖြစ်ပြီးတော့ ဖုန်းအမျိုးမျိုး အတွက် အဆင်ပြေအောင် ပြုလုပ်ပေးမှာဖြစ်ပါတယ်။ အရင်ထွက်ရှိလာမယ့် စမ်းသပ်ဗားရှင်းအတွက်ကတော့ Android version 7.0 နဲ့အထက်မှာ ရရှိမှာ ဖြစ်ပါတယ်။ Battlefield Mobile ကို Mobile Version အတွက်ပဲ ရည်ရွယ် ထုတ်လုပ်ပေးမှာ ဖြစ်တဲ့အတွက် Console ဒါမှမဟုတ် PC Version တွေနဲ့ Cross Platform ကစားလို့တော့ ရမှာ မဟုတ်ပါဘူး။ 

Photo Source https://bit.ly/3yNha8o

Battlefield Mobile ရဲ့ Test Version ကိုတော့ အင်ဒိုနီးရှားနဲ့ ဖိလစ်ပိုင်နိုင်ငံတို့မှာ စတင်ရရှိမှာဖြစ်ပါတယ်။ Test ပြုလုပ်ရင်းနဲ့ပဲ နောက်ထပ်တိုးမယ့် Region တွေကိုကြော်ငြာပေးသွားမှာ ဖြစ်ပါတယ်။ အကုန် အဆင်သင့်ဖြစ်ပြီ ဆိုတာနဲ့ Pre-register ပြုလုပ်ဖို့နဲ့ ဂိမ်းနဲ့ပက်သက်တဲ့ သတင်းတွေ သိရဖို့အတွက် Page တစ်ခု ပြုလုပ် ပေးသွားမယ်လို့ သိရပါတယ်။ Test Version ပြီးဆုံးသွားရင်တော့ ကစားသူတွေရဲ့မှတ်တမ်းတွေ အကောင့်တွေကို ဖယ်ရှားလိုက်မှာ ဖြစ်ပြီး Official Version မှာမှအသစ်ပြန် ကစားနိုင်မှာ ဖြစ်ပါတယ်။