မြန်မာဂိမ်း Developer များရေးသားထားတဲ့ Spring Revolution Mini Game

Spring Revolution Mini ဆိုတဲ့ ဂိမ်းလေးကတော့ မြန်မာ့နွေဦးတော်လှန်ရေးမှာ တိုက်ပွဲဝင်ကြတဲ့ သူရဲကောင်းတွေ အားလုံးကို ဂုဏ်ပြုတဲ့အနေနဲ့ ဖန်တီးပေးထားတာ ဖြစ်ပါတယ်။ Hyper Casual Game အမျိုးအစားတစ်ခု ဖြစ်ပြီး တော့ တော်လှန်ရေးသပိတ်ခေါင်းဆောင် တစ်ယောက်နေရာကနေ ဆော့ကစားရမှာပါ။

ဂိမ်းကို စဖွင့်ဖွင့်လိုက်ချင်း ဂိမ်းနဲ့လဲလိုက်ဖက် နွေးဦးတော်လှန်ရေးသီချင်းတစ်ပုဒ်လည်း  ဖြစ်တဲ့ “အလိုမရှိ” သီချင်းကို SR Mini ရဲ့ Background Music အဖြစ် ထည့်သွားထားပါတယ်။ သပိတ်စစ်ကြောင်းတစ်လျှောက် လူတွေစု၊ သတင်းပေးဒလံတွေကိုကန်ထုတ်ပြီးတော့ သပိတ်ကို ပိတ်ပင်ဖျက်ဆီးမယ့် အနှောက်အယှက်တွေကို ကာကွယ်ရင်း ပန်းတိုင်ကိုရောက်အောင်သွားရမှာ ဖြစ်ပါတယ်။ Map တစ်လျှောက်မှာလည်း ရန်ကုန်၊ မန္တလေးနဲ့ မုံရွာက အထင်ကရ အဆောက်အဦးတွေကို ထည့်သွားပေးထားပါတယ်။ 

Photo source SR Mini Facebook Page

သပိတ်ခေါင်းဆောင် တစ်ယောက်အနေနဲ့ ရွေးချယ်စရာ Character (၁၅) ယောက်ပါဝင်မှာ ဖြစ်ပါတယ်။ သပိတ်ကို ဖျက်ဆီး နှောက်ယှက်မယ့် သတင်းပေးဒလံနဲ့ စစ်သားဆိုပြီး Character နှစ်မျိုးပါဝင်ပြီး စုစုပေါင်း Character (၁၇) ဦး ပါဝင်ပါတယ်။ ရွေးချယ်နိုင်မယ့် သပိတ်ခေါင်းဆောင် Character အနေနဲ့ Gen Z ၊ ပညာရေးဝန်ထမ်း၊ ဆရာဝန်၊ အင်ဂျင်နီယာ၊ မီးရထားဝန်ထမ်း၊ ညစောင့်၊ ကြက်ခြေနီ၊ EPC ဝန်ထမ်း၊ မီးသတ်သမား၊ သတင်းထောက်၊ ကိုတေဇာဆန်း၊ ကိုဝေမိုးနိုင်၊ မအိသဉ္ဇာမောင်၊ ကိုဝေယံထွန်း (မောင်ကုလား) နဲ့ မကြယ်စင် (Angel)  တို့ကို ရွေးချယ်နိုင်မှာဖြစ်ပါတယ်။ Character တွေကိုတော့ ဝယ်ယူစရာမလိုဘဲ သပိတ်ထွက်တဲ့ ရက်အရေအတွက်နဲ့ Character တွေပွင့်ပြီး အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

Gameplay အနေနဲ့ သပိတ်ခေါင်းဆောင်က လူတွေစုရင်းသပိတ်စစ်ကြောင်းကို ပန်းတိုင်ရောက်အောင် ချီတက် ရမှာ ဖြစ်ပါတယ်။ သတင်းပေးဒလံတွေကတော့ သပိတ်စစ်ကြောင်းကြားထဲ အတင်းဝင်ရောပြီးတော့ သတ်မှတ် ထားတဲ့ Mobility ကျအောင် ပြုလုပ်မှာဖြစ်ပါတယ်။ စစ်သားတွေအနေနဲ့ကလည်း လူအုပ်ထဲကို Tear Gas Grenade နဲ့ကျည်ဆံတွေ ပစ်ခတ်ပြီး တားဆီးမှာဖြစ်ပါတယ်။ ပန်းတိုင်မရောက်ခင် Mobility ကုန်သွားရင်တော့ သပိတ်စစ်ကြောင်းမအောင်မြင်ဘဲ ကျရှုံးသွားမှာ ဖြစ်ပါတယ်။ သပိတ်စစ်ကြောင်းထဲ ပစ်ခတ်လာတဲ့ ကျည်ဆံ တွေကို ကာကွယ်ဖို့အတွက် Barricade အမြန်ဆောက်လုပ်တဲ့ Feature လဲပါဝင်ပါသေးတယ်။ ဂိမ်းထဲက Character တွေကို Screenshot ရိုက်ပြီး Wallpaper တင်လို့ရမယ့် Photo Mode ထည့်သွင်းပေးထားပါတယ်။ 

Photo source SR Mini Facebook Page

လက်ရှိမှာတော့ Spring Revolution Mini က very early development stage ပဲရှိပါသေးတယ်။ Android နဲ့ Window အတွက်ထုတ်ပေးဖို့ စိတ်ကူးထားပြီးတော့ iOS အတွက်ကတော့ မသေချာသေးပါဘူး။ အောက်မှာ ပေးထားတဲ့လင့်ခ်ကနေ ဂိမ်းကို ဒေါင်းလုတ်ရယူနိုင်ပါတယ်။

SR Mini Facebook Page: https://www.facebook.com/srminigame/

Download Link: https://bigdaddy69dev.itch.io/spring-revolution-mini