အကြီးမားဆုံးနှင့်ကဏ္ဍအစုံမျိုးစုံပါဝင်သည့် စာအုပ်နှင့်မဂ္ဂဇင်းများကို အကန့်အသတ်မရှိ ဖတ်ရှုနိုင်မည့် Book Pack ဝန်ဆောင်မှုကို MPT မှ မိတ်ဆက်

စာဖတ်ဝါသနာအိုးများအတွက် MPT Books တွင် ဒီဂျစ်တယ်စာအုပ်များ၊ မဂ္ဂ္ဂဇင်း/ဂျာနယ်များကို လွယ်ကူစွာဖတ်ရှုနိုင်ရန် စုစည်းထားရုံသာမက မိုဘိုင်းလ်ဖုန်းများမှတစ်ဆင့် မိမိတို့နှစ်သက်ရာ စာရေးဆရာ၊ ဆရာမများ၏ စာအုပ်များနှင့်နောက်ဆုံး ထွက် မဂ္ဂဇင်းများကို ပိုမိုအဆင်ပြေချောမွေ့စွာဖြင့် ဖတ်ရှုနိုင်မည့် Book Pack ဝန်ဆောင်မှုအသစ်ကို ၂၀၁၉ ခုနှစ် သြဂုတ်လ ၉ ရက်နေ့ တွင် MPT မှ ထပ်မံထည့်သွင်းလိုက်ပြီ ဖြစ်ကြောင်း သိရသည်။
Book Pack ဝန်ဆောင်မှုကို MPT သုံးစွဲသူတိုင်းအသုံးပြုနိုင်မည်ဖြစ်ပြီး စာဖတ်ဝါသနာအိုးများအနေဖြင့် အမျိုးအစားစုံလင်လှ သည့် ဒီဂျစ်တယ်စာအုပ်နှင့်မဂ္ဂဇင်းပေါင်း တစ်ထောင်ခန့်ကို အသက်သာဆုံးနှုန်းထားများဖြစ်သည့် တစ်ရက်လျှင် ၉၉ ကျပ်၊ တစ်လလျှင် ၁၉၉၉ ကျပ်ဖြင့် စာရင်းသွင်းရယူအသုံးပြုနိုင်ပြီဖြစ်သည်။ ထို့အပြင် Book Pack တွင် ဝတ္ထုတိုများ၊ ကာတွန်းများနှင့် မဂ္ဂဇင်းများကို ဖတ်ရှုနိုင်မည် ဖြစ်သည့်အပြင် ယခင်လကထွက်ရှိခဲ့သည့် မဂ္ဂဇင်းများကိုလည်း ပြန်လည်ဖတ်ရှုနိုင်မည်ဖြစ်ကြောင်း လည်းသိရသည်။
နာမည်ကျော် စာရေးဆရာများဖြစ်ကြသည့် ချစ်ဦးညို၊ မစန္ဒာ၊ မသီတာ (စမ်းချောင်း)၊ ဦးနု၊ ဆွေမင်း(ဓနုဖြူ)၊ မင်းသိင်္ခ၊ မင်းမြတ်သူရ၊ ဒေါက်တာခင်မောင်ညို၊ ဟိန်းလတ်၊ မေတ္တာရှင်(ရွှေပြည်သာ) နှင့် အခြားစာရေးဆရာ၊ ဆရာမများ၏ စာအုပ်များ ကို ဖတ်ရှုနိုင်မည်ဖြစ်ပြီး ကလေးများအတွက် ကာတွန်းကဏ္ဍတွင် ပုတက်ကာတွန်းမှ နာမည်ကျော်ကြားသည့် ကာတွန်းစာစောင် များကိုလည်း ဖတ်ရှုနိုင်မည်ဖြစ်သည်။ မဂ္ဂဇင်းကဏ္ဍတွင် ဖက်ရှင်နှင့်နေထိုင်မှုပုံစံ၊ လျှို့ဝှက်ဆန်းကြယ်နှင့်သည်းထိတ်ရင်ဖို၊ ဖျော်ဖြေရေးနှင့်ကဏ္ဍမျိုးစုံပါဝင်သည့် မဂ္ဂဇင်းပေါင်းများစွာပါဝင်ပြီး စာဖတ်ဝါသနာအိုးများအနေဖြင့် လတ်တလောထွက်ရှိထား သည့် မဂ္ဂဇင်းများအပြင် ယခင်ထွက်ရှိထားသည့် မဂ္ဂဇင်းများ၊ စာအုပ်များကိုလည်း ပြန်လည်ဖတ်ရှုနိုင်မည်ဖြစ်ကြောင်းသိရသည်။

Photo Source – https://www.mpt.com.mm

အကောင့်တစ်ခုဖြင့် စာရင်းပေးသွင်းရယူထားသူများအနေဖြင့် ဝန်ဆောင်မှုကို မိုဘိုင်းလ်ဖုန်း၊ တက်ဘလက်၊ ကွန်ပျူတာ အစရှိသည်တို့မှ တစ်ပြိုင်နက်တည်းအသုံးပြု၍ ဝင်ရောက်ဖတ်ရှုနိုင်ပြီး iOS များ (သို့)အန်းဒရွိုက်ဖုန်းများ (သို့) web browser များမှတစ်ဆင့် အသုံးပြုနိုင်မည်ဖြစ်သည်။ ဒေါင်းလုတ်ပြုလုပ်ပြီး စာအုပ်များကိုအွန်လိုင်းဖြင့်ဖြစ်စေ အွန်လိုင်းအသုံးမပြုပဲဖြစ်စေ ဖတ်ရှုနိုင်မည်လည်းဖြစ်သည်။ ထို့အပြင် MPT Books တွင်ပါရှိသည့် စာအုပ်များ၊ မဂ္ဂဇင်းများ၊ ဂျာနယ်များကို တစ်အုပ်လျှင် ၁၀၀ ကျပ်မှ စတင်၍ ငှားရမ်းနိုင်ပြီး တစ်အုပ်လျှင် ၃၀၀ ကျပ်မှ စတင်၍ ဝယ်ယူနိုင်မည်ဖြစ်ကြောင်းလည်းသိရသည်။
Book Pack ဝန်ဆောင်မှုကိုရယူရန် နေ့စဉ်စာရင်းသွင်းဝန်ဆောင်မှုအတွက် 7272 သို့ ‘SUB’ ဟု SMS (စာတို) ပေးပို့၍ ရယူနိုင်ပြီး လစဉ်စာရင်းသွင်းဝန်ဆောင်မှုအတွက် 7272 သို့ SUB MM ဟု SMS (စာတို) ပေးပို့၍ ရယူနိုင်မည်ဖြစ်သည်။ Journal Pack ဝန်ဆောင်မှုကိုရယူရန် နေ့စဉ်စာရင်းသွင်း ဝန်ဆောင်မှုအတွက် 7272 သို့ ON ဟု SMS (စာတို) ပေးပို့၍ရယူနိုင်ပြီး လစဉ်စာရင်းသွင်းဝန်ဆောင်မှုအတွက် 7272 သို့ SUB JM ဟု SMS (စာတို) ပေးပို့၍ ရယူနိုင်မည်ဖြစ်သည်။ *7272# သို့ခေါ်ဆို၍ ဒေါင်းလုတ်လင့်ခ်မှတစ်ဆင့် MPT Books အက်ပလီကေးရှင်းကို ရယူနိုင်မည် ဖြစ်သည်။
“MPT အနေနဲ့ အခြေခံအဆောက်အအုံပိုင်းဖွံ့ဖြိုးတိုးတက်ရေးကိုပဲ အာရုံစိုက်လုပ်ဆောင်နေတာ မဟုတ်ပါဘူး။ မြန်မာပြည်သူ တွေရဲ့ဘဝမှာအသိပညာပိုင်း၊ ယဉ်ကျေးမှုအပိုင်း၊ စီးပွားရေးအပိုင်းစတဲ့ကဏ္ဍစုံ ဖွံ့ဖြိုးတိုးတက်ရေးတွေအတွက်ပါ ဆောင်ရွက် နေတာဖြစ်ပါတယ်။ MPT Books ဝန်ဆောင်မှုဟာဆိုရင်လည်း စာဖတ်ဝါသနာအိုးတွေအတွက် အသက်အရွယ်မရွေး၊ မိမိနှစ် သက်ရာ စာပေတွေကိုဖတ်ရှုနိုင်မယ်၊ စီးပွားရေးဆိုင်ရာအတတ်ပညာနဲ့ ကျွမ်းကျင်မှုတွေကိုလေ့လာနိုင်မယ်၊ မိမိရဲ့အသိပညာ ဗဟုသုတတွေကို တိုးတက်အောင်လုပ်နိုင်မယ်ဆိုတဲ့ အခွင့်အလမ်းကိုပေးအပ်ထားတာဖြစ်ပါတယ်။ ဘယ်အသက်အရွယ်ပဲ ဖြစ်ဖြစ်၊ အသိပညာဗဟုသုတတွေကို MPT ရဲ့နည်းပညာကို အသုံးပြုပြီးရှာဖွေနိုင်တော့မှာပါ။ ဒီဝန်ဆောင်မှုကနေတစ်ဆင့် ရရှိ လာမယ့် အကျိုးကျေးဇူးအသီးအပွင့်တွေကို မြန်မာပြည်သူပြည်သားတွေ ပိုပိုရလာပြီး၊ မြန်မာနိုင်ငံကိုရှေ့သို့တက်လှမ်းနိုင် အောင်ဆောင်ရွက်ရာမှာ အတူတကွ ပါဝင်ဆောင်ရွက်နိုင်လာကြလိမ့်မယ်လို့ မျှော်လင့်ထားပါတယ်”ဟု MPT-KSGM Joint Operations မှ Chief Commercial Officer ဖြစ်သူ Mr. Reizo Umeda မှ ပြောကြားသည်။
MPT ၏ ထုတ်ကုန်များနှင့်ဝန်ဆောင်မှုများအတွက် ပိုမိုသိရှိလိုပါက ဖုန်းနံပါတ် ၁၀၆ သို့ ဖုန်းခေါ်ဆို၍သော်လည်ကောင်း၊ MPT ၏ တရားဝင် facebook ဖြစ်သည့် https://www.facebook.com/mptofficialpage/ ၊ MPT ၏ တရားဝင် ဝက်ဘ်ဆိုက် ဖြစ်သည့် https://www.mpt.com.mm ၊ MPT Books ၏ တရားဝင်ဝက်ဘ်ဆိုက်ဖြစ်သည့် https://www.books.mpt.com.mm သို့လည်း ကောင်း ဝင်ရောက်ကြည့်ရှုနိုင်သည်။