MPT မှ အရည်အသွေးမြင့်ဂိမ်းများကို အချိန်မရွေးစိတ်ကြိုက်ကစားနိုင်သည့် ရှယ်ဂိမ်း (Shal Game) ပေါ်တယ်ဝန်ဆောင်မှုစတင်မိတ်ဆက်

မြန်မာနိုင်ငံ၏ အော်ပရေတာတစ်ခုဖြစ်သည့် MPT က မြန်မာနိုင်ငံမှ ဂိမ်းချစ်သူများကို အံ့အားသင့်သွားစေမည့် HTML 5 (web portal ကို အခြေခံထားပြီး) အသုံးပြုထားသည့် အရည်အသွေးမြင့် အွန်လိုင်းဂိမ်းများကို တစ်နေရာထဲတွင် အသုံးပြ နိုင်မည့် ရှယ်ဂိမ်း (Shal Game) ပေါ်တယ်ဝန်ဆောင်မှုကို စတင်မိတ်ဆက်ပေးလိုက်ပြီဖြစ်ကြောင်း သိရသည်။
အဆိုပါဝန်ဆောင်မှုကို MPT နှင့် eTrade Myanmar Co., Ltd မှ နိုင်ငံတကာ မိုဘိုင်းလ်ဂိမ်းတီထွင်ဖန်တီးသော ပညာရှင် များနှင့် အကျိုးတူ ပူးပေါင်းစီစဉ်ဖန်တီးထားခြင်းဖြစ်ကြောင်းလည်းသိရသည်။ ရှယ်ဂိမ်း (Shal Game) ပေါ်တယ်ဝန်ဆောင် မှုတွင် HTML 5 (web portal ကို အခြေခံထားပြီး) အသုံးပြုထားသည့် အရည်အသွေးမြင့် ဂိမ်းပေါင်း (၃၀၀) ကျော်ပါရှိသည့်အပြင် စိတ်ဝင်စားဖွယ်ရာဂိမ်းအသစ်ပေါင်း များစွာကိုလည်း လစဉ်ပုံမှန် ထည့်သွင်းပေးသွားမည်ဖြစ်သည်။

Photo Source – https://www.facebook.com/mptofficialpage/
မိုဘိုင်းလ်ဂိမ်းချစ်သူများအနေဖြင့် နာမည်ကျော်ကြားသော ပဟေဠိဉာဏ်စမ်းဂိမ်းများ၊ အားကစား၊ စွန့်စားမှုနှင့်အက်ရှင်ဂိမ်း များ အစရှိသည့် အရည်အသွေးမြင့် ဂိမ်းကစားနည်းပေါင်း များစွာကို ရင်ခုန်စိတ်လှုပ်ရှားစွာဖြင့် ကစားနိုင်မည်ဖြစ်သည်။ MPT သုံးစွဲသူများအနေဖြင့် ရှယ်ဂိမ်း (Shal Game) ပေါ်တယ် ဝန်ဆောင်မှုကို တစ်ရက်လျှင် ၁၄၉ ကျပ်နှုန်းဖြင့် အလွယ်တကူရယူအသုံးပြုနိုင်မည်ဖြစ်ပြီး၎င်းဝန်ဆောင်မှုကိုhttps://www.shalgame.com (သို့) https://lotaya.mpt.com.mm/landing/shal_game တွင်လည်း ရယူအသုံးပြုနိုင်မည်ဖြစ်သည်။ ထိုနည်းတူ 8636 သို့ “ON” ဟု စာတို (SMS) ပေးပို့၍လည်း ၎င်းဝန်ဆောင်မှုကို ရယူနိုင်မည်ဖြစ်သည်။
“ကျွန်တော်တို့အနေနဲ့ ပြည်သူတွေရဲ့ဒီဂျစ်တယ် မိုဘိုင်းလ်အတွေ့အကြုံတွေကို ပိုမိုပြီးပြည့်စုံစေဖို့ ဆောင်ရွက်ရမည့် ကိစ္စဟာ ကျွန်တော်တို့ရဲ့ နေ့စဉ်လုပ်ငန်းလည်ပတ်ဆောင်ရွက်မှုအတွက် အထူးအရေးကြီးကိစ္စ ဖြစ်တယ်လို့ ယုံကြည်တာ ကြောင့် တန်ဖိုးထားလေးစားရတဲ့ ကျွန်တော်တို့ရဲ့ သုံးစွဲသူတွေအတွက် MPT ရဲ့ ဖျော်ဖြေရေးဆိုင်ရာ ဝန်ဆောင်မှု အသစ်တစ်ခုအနေနဲ့ ရှယ်ဂိမ်း (Shal Game) ပေါ်တယ်ဝန်ဆောင်မှုကို ဖန်တီးယူဆောင်ပေးနိုင်တဲ့အပေါ် အထူးပင် ဂုဏ်ယူဝမ်းမြောက်မိပါတယ်။ မိုဘိုင်းလ်ဂိမ်း ချစ်သူတွေအတွက် အကောင်းဆုံးသောဂိမ်းဆော့ကစားခြင်း အတွေ့အကြုံ တွေကို ဖုန်းအမျိုးအစားမျိုးစုံပေါ်မှာ ရရှိနိုင်ဖို့အတွက် Cross-Platform HTML 5 (web portal ကို အခြေခံထားပြီး) နည်းပညာကို အသုံးပြုဖန်တီးထားတာဖြစ်ပါတယ်။ မြန်မာနိုင်ငံရှိ ဂိမ်းအသိုင်းအဝိုင်းတစ်ခုလုံးကို အံ့အားသင့်သွားစေမယ့် ဝန်ဆောင်မှုတွေကိုလည်း မကြာခင် အနာဂတ်မှာ ယူဆောင်လာပေးဖို့ ရှိနေပါတယ်။” ဟု MPT-KSGM Joint Operations ၏ Chief Commercial Offier ဖြစ်သူ Mr. Reizo Umeda မှ ပြောကြားသည်။

Photo Source – https://www.facebook.com/mptofficialpage/

MPT အနေဖြင့် မကြာသေးခင်ကာလက အရည်အသွေးမြင့် App Touch ဝန်ဆောင်မှုကို မိတ်ဆက်ထားပြီး အဆိုပါဝန် ဆောင်မှုတွင်လည်း Android မိုဘိုင်းလ်ဖုန်းများအတွက် လိုင်စင်ရယူထားပြီးဖြစ်သည့် ဒေါင်းလုတ်ယူနိုင်သော အရည်အသွေးမြင့်နာမည်ကျော် ဂိမ်းအစီအစဉ်များကို ထည့်သွင်းပေးထားသဖြင့် MPT သုံးစွဲသူများအနေဖြင့် Action ၊ Casual and Puzzle ၊ Chess and Cards ၊ Music ၊ Racing ၊ Role Playing ၊ Sports နှင့် Strategy ဂိမ်းများပါ ဝင်သည့် Android ဂိမ်းပေါင်း ၂,၀၀၀ ကျော်ကို ကစားနိုင်မည် ဖြစ်သည်။
MPT သုံးစွဲသူများအနေဖြင့် AppTouch ဝန်ဆောင်မှုကို ၎င်း၏ ဝက်ဘ်ဆိုက် ဖြစ်သည့် (http://apptouch.vip) မှ လည်းကောင်း ၊ http://apptouch.vip ၏ အောက်ခြေတွင်ပြထားသည့် AppTouch application ခလုတ်ကိုနှိပ်ပြီး အက်ပလီကေးရှင်းကို ဒေါင်းလုတ်ရယူကာ မိုဘိုင်းလ်ဖုန်းမျက်နှာပြင်တွင် ပေါ်လာသည့် ညွှန်ကြားချက်များအတိုင်း ဆောင် ရွက်ခြင်း ဖြင့်လည်းကောင်း၊ လိုတရဝက်ဘ်ပေါ်တယ် https://lotaya.mpt.com.mm/event/228 မှတစ်ဆင့် ရယူနိုင် ကြောင်းလည်းသိရသည်။
MPT ၏ ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများနှင့် ပတ်သက်၍ ပိုမိုသိရှိလိုပါက ဖုန်းနံပါတ် ၁၀၆ သို့ ဖုန်းခေါ်ဆို၍ သော်လည်ကောင်း၊ MPT ၏ တရားဝင် ဝက်ဘ်ဆိုက်ဖြစ်သည့် https://www.mpt.com.mm ၊ MPT ၏ တရားဝင် facebook ဖြစ်သည့် https://www.facebook.com/mptofficialpage/ သို့ ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။