အင်္ဂလိပ်ပရီးမီးယားလိဂ်ပွဲစဉ်များကို တိုက်ရိုက်ကြည့်ရှုနိုင်ရေး MPT မှ SkyNet ပူူးပေါင်းဆောင်ရွက်

မြန်မာနိုင်ငံ၏ ဆက်သွယ်ရေးအော်ပရေတာတစ်ခုဖြစ်သည့် MPT သည် မြန်မာနိုင်ငံရှိ ဘောလုံးချစ်သူ ပရိသတ်များအတွက် အထူးအခွင့်အရေး တစ်ရပ်အနေဖြင့် အင်္ဂလိပ်ပရီးမီးယားလိဂ်ပွဲစဉ်များကို မိုဘိုင်းလ်ဖုန်းပေါ်မှ နေရာမရွေး စိတ်လှုပ်ရှား ရင်ခုန်ပျော်ရွှင်စွာ တိုက်ရိုက်ကြည့်ရှုခံစားနိုင်ရန်အတွက် SkyNet နှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

Photo Source – https://www.mpt.com.mm

အင်္ဂလိပ်ပရီးမီးယားလိဂ် (EPL) ဘောလုံးပြိုင်ပွဲသည် ကမ္ဘာပေါ်ရှိ ဘောလုံးကလပ်အသင်းပြိုင်ပွဲများတွင် အသင်းအစုံလင်ဆုံး နှင့်ယှဉ်ပြိုင်မှုအပြင်းထန်ဆုံးဘောလုံး ပြိုင်ပွဲတစ်ခုဖြစ်ပြီး မြန်မာနိုင်ငံရှိ ဘောလုံးပရိသတ်အားလုံးလိုလိုပင် အင်္ဂလိပ်ဘောလုံး ကလပ်အသင်းများထဲမှ အနည်းဆုံးတစ်သင်းကို အားပေးလေ့ရှိကြသဖြင့် MPT မှ ဘောလုံးအားကစားအပေါ် ထားရှိသည့် ဝါသနာနှင့် စိတ်ခွန်အားတို့ကို အားပေးသည့်အနေဖြင့် SkyNet နှင့်အတူတကွပူးပေါင်းပြီး တစ်မူထူးခြားသည့် မိုဘိုင်းလ် ဝန်ဆောင်မှုအသစ်ကို ပေးအပ်လိုက်ခြင်းဖြစ်ကြောင်းလည်းသိရသည်။
“MPT အနေနဲ့ မိမိတို့တန်ဖိုးထားရတဲ့ သုံးစွဲသူတွေကိုဆန်းသစ်တီထွင်မှုရှိပြီး ပိုမိုကောင်းမွန်တဲ့ ဝန်ဆောင်မှုတွေကို ပေးစွမ်း နိုင်ဖို့အမြဲကြိုးစားနေပါတယ်။ ဘောလုံးအားကစားဟာ ကျွန်တော်တို့ MPT သုံးစွဲသူတွေရဲ့ဘဝမှာ အရေးပါတဲ့ အစိတ်အပိုင်း တစ်ခုဖြစ်တယ်။ ဒါကြောင့်လည်း ကျွန်တော်တို့ဟာ မြန်မာနိုင်ငံတစ်ဝှမ်းက အင်္ဂလိပ်ပရီးမီးယားလိဂ် ပရိသတ်တွေရဲ့ လိုအင်ဆန္ဒကို ဖြည့်ဆည်းနိုင်ဖို့ အခုလို SkyNet နဲ့အတူ ပူးပေါင်းဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။ ဒီပွဲစဉ်တွေရဲ့ စိတ်လှုပ် ရှားအံ့သြဖွယ်ရာ ခံစားမှုတွေကို ကျွန်တော်တို့ MPT သုံးစွဲသူတွေကို မကြာခင်မှာ ဝေမျှပေးနိုင်တော့မယ်လို့ ယုံကြည်ပါတယ်” ဟု MPT-KSGM Joint Operations ၏ စီးပွားရေးဌာနကြီးမှ အရာရှိချုပ်ဖြစ်သူ Mr.Reizo Umeda မှပြောကြားသည်။

Photo Source – https://www.facebook.com/mptofficialpage/

အဆိုပါဝန်ဆောင်မှုများနှင့်ပတ်သက်သည့်အသေးစိတ်အချက်အလက်များကိုလည်း မကြာမီအချိန်တွင် ထုတ်ပြန်ကြေညာ ပေးသွားမည်ဖြစ်ကြောင်းလည်းသိရသည်။
“SkyNet ကနေ တိုက်ရိုက်ထုတ်လွှင့်ပြသမယ့် အင်္ဂလိပ်ပရီးမီးယားလိဂ်ပွဲစဉ် ၂၀၁၉-၂၀၂၀ ရာသီသစ်အတွက် MPT က Telecom Partner အဖြစ်ပါဝင်လာတာကို ကျွန်တော်တို့ SkyNet အနေနဲ့ ဂုဏ်ယူဝမ်းမြောက်စွာ ကြိုဆိုလိုက်ရပါတယ်။ SkyNet က မြန်မာနိုင်ငံမှာ အင်္ဂလိပ်ပရီးမီးယားလိဂ်ပွဲစဉ်တွေအားလုံး တိုက်ရိုက်ပြသခွင့်ရှိတဲ့ ရုပ်သံလိုင်းတစ်ခု ဖြစ်ပါတယ်။ ကျွန်တော်တို့ကလည်း စိတ်ဝင်စားစရာကောင်းတဲ့ ဒီလိုပြိုင်ပွဲတွေအတွက် MPT နဲ့အတူ စိတ်အားထက်သန်နေပါတယ်။ ဒါကြောင့်ပဲ ကျွန်တော်တို့က မြန်မာနိုင်ငံရဲ့ဦးဆောင်ဆက်သွယ်ရေး အော်ပရေတာနဲ့အတူ ပူးပေါင်းဆောင်ရွက်ဖို့ ဆုံးဖြတ်ခဲ့ တာပါ။ ကျွန်တော်တို့ရဲ့ ပူးပေါင်းအားထုတ်မှုကို မြန်မာနိုင်ငံက ဘောလုံးချစ်သူပရိသတ်တွေက အသိအမှတ်ပြုကြိုဆို မယ်လို့ ယုံကြည်ပါတယ်။”ဟု ရွှေသံလွင်မီဒီယာကုမ္ပဏီလီမိတက်၏ မန်နေဂျင်းဒါရိုက်တာဖြစ်သူ ဦးမင်းမင်းမှပြောကြား သည်။
SkyNet သည် ရုပ်ရှင်ဇာတ်ကားများ၊ ကလေးများအတွက် အစီအစဉ်များ၊ အသိပညာဗဟုသုတ၊ ဘဝနေထိုင်မှုပုံစံ၊ သတင်း များ၊ဖျော်ဖြေရေး၊ တေးဂီတ၊ အားကစား နှင့် ပြည်တွင်းရေးရာအစီအစဉ်များ စသည့်အမျိုးမျိုးသော ရုပ်သံအစီအစဉ်များကို ချယ်နယ်ပေါင်း (၁၀၀) ကျော် ဖြင့်တင်ဆက်နေသော မြန်မာနိုင်ငံ၏ ဦးဆောင် အခပေးရုပ်မြင်သံကြားကွန်ရက်တစ်ခုလည်း ဖြစ်သည်။ ၂၀၁၀ ပြည့်နှစ်၊ နိုဝင်ဘာလတွင် စတင်ထုတ်လွှင့်ခဲ့သော SkyNet အမှတ်တံဆိပ်သည် ရွှေသံလွင်မီဒီယာ ကုမ္ပဏီလီမိတက်က ပိုင်ဆိုင်သော DTH စနစ် ရုပ်မြင်သံကြား ဝန်ဆောင်မှုပေးသည့်လုပ်ငန်းလည်းဖြစ်သည်။
MPT ၏ ထုတ်ကုန်များနှင့်ဝန်ဆောင်မှုများအတွက် ပိုမိုသိရှိလိုပါက ဖုန်းနံပါတ် ၁၀၆ သို့ ဖုန်းခေါ်ဆို၍ဖြစ်စေ အောက်ပါ Link များတွင်လည်း ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
https://www.facebook.com/mptofficialpage/
https://www.mpt.com.mm