နည်းပညာပိုင်းဆိုင်ရာများ၊ စက်ရုပ်ပြိုင်ပွဲများပါဝင်သော MakerFest 2020 ကျင်းပမည်

နည်းပညာပိုင်းဆိုင်ရာများ၊ စက်ရုပ်ပြိုင်ပွဲများအပါအဝင် အခြားသောကဏ္ဍများစွာပါဝင်သည့် MakerFest 2020 ကို ဇန်နဝါရီလ ၂၄ ၊ ၂၅ ရက်နေ့များတွင် ရန်ကုန်မြို့တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ဖေဖော်ဝါရီ ၈ ရက်နေ့တွင် မန္တလေးမြို့ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်းလည်းသိရသည်။
MakerFest ကို ဇန်နဝါရီလ ၂၄၊ ၂၅ ရက်များတွင် နံနက် ၉းဝ၀ မှ ညနေ ၄ နာရီထိ အမေရိကန်စင်တာ တက္ကသိုလ်ရိပ်သာလမ်းနှင့်အင်းယားလမ်းထောင့်၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့တွင်ကျင်းပသွားမည့်ဖြစ်ပြီး မန္တလေးတွင် ဖေဖော်ဝါရီလ ၈ ရက်(စနေနေ့) တွင် နံနက် ၉းဝ၀ မှ ညနေ ၄ နာရီထိ ဂျက်ဖာဆင်စင်တာ၊ ၂၆ လမ်းနှင့် ၇၁ လမ်းထောင့်၊ ချမ်းအေးသာစံမြို့နယ်၊ မန္တလေးမြို့တွင်ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။

Photo Source – https://www.facebook.com/mf.myanmar/

အဆိုပါပွဲတော်တွင် Virtual Reality(VR), 3D Printing, Robotics, Artificial Intelligence, Programming, Electronics, Crafts နှင့်အခြားသောစိတ်ဝင်စားဖွယ် နည်းပညာဆိုင်ရာ Project များကို အခမဲ့ဝင်ရောက်လေ့လာနိုင်မည်လည်းဖြစ်သည်။
MakerFest ဆိုသည့်အတိုင်း အလန်းစားစိတ်ကူးများနှင့် တီထွင်ဖန်တီးမှုများကို ရှုစားရမည့်ပွဲတော်တစ်ခုဖြစ်ကာ နည်းပညာသမားများ၊ လက်မှုပညာရှင်များ၊ စက်ပစ္စည်းကိုင်တွယ်ရသည်ကိုဝါသနာပါသူများ၊ အင်ဂျင်နီယာများ၊ အနုပညာ ရှင်များနှင့် မြန်မာတစ်ပြည်လုံးမှ ကျောင်းသားများပါဝင်ကာ အိုင်ဒီယာတွေ၊ အတွေ့အကြုံတွေဖလှယ်နိုင်ကြသည့် နေရာတစ်ခုလည်းဖြစ်သည်။
အဆိုပါပွဲတော်တွင် ပရောဂျက်ပြခန်းများ၊ ပြိုင်ပွဲအစီအစဉ်တွေနှင့်ကိုယ်တိုင်ပါဝင်လေ့လာဆွေးနွေးနိုင်သည့် (Workshop) များကိုလည်းထည့်သွင်းထားကြောင်းသိရသည်။ Workshop များကိုလည်း အခမဲ့တက်ရောက်နိုင်မည်ဖြစ်ပြီး သုံးဖက်မြင် ပရင့်ထုတ်တာများ(3-D printing)၊ ကွန်ပျူတာ၊ ဖုန်း ပရိုဂရမ်ရေးသားမှုများ ယနေ့ခေတ် ၂၁ ရာစုတွင် မသိမဖြစ် သိထားရမယ့် ဗဟုသုတအသစ်အဆန်းများအကြောင်း ပို့ချပေးသွားမည်လည်းဖြစ်သည်။
လူငယ်တွေကိုယ်တိုင်ပြုလုပ်ထားသည့် စက်ရုပ်များ ပရောဂျက်များ၊ ရိုးရာလက်မှုပညာကို ဆန်းသစ်ထားသည့် အနုပညာပြ ကွက်များ၊ မိမိအိမ်တွင် ကိုယ်တိုင်လုပ်ကြည့်နိုင်သည့် တစ်နိုင်တစ်ပိုင် ပစ္စည်းလေးများ၊ အွန်လိုင်းပေါ်မှာသာမြင်ဖူးပြီး အပြင် တွင် မတွေ့ဖူးသေးသည့် ဆန်းဆန်းပြားပြားပစ္စည်းများကို မြင်တွေ့ရနိုင်မည်လည်းဖြစ်သည်။ စက်ရုပ်ပြိုင်ပွဲ ပါဝင်သည့် အတွက် မိမိသဘောကျတဲ့ အဖွဲ့ကိုအားပေးနိုင်သည့်အပြင် ကိုယ်တိုင်လည်း ဝင်ရောက်ယှဉ်ပြိုင်နိုင်မည်လည်းဖြစ်သည်။

Photo Source – https://www.facebook.com/mf.myanmar/

MakerFest Workshop အစီအစဉ်များထဲတွင် Micro:bit workshop လည်းတစ်ခုအပါအဝင်လည်းဖြစ်သည်။ Micro:bit သည် maker များ၊ ကျောင်းသားလူငယ်လေးများအတွက် တီထွင်ထားသည့် ကွန်ပြူတာအသေးစားတစ်ခုဖြစ်ပြီး ကွန်ပြူတာ ပရိုဂရမ်များအကြောင်းဖန်တီးထားခြင်းလည်းဖြစ်သည်။ လွယ်ကူပြီး သက်တောင့်သက်သာလေ့လာနိုင်စေရန် ဖန်တီးထား ခြင်းဖြစ်ပြီး အလွယ်တကူအသုံးချနိုင်သည့်အတွက် ကမ္ဘာအရပ်ရပ်မှ ကျောင်းနှင့်တက္ကသိုလ်များမှာ အသုံးပြုနေသည့် အရာတစ်ခုလည်းဖြစ်ကြောင်းသိရသည်။ အဆိုပါ Micro:bit ကို အသုံးချပြီး ကွန်ပြူတာ ပရိုဂရမ်တွေဘယ်လိုရေးဆွဲခြင်း များကို လေ့လာနိုင်သလို၊ Mcro:bit အသုံးချပြီးဖန်တီးမှုများကို လက်တွေ့စမ်းသပ်နိုင်မည်လည်းဖြစ်သည်။ အသက် ၁၃ နှစ်နှင့် အထက်သာတက်ရောက်နိုင်မည်ဖြစ်ပြီး လူဦးရေကန့်သတ်ထားကြောင်းလည်းသိရသည်။
MakerFest အား U.S. Embassy Rangoon မှ ၂၀၁၅ မှ စတင်ကာ စီစဉ်ကျင်းပလာခဲ့ခြင်းလည်းဖြစ်သည်။ အဆိုပါပွဲကို တက်ရောက်လိုသူများအနေဖြင့်လည်း ဓာတ်ပုံပါကတ်ပြားတစ်ခု ယူဆောင်လာရန်လိုအပ်မည်ဖြစ်ပြီး စမတ်ဖုန်းနှင့်တက်ပ် လက်များ ယူဆောင်လာခွင့်ပြုထားသည်။ လက်ပ်တော့ကွန်ပျူတာ၊ ကင်မရာ၊ သံသတ္တုများနှင့်ပြုလုပ်ထားသည့် အခြား ပစ္စည်းကိရိယာများကို ယူဆောင်ခွင့်မပြုထားကြောင်းသိရသည်။
အောက်ပါ Link များမှဝင်ရောက်လေ့လာနိုင်ပါသည်။
https://www.makerfestmm.com/
https://www.facebook.com/mf.myanmar/