HUAWEI Mate 30 Pro ဖြင့် ရိုက်ကူးထားသည့် ဇာတ်လမ်းတို (Short Film) Red Carpet Show ကျင်းပ

Huawei Mate 30 Pro ဖြင့် ရိုက်ကူးထားသည့် ဇတ်လမ်းတို (Short Film) Red Carpet Show ကို ၂၀၂၀ ခုနှစ် ဇန်နဝါရီလ ၁၉ ရက်နေ့တွင် ရန်ကုန်မြို့ JCG (Kan Thar Yar)တွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
HUAWEI Film Awards ၏ Red Carpet ပွဲတွင် HUAWEI Mate 30 Pro စမတ်ဖုန်းဖြင့် ရိုက်ကူးထားသည့် ဇာတ်လမ်းတို (Short Film) နှစ်ကားအားပြသခဲ့ပြီး ပထမဇာတ်ကားသည် ဒုတိယကမ္ဘာစစ် (ဂျပန်ခေတ်ကာလ) ကို အခြေခံ ရိုက်ကူးထားသည့် “Unbreakable Bond” ဟု အမည်ပေးထားကာ Short Film ဖြစ်ပြီး ဒါရိုက်တာ အာကာ (Ar Kar Production) မှ ပုံဖော်ဖန်တီးထားခြင်းလည်းဖြစ်သည်။
ဒုတိယ Short Film အား ဒါရိုက်တာ Wayne က စိတ်ကူးပုံဖော် ရိုက်ကူးထားပြီး “Relive” ဟု အမည်ပေးထားပြီး ဇာတ်ကားတွင် လူတစ်ဦး၏ ပြောင်းလဲသွားသော နေထိုင်မှုဘဝ ပုံစံအကြောင်းများ၊ အခက်အခဲများကျော်ဖြတ်ရပုံနှင့် ဘဝ အဓိပ္ပာယ်ကို နားလည်သဘောပေါက် နိုင်စေရန် ရသအမျိုးမျိုးဖြင့် ခံစားကြည့်ရှု နိုင်ရန် ပုံဖော်ရိုက်ကူးထားကြောင်းလည်း သိရသည်။

Photo Source – https://consumer.huawei.com/my/campaign/film-awards/

အဆိုပါ HUAWEI Film Awards Red Carpet အခမ်းအနားသို့ Huawei မှ တာဝန်ရှိသူများ၊ အထူးဖိတ်ကြားထားသူများ၊ ဒါရိုက်တာ အာကာ၊ ဒါရိုက်တာ Wayne၊ ရဲနောင်၊ အောင်ရဲထိုက်၊ Bella၊ သီရိစိုး စသည့် အနုညာရှင်များ၊ HUAWEI Film Awards ၌ ပါဝင် ယှဉ်ပြိုင်လိုသူများ၊ စိတ်ပါဝင်စားကြသူများနှင့် သတင်းမီဒီယာများတက်ရောက်ခဲ့ကြသည်။
ဇာတ်လမ်းတို ဖန်တီးပုံဖော်သူ ဒါရိုက်တာများနှင့် ပါဝင်ခဲ့သည့် သရုပ်ဆောင်များက HUAWEI Mate 30 Pro စမတ်ဖုန်း ဖြင့် ဇာတ်လမ်းတိုများ ဖန်းတီးရိုက်ကူးခဲ့သည့် အတွေ့အကြုံများအကြောင်းကို မျှ‌ဝေဆွေးနွေးသည့် Huawei Film Workshop ကို ကျင်းပခဲ့ပြီး တက်ရောက်လာသည့် ဧည့်သည်များက HUAWEI Mate30 Pro ကို အသုံးပြုပြီး အဆင့်မြင့် ရုပ်ရှင်၊ ဗီဒီယို ရိုက်ကူးမှုပညာရပ်များအား လေ့လာနိုင်ခဲ့ကြသည်။
“မိုဘိုင်းလ်ဖုန်းတွေက အရည်အသွေးမြင့် ဓာတ်ပုံ၊ ဗီဒီယိုတွေကို ဖန်တီးလာနိုင်တယ်ဆိုတာ တကယ့်ကို နည်းပညာ တိုးတက်မှုတွေဆီကနေ ရရှိလာတဲ့ အသီးအပွင့်တွေပါပဲ။ ကျွန်တော်ကိုယ်တိုင် စမ်းသပ်ရိုက်ကူးဖန်တီးပြီးတဲ့နောက်မှာ မယုံကြည်နိုင်လောက်အောင်ကောင်းမွန်တဲ့ ရလဒ်ကို ရရှိခဲ့ပါတယ်။ ပရိသတ်တွေကော ပြိုင်ပွဲကိုစိတ်ပါဝင်စားသူတွေပါ ကြည့်ရှုခံစားနိုင်စေဖို့ ကျွန်တော် HUAWEI Mate 30 Pro နဲ့ ရိုက်ကူးထားတဲ့ Short Film ကို အခုလိုမျိုး ပါဝင်ပြသခဲ့တာ ဖြစ်ပါတယ်” ဟု Huawei Film Awards တွင် အကဲဖြတ်ဒိုင်အဖြစ် ပါဝင်မည့် ဒါရိုက်တာအာကာ (Arkar Production) က ပြောကြားသည်။

Photo Source – https://consumer.huawei.com/my/campaign/film-awards/

“ကျွန်မတို့ Huawei ကနေ မိုဘိုင်းလ်ဖုန်းနဲ့ ဓာတ်ပုံ၊ ဗီဒီယို ရိုက်ကူးမှုပညာရပ်ကို စိတ်ပါဝင်စားသူတွေ အတွက် ဗဟုသုတ အတွေ့အကြုံတွေ ‌ဝေမျှပေးနိုင်စေဖို့ Mobile Photography Workshop တွေကို အဆက်မပြတ် ပြုလုပ်ခဲ့ပါတယ်။ အခုဆိုရင် နောက်ဆုံးပေါ် HUAWEI Mate 30 Pro စမတ်ဖုန်းနဲ့ ရိုက်ကူးထားတဲ့ ဗီဒီယို၊ ဇာတ်လမ်းတွေနဲ့ ဝင်ရောက်ယှဉ်ပြိုင်နိုင်တဲ့ Huawei Film Awards ကို ပေးအပ်သွားဖို့ စီစဉ်ထားပါတယ်။ အခုလိုမျိုး HUAWEI Mate 30 Pro ကိုသုံးပြီး အဆင့်မြင့်မားစွာ ဖန်တီးရိုက်ကူးထားတဲ့ Short Film တွေကို ရုပ်ရှင်ပိတ်ကားထက်မှာ တင်ဆက်ပြသ နိုင်ခဲ့တဲ့အတွက် အထူးဝမ်းသာဂုဏ်ယူမိပါတယ်” ဟု Huawei Consumer Business Group ၏ Marketing Director တစ်ဦးဖြစ်သည့် မခင်ရတနာဝင်းက ပြောကြားခဲ့သည်။

Photo Source – https://www.facebook.com/huaweitechmm/

HUAWEI Mate 30 Pro စမတ်ဖုန်းကို ပြီးခဲ့သည့် နိုဝင်ဘာလအတွင်းက မြန်မာနိုင်ငံဈေးကွက်တွင် မိတ်ဆက်ပေးခဲ့ခြင်း လည်းဖြစ်သည်။
Huawei အနေနှင့် Short Film Production ပိုင်းကို စိတ်အားထက်သန်သော စိတ်ဝင်စားသူများအတွက် Asia Pacific ဒေသတွင်းပြိုင်ပွဲကို ကျင်းပပေးသွားမည်ဖြစ်ပြီး HUAWEI Film Awards ပြိုင်ပွဲကို ပထမဦးဆုံးအကြိမ် ကျင်းပပြုလုပ်ခဲ့ပြီး လက်ရှိအချိန်တွင် ဒေသတွင်းနိုင်ငံများမှ စိတ်ပါဝင်စားသူများအနေနှင့် Huawei စမတ်ဖုန်းများဖြင့် ရိုက်ကူးဖန်တီးထားသော ရုပ်ရှင်များဖြင့် ပြိုင်ပွဲဝင်နိုင်မည်ဖြစ်သည်။ ဒေသတွင်း ထိုင်း၊မြန်မာ၊မလေးရှား၊ဖိလစ်ပိုင်၊ ဗီယက်နမ် အစရှိသည့် ဒေသတွင်းမှ ရွက်ပုန်းသီးလူငယ်များကို အနုပညာလောကတွင် မြေတောင်မြှောက်ပေးနိုင်ရန် ရည်ရွယ်ချက်ဖြင့် ကျင်းပခြင်းဖြစ်ကြောင်း လည်းသိရသည်။
ဒေသတွင်း HUAWEI Film Awards (HFA) ပြိုင်ပွဲသို့ မည်သည့် Huawei ဖုန်းဖြင့်မဆို ရိုက်ကူးထားသော စည်းမျဉ်း စည်းကမ်းများနှင့် ညီညွတ်သည့် Short Film များကို ဖေဖော်ဝါရီလ ၂၅ ရက်နေ့မတိုင်မီ ပေးပို့ယှဉ်ပြိုင်နိုင်မည်ဖြစ်ပါသည်။ ဒေသတွင်းပြိုင်ပွဲအကြောင်းနှင့် စည်းမျဉ်းစည်းကမ်းများကို အောက်ပါ Link တွင် ဝင် ရောက်လေ့လာနိုင်ကြောင်းသိရသည်။
https://consumer.huawei.com/my/campaign/film-awards/