MPT ၏ ဆုတွေထူးရှယ် 2020 ကံစမ်းမဲအစီအစဉ်မှ TOYOTA Rush ကားသစ်နှစ်စီးကို ရန်ကုန်နှင့်မန္တလေးမြို့မှဆွတ်ခူး

MPT ၏ ဆုတွေထူးရှယ် 2020 ကံစမ်းမဲအစီအစဉ်မှ အထူးဆုအနေဖြင့် TOYOTA Rush ကားသစ်နှစ်စီးကို ၂၀၂၀ ခုနှစ် ဇန်နဝါရီ ၂၃ ရက်နေ့ တွင်ရွေးချယ်ခဲ့ရာ ရန်ကုန်မြို့တွင်နေထိုင်သူတစ်ဦးနှင့်မန္တလေးမြို့တွင်နေထိုင်သူတစ်ဦးတို့မှ ဆွတ်ခူးရရှိသွားကြောင်းသိရသည်။ နောက်ကျရှိသည့် ကံစမ်းမဲများကို ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလ ၂၄ ရက်နေ့မှ ၂၉ ရက်နေ့များတွင် ထပ်မံပြုလုပ်ကြေငြာသွားမည်ဖြစ်ကြောင်းလည်းသိရသည်။
ဆုမဲများမှာ အထူးဆုများအနေဖြင့် TOTOTA Rush ကားသစ်နှစ်စီးဖြစ်ပြီး အပတ်စဉ်ဆုမဲများအနေဖြင့် နှစ်ကျပ်သား ရွှေပြားဆု ၆ ဆု၊ မြန်မာကျပ်ငွေသိန်း (၂၀) ၆ ဆု၊ တစ်နှစ်တာသက်တမ်းရှိ တစ်ပတ်လျှင် ၂၀ GB အင်တာနက်ဒေတာ အသုံးပြုနိုင်သည့်ဆု ၆ ဆု တို့ကို ချီးမြှင့်သွားမည်လည်းဖြစ်သည်။

Photo Source By Myanmar Tech Press

MPT ၏ ကြိုတင်ငွေဖြည့်စနစ်သုံး GSM/WCDMA သုံးစွဲသူများအနေဖြင့် ကျပ်တစ်ထောင်နှင့်အထက် ဖုန်းဘေလ်ဖြည့်သွင်း တိုင်း အဆိုပါ ထပ်မံပြုလုပ်မည့် ဆုတွေထူးရှယ် ၂၀၂၀ ကံစမ်းမဲအစီအစဉ်သစ်တွင် ပါဝင်ခွင့်ရနိုင်မည်ဖြစ်သည်။ သုံးစွဲသများ အနေဖြင့် ဖုန်းငွေဖြည့်သည့် ပမာဏများလေလေ ကံစမ်းမဲအစီအစဉ်တွင် ကံစမ်းနိုင်ခွင့်အကြိမ်ရေပိုမိုရရှိမည်ဖြစ်သည်။
အထူးဆုဖြစ်သည့် အသစ်စက်စက် TOYOTA Rush ကားနှစ်စီးနှင့် အပတ်စဉ်ဆုများကို ကံစမ်းခွင့်ရရှိရန်အတွက် ဖုန်းငွေ ဖြည့်ပြီးနောက် *224# အားနိုပ်၍ ကံစမ်းနိုင်ခွင့်အကြိမ်အရေအတွက်ကို ကံစမ်းမဲကာလအတွင်း စစ်ဆေးနိုင်မည်ဖြစ်သည်။ အဆိုပါဆုများအပြင် MPT4U Application မှတစ်ဆင့် ပက်ကေ့ချ်များကို ဝယ်ခြင်းဖြင့် သုံးစွဲသူများသည် 20 GB နှင့်အထက် ရှိသည့် ဒေတာဆုအရေအတွက် ၂၀၀၀ နှင့်အခြားဒေတာ GB ပမာဏများစွာကိုလည်း ထိပေါက်တွင် ကံစမ်းနိုင်ခွင့်ရရှိမည် ဖြစ်သည်။

Photo Source By Myanmar Tech Press

“MPT က ဆုတွေထူးရှယ် ၂၀၂၀ ကံစမ်းမဲအစီအစဉ်ကို ထပ်မံပြီး မိတ်ဆက်ပေးနိုင်ခဲ့တဲ့အတွက် တကယ့်ကိုပဲဝမ်းမြောက် မိပါတယ်။ ဒီကနေ့မှာဆိုရင် ပထမအကြိမ်မှာ ဆုတွေထူးရှယ် ၂၀၂၀ ရဲ့ အထူးဆုဖြစ်တဲ့ TOYOTA Rush ကားအသစ် (၂) စီး ကံထူးရှင်တွေလည်း ထွက်ပေါ်လာခဲ့ပါပြီ။ ဆုလက်ဆောင်တွေကလည်း အရင်ကထက် ပိုပြီးများပြားကောင်းမွန်လာတဲ့ အပြင် ကံစမ်းမဲအစီအစဉ်မှာ ပါဝင်ဖို့လည်း ပိုမိုလွယ်ကူ လာပါပြီ။ MPT ကို အသုံးပြုနေကြတဲ့သူတွေအတွက် အားပေးမှုကို ကျေးဇူးတင်တဲ့အနေနဲ့ ဒီလိုကံစမ်းမဲ အစီအစဉ်တွေကို ဆောင်ရွက်ပေးနေတာပဲဖြစ်ပါတယ်။ ဒါကြောင့် ယခု ထပ်မံပြုလုပ် မယ့် “ဆုတွေထူးရှယ် ၂၀၂၀” ကံစမ်းမဲ အထူးအစီအစဉ်မှာလည်း ဆက်လက်ပြီး ပါဝင်ကံထူးနိုင်ကြပါစေ” ဟု MPT-KSGM JO ၏ စီးပွားရေးဌာနကြီးမှ အရာရှိချုပ်ဖြစ်သူ Mr. Reizo Umeda က ပြောကြားခဲ့သည်။

Photo Source By Myanmar Tech Press

ထပ်မံပြုလုပ်သွားမည့် ဆုတွေထူးရှယ် ၂၀၂၀ ကံစမ်းမဲ အထူးအစီအစဉ်၏ အပတ်စဉ်ဆု ကံထူးရှင်များကို ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ (၃၁) ရက်မှစတင်၍ အပတ်စဉ် သောကြာနေ့တိုင်းတွင် MPT က ဖုန်းခေါ်ဆိုကာ အသိပေးသွားမည်ဖြစ်ပြီး MPT ၏ တရားဝင် Facebook စာမျက်နှာမှတစ်ဆင့်လည်း စနေနေ့တိုင်းတွင် ကြေညာပေးသွားမည်ဖြစ်သည်။ အထူးဆု ကံထူးသူများကို ၂၀၂၀ ခုနှစ်၊ မတ်လတွင် ထပ်မံ ကြေညာသွားမည်ဖြစ်ကြောင်းလည်းသိရသည်။
MPT ၏ ဆုတွေထူးရှယ် ၂၀၂၀ ကံစမ်းမဲအစီအစဉ်နှင့် အခြားဝန်ဆောင်မှုများအကြောင်း ပိုမိုသိရှိလိုပါက ဖုန်းနံပါတ် ၁၀၆ သို့ခေါ်ဆို၍ဖြစ်စေ၊ MPT ၏ တရားဝင် Facebook ဖြစ်သော အောက်ပါ Link မှဝင်ရောက်လေ့လာနိုင်ကြောင်းသိရသည်။
https://www.facebook.com/mptofficialpage/